ခြားနားခြင်းနှစ်ခုကြားမှ

2-6-2020-yyl-033.jpg

ဘဝဆိုတာ အဆင်ပြေခြင်း၊ အဆင်မပြေခြင်းဆိုတဲ့ ခြားနားခြင်းနှစ်ခုကြားမှာ အမြဲတည်ရှိနေတာပါ…

သင်အဆင်ပြေတဲ့ ကာလတစ်ခုမှာ အဆင်မပြေခဲ့တဲ့ အချိန်တွေကို အမြဲမှတ်မိနေပါစေ…ဒါမှသာ နောင်တစ်ချိန်မှာ အဆင်မပြေခြင်းတွေကို မကြုံတွေ့စေနိုင်မှာပါ…

သင်အဆင်မပြေမှုတွေ ကြုံတွေ့တဲ့အခါ ဘယ်သူ့အပေါ်ကိုမှ အပြစ်တင်ပြီး အကြောင်းပြချက်တွေ မပေးပါနဲ့…အဆင်မပြေခြင်းကို ရင်ဆိုင်နိုင်တဲ့ သတ္တိမျိုးမွေးပါ…

လောကကြီးမှာ သင်ရယ်နေတဲ့အချိန် သင့်ရယ်သံကိုကြားပြီး လူအများက သင့်လို ကျယ်လောင်စွာ ရယ်မောကြပါလိမ့်မယ်..

သင်ငိုကြွေးနေတဲ့အချိန်မှာ သင့်လို ဘယ်သူကမှ လိုက်ပြီး ငိုကြွေးနေမှာမဟုတ်ပါ…

MayAster@မေအက်စတာ (ရိုးရာလေးပရိသတ်)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top