မနက်ခင်း ရေချိုးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်လား

332770112-H.jpg

တော်တော်များများက မနက်ခင်းရေချိုးရတာကို မကြိုက်ကြပါဘူး။ မနက်ခင်းမှာ ရေကအရမ်းအေးတာကြောင့်လည်း မချိုးကြတာပါ။ မနက်ခင်းရေစောစောချိုးတာက ရေအေးအေး လေအေးအေးနဲ့ထိတွေ့မယ်ဆိုရင် ဖျားတာနာတာနဲ့ အဆစ်ရောင်တာတွေလိုမျိုး ရောဂါတွေဖြစ်လာမယ်လို့ အများစုက လက်ခံထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေက ရာနှုန်းပြည့်မမှန်ပါဘူး။ မနက်ခင်းမှာ ရေချိုးတာက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေရှိနေပါတယ်။ မနက်စောစောရေချိုးတာကို ဘာလို့ကောင်းတယ်လို့ပြောရလဲဆိုတာကို နည်းနည်းလောက်ပြောပြပေးမယ်နော်။

မနက်စောစောရေချိုးပေးရင်

ရေချိုးတာက တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးပါတဲ့အရာတစ်ခုပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံးရေတစ်ကြိမ်လောက်တော့ချိုးသင့်ပါတယ်။ အချို့က ရေကိုမနက်ခင်းချိုးရတာနှစ်သက်ပြီး အချို့ကတော့ ရေကိုညပိုင်းချိုးရတာနှစ်သက်ကြပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမစတင်ခင်မှာရေချိုးပေးတာက တစ်နေကုန်သန့်ရှင်းလန်းဆန်းမှုကိုရရှိစေမှာဖြစ်ပါတယ်။ မနက်စောစောရေချိုးတာက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။

စိတ်ကိုလန်းဆန်းစေနိုင်တယ်

မနက်ခင်းမှာ ရေချိုးရင် အအေးမိတာ၊တုပ်ကွေးဖြစ်တာတွေဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆက အပြည့်အဝမမှန်ပါဘူး။ မနက်ခင်းမှာ ရေအေးအေးလေးချိုးလိုက်တာက စိတ်ရောလူပါလန်းဆန်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကို သက်တောင့်သက်သာဖြစ်စေ ပါတယ်။

အသားအရေကြည်လင်စေနိုင်တယ်

မနက်စောစောရေချိုးတာကနေ ရရှိနိုင်မယ့် နောက်ထပ်အကျိုးကျေးဇူးတစ်ခုက အသားအရေကြည်လင်စေတာပါ။ ကျွမ်းကျင်သူအချို့ကတော့ မနက်ခင်းရေချိုးတဲ့အခါ ခန္ဓာကိုယ်အနံှ့ကို ရေထိလိုက်တယ်ဆိုရင်ပဲ အသားအရေက လန်းဆန်းသွားမှာဖြစ်ပါတယ်။ အချိန်ကြာလာနဲ့အမျှ အသားအရေ နူးညံ့ချောမွေ့ လာတာကိုပါခံစားရမှာဖြစ်ပါတယ်။

ကိုယ်ခံအားကို ကောင်းစေနိုင်တယ်

မနက်ခင်းစောစောမှာ ရေချိုးပေးတာက ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်အောင် အထောက်အကူပေးပါတယ်။ လေ့လာမှုအချို့အရ မနက်ခင်းမှာ ရေအေးအေးလေးနဲ့ချိုးပေးတာက သွေးဖြူဥဆဲလ်တွေကို တိုးပွားစေပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်တယ်လို့သိရပါတယ်။ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

မျိုးအောင်နိုင်စွမ်းကိုတိုးစေနိုင်တယ်

ကလေးလိုချင်တဲ့ ဇနီးမောင်နှံတွေအနေနဲ့ ကလေးလိုချင်တယ်ဆိုရင်တော့ မနက်ခင်းစောစောရေချိုးပေးသင့်ပါတယ်။ မနက်စောစော ရေချိုးတာက မျိုးအောင်နိုင်စွမ်းတိုးအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ မနက်ခင်းမှာရေချိုးပေးတာက အမျိုးသားရော အမျိုးသမီးမှာပါ မျိုးအောင်နိုင်စွမ်းတိုးစေနိုင်တာပါ။

ကိုယ်တွင်းသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်တယ်

မနက်ခင်းရေချိုးပေးတာက ခန္ဓာကိုယ်တွင်းကသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။ ညဘက်အိပ်မပျော်တာကြောင့် ခန္ဓာကိုယ်က ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေမယ်ဆိုရင် အိပ်ရာနိုးလာတဲ့အခါ ခန္ဓာကိုယ်သွေးလည်ပတ်မှုက သိပ်မကောင်းဘဲဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မနက်ခင်းစောစောမှာ ရေချိုးလိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်သွားမှာဖြစ်ပါတယ်။ သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာဖြစ်ပါတယ်။

ခန္ဓာကိုယ် တစ်ရှုးတွေကိုကျန်းမာစေနိုင်တယ်

မနက်ပိုင်းမှာရေချိုးတာက ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ တစ်ရှုးတွေကို ကျန်းမာစေနိုင်ပါတယ်။ မနက်ခင်းတိုင်း နေ့စဉ်ရေချိုးပေးမယ်ဆိုရင် အသားအရေကိုကောင်းမွန်စေပြီး ခြောက်သွေ့မှုကင်းစင်စေမှာလည်းဖြစ်ပါတယ်။ မနက်ခင်းမှာရေအေးနဲ့ ရေချိုးပေးတာက မျက်ကွင်းညိုတာနဲ့ မျက်နှာအသားအရမညီညာတာတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မနက်ခင်းမှာရေချိုးတာက ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်ပြီး ကွဲအက်တာတွေကနေ ကင်းဝေးစေမှာသေချာပါတယ်။

Ref: Helloဆရာဝန်
ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top