ကိုယ်အလေးချိန် အလျင်အမြန် ကျစေဖို့ သောက်သုံးပေးသင့်တဲ့ အရာများ

asian-woman-weight-loss-and-diet-concept-PMBR9H6.jpg

ကျွန်တော်တို့အားလုံးဟာ ကိုယ်အလေးချိန်ကျဖို့အတွက် လေ့ကျင့်ခန်းတွေကို အနည်းနဲ့ အများတော့ လုပ်ကြရပါတယ်။ လေ့ကျင့်ခန်း လုပ်နိုင်ဖို့အတွက် လုံလောက်တဲ့ စွမ်းအင် လိုအပ်ပါတယ်။ ဒီစွမ်းအင်ကို အစားအစာကနေ ရရှိတာပါ။

တချို့သူတွေဟာ ကိုယ်အလေးချိန် လျော့ချနေစဉ်အတွင်းမှာ အစားအစာကို သင့်တင့်မျှတစွာ မစားသောက်တဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကြာရှည်မခံနိုင်ပဲ မောပန်းနွမ်းနယ်လာကြပါတယ်။ ဒါကြောင့်မို့လို့ ခန္ဓာကိုယ်အတွင်း အားအင်တွေ မကုန်ခမ်းပဲ သင့်ကို ကိုယ်အလေးချိန် အလျင်အမြန် ကျသွားစေဖို့ အထောက်အကူပေးမယ့် သောက်စရာတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။

အဆီဓာတ်မပါဝင်တဲ့ နွားနို့

နွားနို့မှာ ကယ်ဆီယမ်ဓာတ် (calcium) ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန် လျော့ချနေစဉ်အတွင်း နေ့စဉ် ပုံမှန်သောက်သုံးပေးဖို့ သင့်တော်ပါတယ်။ ကယ်ဆီယမ်ဓာတ်ဟာ သင့်ရဲ့ ခန္ဓာကိုယ်အတွင်း အဆီဓာတ်တွေ လျင်မြန်စွာ ဖြစ်ပေါ်စေနိုင်တဲ့ ကယ်ဆီထရီရို (calcitriol) ဟော်မုန်းကို နိမ့်ကျစေပါတယ်။ နောက်ထပ် ကယ်ဆီယမ်ဓာတ်ဟာ အစားစားချင်စိတ်ကိုလည်း လျော့ချပေးနိုင်တဲ့အတွက် အစာ နည်းနည်းစားပြီး ကိုယ်အလေးချိန် မြန်မြန်ကျဆင်းအောင် ပြုလုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။

လက်ဖက်ရည်ကြမ်း

တစ်နေ့မှာ လက်ဖက်ရည်ကြမ်း ၃ ခွက်ကနေ ၅ ခွက်အထိ သောက်သုံးပေးရုံနဲ့ သင့်ရဲ့ ခန္ဓာကိုယ်အတွင်းက အဆီဓာတ်တွေကို ၃၅% ကနေ ၄၅% အထိ လောင်ကျွမ်းပေးနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းမှာ ခန္ဓာကိုယ်အတွင်း အဆီဓာတ် လောင်ကျွမ်းမှုကို မြင့်မားပေးနိုင်တဲ့ ကဖိန်းဓာတ် (caffine) ပါဝင်လို့ပဲ ဖြစ်ပါတယ်။ လက်ဖက်ရည်ကြမ်းဟာ ဆီးရွှင်ဆေး တစ်မျိုးလည်းဖြစ်လို့ သင် ဆီးတစ်ခါသွားပြီးတဲ့အခါတိုင်း မလိုအပ်တော့တဲ့ အဆီဓာတ်တွေကို စွန့်ထုတ်ပေးပါတယ်။

အသီးအရွက်ဖျော်ရည်

PENN မြို့ရဲ့ တက္ကသိုလ်တစ်ခုကနေပြီး သုတေသန ပြုချက်မှာတော့ ထမင်းမစားခင် အသီးအရွက်ဖျော်ရည် တစ်ခွက် သောက်သုံးပေးခြင်းဟာ သင်ထမင်းစားတဲ့အခါ အနည်းဆုံး ကယ်လိုရီ ၁၃၅ ပမာဏလောက် မစားသုံးမိတော့အောင် ဟန့်တားပေးနိုင်ပါတယ်။ အကယ်၍ သင့်အနေနဲ့ အသီးအရွက်ဖျော်ရည်လုပ်ဖို့ အချိန်မရှိဘူးဆိုရင်တော့ ထမင်းမစားခင်မှာ ရေများများ သောက်သုံးပေးခြင်းဖြင့်လည်း ထမင်းစားတဲ့အခါ ဗိုက်ပြည့်နေစေတဲ့အတွက် အများကြီး မစားမိတော့ပဲ သင့်ကို ကိုယ်အလေးချိန် မြန်မြန်ကျစေပါတယ်။

ကော်ဖီ

ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ သင့်ရဲ့ အစားစားချင်စိတ်ကို လျော့ကျစေပြီး ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်ကိုပါ တိုးမြင့်ပေးပါတယ်။ ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်တွင်း အဆီတွေကို လောင်ကျွမ်းစေနိုင်လို့ အားကစားလုပ်တဲ့အခါမှာ သင့်ကို အမောခံနိုင်စေပြီး ကိုယ်အလေးချိန် မြန်မြန်ကျအောင် ပံ့ပိုးပေးနိုင်ပါတယ်။ သတိပြုစရာ အချက်အနေနဲ့ကတော့ ကော်ဖီကို တစ်နေ့ တစ်ခွက်ကနေ နှစ်ခွက်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။

ဒိန်ချဉ်

ဒိန်ချဉ်ဟာလည်း နွားနို့လိုပဲ ကယ်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်လို့ သင့်ရဲ့ အစားစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ သုတေသန ပြုချက်အရ ကိုယ်အလေးချိန် လျော့နေချိန်အတွင်း ဒိန်ချဉ်ကို ပုံမှန် စားသုံးပေးမယ်ဆိုရင် အဆီဓာတ် ၆၁% နဲ့ ဝမ်းဗိုက်အဆီ ၈၁% အထိ လောင်ကျွမ်းပေးနိုင်ပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ကယ်ဆီယမ်ဓာတ်ဟာ သင့်ရဲ့ခန္ဓာကိုယ်က လောင်ကျွမ်းပေးနိုင်တဲ့ အဆီပမာဏထက်ကိုပိုပြီး လောင်ကျွမ်းပေးနိုင်ပါတယ်။ အလျင်အမြန် ကိုယ်အလေးချိန် ကျချင်သူတွေအနေနဲ့ ပန်းသီး၊ စပျစ်သီးနဲ့ သရက်သီး စတဲ့အသီးတွေကို ဒိန်ချဉ်နဲ့ရောပြီး စားသုံးပေးနိုင်ပါတယ်။

Ref : Pinterest “Weight loss Drinks”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top