တစ်လဝင်ငွေ ဒေါ်လာ ၄၀၀၀ ကျော် ရရှိနေတဲ့ AI မော်ဒယ်

10.11.23-yyl-4.jpg

အိုက်တာနာလိုပက်ဇ်ဆိုတဲ့ AI မော်ဒယ်ဟာ လွန်ခဲ့တဲ့ ၄ လကမှ အင်စတာဂရမ်ပေါ် ရောက်လာတာဖြစ်ပေမဲ့ အခုဆိုရင် တစ်လဝင်ငွေ ဒေါ်လာ ၄၀၀၀ ကျော် ရရှိနေပါပြီ။ အိုက်တာနာက မှတ်ဉာဏ်တုနည်းပညာနဲ့ ဖန်တီးထားတဲ့ Fitness Model ဖြစ်ပြီး လက်တွေ့ဘဝမှာ တကယ်မရှိပါဘူး။

ဒါပေမဲ့ အင်စတာဂရမ်ပေါ်မှာ ဓာတ်ပုံတွေတင်ရင်း follower ၁၁၀၀၀၀ ကျော်အထိ ရှာဖွေနိုင်ခဲ့ပါတယ်။ အိုက်တာနာကို ဘာစီလိုနာမြို့အခြေစိုက် The Clueless ဆက်သွယ်ရေးအေဂျင်စီက ဖန်တီးခဲ့တာပါ။ လူသားမော်ဒယ်တွေကို အသုံးပြုရင် ခရီးစရိတ်၊ တည်းခိုစရိတ် အစရှိတဲ့ ကုန်ကျစရိတ်တွေများလို့ AI မော်ဒယ်တွေကိုပဲ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာပါ။

ချောမောလှပတဲ့ အိုက်တာနာရဲ့ ဝတ်စားဆင်ယင်မှု၊ ကိုယ်ဟန်အမူအရာနဲ့ အသွင်အပြင်ဟာ ဒီနေ့ ခေတ်စားနေတဲ့ပုံစံမျိုး ကိုက်ညီစေဖို့တော့ The Clueless ကုမ္ပဏီက အချိန်ပြည့် သတိထား ပြင်ဆင်ရပါတယ်။ ဒါပေမဲ့ လူသားမော်ဒယ်တစ်ယောက်နဲ့ ပိုနီးစပ်စေဖို့အတွက် တစ်ခါတရံမှာလည်း အိုက်တာနာရဲ့ မျက်နှာမှာ အရေးအကြောင်း ထင်နေတဲ့ပုံစံမျိုး ဖန်တီးလေ့ရှိပြီး တစ်ခါတလေ အိပ်ရာထကာစ သွားမတိုက်ရသေးတဲ့ သွင်ပြင်မျိုး ဖော်ပြလေ့ရှိပါတယ်။

အိုက်တာနာကို ဖန်တီးရတဲ့ ကုန်ကျစရိတ်က များပြားပေမဲ့ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာမှာ အသင့်ရှိနိုင်ပြီး ပုံမှန်ဝင်ငွေလည်း ရရှိနေပါပြီ။ The Clueless ကုမ္ပဏီဟာ သူတို့ရဲ့ လုပ်ငန်းအပ်နှံသူတွေအတွက်လည်း AI မော်ဒယ်တွေ ဖန်တီးပေးမယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။

Ref: Meet Aitana, the AI-Created Instagram Fitness Model Making Thousands of Dollars a Month

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top