မသန်စွမ်းမိခင်ဖြစ်သူကို ၁၂ နှစ်လုံးလုံး ပြုစုလာခဲ့လို့ အထူးဆုချီးမြှင့်ခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်လေး

11.9.23-yyl-17.jpg

တရုတ်နိုင်ငံက အသက် ၂၂ နှစ်အရွယ် ယန်ကျီရန် ဆိုတဲ့လူငယ်လေးက လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက မသန်စွမ်းမိခင်ကို ပြုစုစောင့်ရှောက်နေခဲ့ရတာပါ။ ယန်က သူ့မိခင်ရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နဲ့ နေ့စဉ်လိုအပ်ချက်တွေဖြစ်တဲ့ အစားအစာကျွေးတာ၊ ဆံပင်အခြောက်ခံပေးတာ၊ သွားတိုက်ပေးတာနဲ့ ရိုးရှင်းတဲ့ကာယကုထုံးလေ့ကျင့်ခန်းတွေပြုလုပ်ပေးရပါတယ်။

မိခင်ဖြစ်သူကို မိတ်ကပ်လည်း လိမ်းပေးသလို ဈေးဝယ်ထွက်ဖို့ အပြင်ကိုလည်း ခေါ်ထုတ်ပေးပါတယ်။ သူ့မိခင်က‌ နေ့စဉ်လှုပ်ရှားလုပ်ဆောင်မှုတွေမှာရုပ်ပိုင်းဆိုင်ရာအားနည်းနေပေမဲ့ သားဖြစ်သူကို ပြုံးပြပါတယ်။ အခုလို မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ယန်ရဲ့ဗီဒီယိုက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပြီး စက်တင်ဘာ ၁၁ ရက်နေ့မှာ ကြည့်ရှုသူ ၁.၃၉ သန်းရှိနေပါပြီ။

ယန်ရဲ့မိခင်က ဦးနှောက်ရှိ လှုပ်ရှားမှုနဲ့ဆိုင်တဲ့ အာရုံကြောဆဲလ်တွေတဖြည်းဖြည်းပျက်စီးလာတဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါတစ်မျိုး (Amyotrophic Lateral Sclerosis) ရှိနေတာဖြစ်တယ်လို့ တရုတ်သတင်းဌာနတစ်ခုအရ သိရပါတယ်။ ယန်ရဲ့အဖေက ဝင်ငွေအတွက် အလုပ်ကြိုးစားနေရတာကြောင့် ယန်က အသက် ၄၃ နှစ်အရွယ်မိခင်ကို ပြုစုစောင့်ရှောက်ပေးနေခဲ့ရတာပါ။ လွန်ခဲ့တဲ့ ၃ နှစ်၊ ယန် ကောလိပ်ဘွဲ့ရပြီးတော့ မိခင်ဖြစ်သူကို အချိန်ပြည့်ပြုစုစောင့်ရှောက်ဖြစ်ခဲ့ပါတယ်။

သူ့အမေကို ပြုစုစောင့်ရှောက်နေတဲ့ ဗီဒီယိုကို ၂၀၂၁ ခုနှစ်ကတည်းက ရိုက်ဖြစ်ခဲ့တာက ALS ရောဂါအကြောင်းကို လူတွေပိုနားလည်ဖို့နဲ့ ကုသနည်းရှာနိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအစောပိုင်းတုန်းက ယန်ဟာ Alibaba Charity ကနေ “Daily Positive Energy Special Award” ချီးမြှင့်ခံခဲ့ရပြီး ငွေသားဆုကြေးငွေ ယွမ် ၅၀၀၀ ရရှိခဲ့ပါတယ်။

Ref: Man, 22, in China taking care of his mom, 43, with severe disability for last 12 years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top