ကိုရီးယားအဆိုတော်မင်းသမီး အိုင်ယူအပေါ် အခြေအမြစ်မရှိတဲ့မှတ်ချက်တွေပေးခဲ့တဲ့သူ ထောင်ဒဏ် (၈) လ ချမှတ်ခံရ

22-6-2022-yyl06.jpg

အဆိုတော်မင်းသမီး အိုင်ယူအပေါ် အခြေအမြစ်မရှိတဲ့၊ ဆိုးရွားတဲ့မှတ်ချက်တွေပေးခဲ့တဲ့လူမှုကွန်ယက်အသုံးပြုတစ်ယောက်ဟာ ထောင်ဒဏ် (၈) လနဲ့ စောင့်ကြည့်ကာလ (၂) နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဇွန်လ ၂၁ ရက်နေ့က အိုင်ယူရဲ့အေဂျင်စီ EDAM Entertainment က အသရေဖျက်တဲ့စာတွေရေးခဲ့တဲ့ လူမှုကွန်ယက်အသုံးပြုသူ A ရဲ့တရားရုံးစီရင်ချက်ရလဒ်ကို လူသိရှင်ကြားထုတ်ပြန်ခဲ့ပါတယ်။ (ကျူးလွန်သူက ဘယ်သူဆိုတာကိုတော့ ထုတ်မပြထားပါဘူး။ A လို့ပဲ သုံးနှုန်းထားပါတယ်)

၂၀၁၉ခုနှစ်ကတည်းက အဲဒီလူဟာ အိုင်ယူရဲ့ပို့စ်တွေမှာ ဆိုးရွားတဲ့မှတ်ချက်များစွာကို ရေးသားခဲ့တာပါ။ “ကျူးလွန်တဲ့သူကို ဖမ်းဖို့အတွက် စုံစမ်းစစ်ဆေးရေးအေဂျင်စီနဲ့အတူ အချိန်အတော်ကြာ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ကျူးလွန်တဲ့သူရဲ့အထောက်အထားတွေကို ဖော်ထုတ်ပြီး ပြစ်မှုအားလုံးကို ရှင်းပြခဲ့ပါတယ်”လို့ အိုင်ယူရဲ့အေဂျင်စီက ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဆိုးရွားတဲ့မှတ်ချက်တွေရေးတဲ့သူ A ကို အထီမဲ့မြင်ပြုမှုနဲ့ အွန်လိုင်းအသရေဖျက်မှုစတဲ့ စွဲချက်နှစ်ခုလုံးနဲ့ တရားစွဲဆိုခဲ့တာပါ။ A ရဲ့ပြစ်မှုက အရမ်းပြင်းထန်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး သူ့ကို ထောင်ဒဏ် ၈ လနဲ့ စောင့်ကြည့်ကာလ ၂ နှစ် ချမှတ်ခဲ့ပါတယ်။ လူမှုဝန်ဆောင်မှု နာရီပေါင်း ၁၈၀ လုပ်ဆောင်တာ နဲ့လိင်အကြမ်းဖက်မှုဆိုင်ရာ ဟောပြောပွဲ နာရီ (၄၀) တက်ရောက်တာတွေကိုလည်း လုပ်ဆောင်ဖို့ A ကို ချမှတ်ခဲ့ပါသေးတယ်။

နောက်ထပ် အသရေဖျက်တဲ့မှတ်ချက်တွေပေးတဲ့သူကိုလည်း မကြာခင် တရားစွဲဆိုသွားဉီးမှာဖြစ်ပါတယ်။ ” အိုင်ယူနဲ့ပတ်သက်ပြီး မှားယွင်းတဲ့အချက်အလက်တွေနဲ့ အခြေအမြစ်မရှိတဲ့ ပို့စ်တွေကို လူမှုကွန်ယက်ဂရုတွေမှာ အဆက်မပြတ်တင်နေကြတယ်”လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

“လက်ရှိမှာတော့ ကျူးလွန်သူရဲ့အထောက်အထားတွေကို ဖော်ထုတ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ နောက်ထပ်ထိခိုက်နစ်နာမှုတွေကို ရှောင်ရှားဖို့ ကျွန်တော်တို့လုပ်နိုင်တဲ့ အရာအားလုံးကို လုပ်သွားမှာပါ။ အလျှော့ပေးတာတွေ (ဒါမှမဟုတ်) သဘောတူညီချက်လုပ်တာတွေ မရှိပါ”လို့ အိုင်ယူရဲ့အေဂျင်စီက ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

Ref: Kstartrend “IU’s Malicious Commenter Fined For All Crimes, EDAM Entertainment Vows To Continue Cracking Down On Haters”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top