တိုင်းပြည်စီးပွားရေးကို အဖတ်ဆည်ဖို့ လက်ဘက်ရည်လျှော့သောက်ပါလို့ ပါကစ္စတန်ဝန်ကြီး တောင်းဆို

15-6-2022-yyl05.jpg

တိုင်းပြည်စီးပွားရေးကို အဖတ်ဆည်ဖို့ လက်ဘက်ရည်လျှော့သောက်ကြဖို့ ပါကစ္စတန်ဝန်ကြီး အာဆန်အစ်ဘယ်က ပြောပါတယ်။ လက်ဘက်ရည်လျှော့သောက်ခြင်းအားဖြင့် ပါကစ္စတန်နိုင်ငံအတွက် အကုန်အကျများတဲ့ သွင်းကုန်စရိတ်ကို လျှော့ချနိုင်လိမ့်မယ်လို့ သူက ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လက်ဘက်ခြောက်အများဆုံး တင်သွင်းတဲ့နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး မှာယူတင်သွင်းခဲ့ပါတယ်။လက်ရှိအချိန်မှာ ပါကစ္စတန်ဟာ သွင်းကုန်တွေကို ပေးချေဖို့ နိုင်ငံခြားငွေ ၂ လစာပဲ ကျန်ရှိတော့ပြီး ရန်ပုံငွေအရေးပေါ် လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ပါကစ္စတန်နိုင်ငံမှာ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၁၆ ဘီလျံအထိ ရှိခဲ့ပေမဲ့ ဇွန်လ ပထမပတ်မှာတော့ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတောင် မပြည့်တော့ပါဘူး။

” လက်ဘက်ခြောက်ကို အကြွေးနဲ့တင်သွင်းနေရတာဖြစ်လို့ ပြည်သူတွေအနေနဲ့ လက်ဘက်ရည် တစ်ခွက်၊ နှစ်ခွက် လျှော့သောက်ကြဖို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်” လို့ အာဆန်အစ်ဘယ်က ဆိုပါတယ်။ ဈေးဆိုင်တွေအနေနဲ့လည်း လျှပ်စစ်ဓာတ်အား ချွေတာဖို့အတွက် ည ၈ နာရီခွဲဆိုရင် ဆိုင်ပိတ်သင့်တယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

Ref:BBC ” People in Pakistan urged to drink fewer cups of tea”

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top