ဦးနှောက်ကင်ဆာရောဂါ ခံစားနေရသူ ပရိသတ်ကို သွားရောက် အားပေးခဲ့တဲ့ တေလာဆွစ်ဖ်

taylor-swift-meghan-mccain.jpg

အသက် ၂၁ နှစ်အရွယ် လက်စီကာ ဗီစတန် (Lexi Caviston) တစ်ယောက် သူ့အိပ်မက် အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။

လက်စီရဲ့ အခင်ဆုံးသူငယ်ချင်း အဲလက်ဇန်းဒရား (Alexandra) ဟာ ဆိုရှယ်မီဒီယာမှာ လက်စီ ကျန်းမာ ကြံ့ခိုင်လာအောင် အားပေး ရေးသားခဲ့ပါတယ်။ “ကျွန်မသူငယ်ချင်း လက်စီဟာ ဦးနှောက်ကင်ဆာရောဂါ တစ်မျိုးဖြစ်တဲ့ glioblastoma (ဂလီယိုဘလက်စ်တိုမာ) ကို ဒီဇင်ဘာလကစပြီး ခံစားနေရသူပါ။ ဇူလိုင် ၁၄ ရက်နေ့ကျရင် ဖီလာဒဲလ်ဖီးယား (Philadelphia) မှာ ကျင်းပမဲ့ Reputation Tour ကို သွားမှာ ဖြစ်ပြီးတော့ တေလာဆွဖ်ကို တွေ့ရဖို့က သူ့ရဲ့အိပ်မက်ပါပဲ…”

မက်ကိန်း (Meghan McCain) ဟာ ကာဗီစတန်ကို ကူညီဖို့ တေလာဆွစ်ဖ်ကို အလျင်အမြန် ဆက်သွယ်ခဲ့ပါတယ်။ မက်ကိန်းရဲ့အဖေ ဂျွန်မက်ကိန်းဟာလည်း ၂၀၁၇ ခုနှစ် ဇူလိုင်လကစပြီး ဂလီယိုဘလက်စ်တိုမာဆိုတဲ့ ရောဂါကို ခံစားနေရပါတယ်။ ‘တေလာရေ၊ ငါတို့ မတွေ့ရတာကြာပြီ၊ ဒါပေမဲ့ ဖီလီမှာလုပ်မယ့် ရှိုးပွဲမှာတော့ လက်စီကို တွေ့နိုင်မယ်မလား။ လက်စီမှာလည်း ငါ့အဖေလိုမျိုး ဂလီအိုဘလာစတိုမာ ကင်ဆာရောဂါ ခံစားနေရတယ်…’ လို့ ပြောခဲ့ပါတယ်။

‘လက်စီ့အတွက် သူ့ရဲ့ ကင်ဆာရောဂါကို တစ်ရက်လေးပဲဖြစ်ဖြစ် မေ့ပျောက်သွားအောင် လုပ်နိုင်လို့ ကျွန်မ အရမ်းပျော်ပါတယ်’ မီဂန်က တေလာကိုလည်း တကယ်လေးစား အံ့အားသင့်ဖို့ကောင်းတဲ့ အနုပညာရှင် တစ်ယောက်လို့ ချီးမွမ်းခဲ့ပါတယ်။ တေလာက ဒီလိုမျိုး လက်စီကို သွားတွေ့ပြီး အားပေးတဲ့အတွက် ကျွန်မရော ကျွန်မမိသားစုပါ ကြည်နူးမိပါတယ် လို့လည်း ပြောခဲ့ပါတယ်။

Ref: www.People.com “Taylor Swift Meets Fan Fighting Brain Cancer-and Megan McCain Arranged the Dream Meeting”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top