ကမ္ဘာ့အကြီးဆုံး စလင်ဒါပုံငါးကန် ကွဲထွက်သွားလို့ ဟိုတယ်နဲ့ အနီးတစ်ဝိုက်လမ်းတွေ ရေလျှံခဲ့

19-12-2022-yyl01.jpg

ဂျာမနီနိုင်ငံ ဘာလင်မြို့ ရာဒစ်ဆန်ဘလူးဟိုတယ် ခန်းမဆောင်က ဧရာမငါးကန်ကြီး ကွဲထွက်သွားလို့ ဟိုတယ်တစ်ခုလုံးရော၊ အနီးတစ်ဝိုက် လမ်းတွေပါ ရေဖုံးလွှမ်းခဲ့ပါတယ်။

ငါးအကောင်ရေ ၁၅၀၀ ရှိပြီး အမြင့် ၅၂ ပေ မြင့်တဲ့ AquaDom ငါးကန်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ထောင်မတ်ထားတဲ့ စလင်ဒါပုံငါးကန်လို့ ဆိုကြပါတယ်။ ရေလီတာ ၁ သန်းဝင်ဆံ့တဲ့ AquaDom ငါးကန်ကို ပေါင် ၁၁.၂ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စလင်ဒါပုံငါးကန်အဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၆ ရက် နံနက် ၅ နာရီ ၅၀ မိနစ်အချိန်မှာ ငါးကန် ကွဲထွက်သွားတာဖြစ်ပြီး မှန်ချပ်တွေနဲ့ ထိခိုက်မိလို့ လူနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ငါးအကောင်ရေ အများစု သေဆုံးခဲ့ပြီး ရာသီဥတုအေးခဲနေတာကြောင့် ကယ်ဆယ်နိုင်ဖို့ အခက်တွေ့ခဲ့ရပါတယ်။

ငါးကန်ကွဲထွက်သွားတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ဒါပေမဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရတာမျိုး မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ညဉ့်သန်းခေါင်ယံအချိန်မှာ – ၆ ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်းခဲ့တဲ့ အပူချိန်ကြောင့် ငါးကန် ကွဲအက်ခဲ့တာဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။

Ref: Berlin’s giant AquaDom hotel aquarium containing 1,500 fish explodes

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top