အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၄-၇-၂၀၁၉ မှ ၂၀-၇-၂၀၁၉ ရက်နေ့အထိ)

Bay-Din-14to20-july.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၄-၇-၂၀၁၉ မှ ၂၀-၇-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့အတွက် သတ္တုလုပ်ငန်း၊ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ လုပ်ငန်းကောင်းမည်။ ငွေကြေးကိစ္စများဖြစ်ပေါ်နေပြီး အခက်ကြုံရတတ်သည်။ အစုစပ်ရှယ်ယာကြောင့် ကိစ္စများနိုင်သည်။ လူယုံသတိထားပါ။ ကျန်းမာရေးအနေနှင့် ခါးနာခြင်း၊ အစာအိမ်လေနာခြင်းများဖြစ်တတ်သည်။ အရိုးရောဂါကြောင့် ဆေးရုံတက်နေရပါက သတိထားပါ။ အချစ်ရေးကတော့ ကိုယ့်စိတ်ကြိုက် ချစ်သူမရနိုင်ပါ၊ ရတဲ့သူကလည်း စိတ်အလိုမကျစရာများပါလိမ့်မည်။ အိမ်ထောင်ရေးတွင် သားသမီးကို အကြောင်းပြု၍ ငွေကုန်များမည့်ကာလဖြစ်သည်။ ယခုတစ်ပတ်အတွင်း စက်ပစ္စည်းအသစ်တစ်ခုဝင်ပါလိမ့်မည်။ ပညာရေး သမားများအနေနှင့် သင်တန်းများ တက်နေရသော်လည်း မိမိလုပ်ငန်းနှင့် အံမဝင်ဖြစ်နေမည်။ အစိုးရရုံးဝန်ထမ်းများ အလုပ်များမည့်အချိန်ဖြစ်ပြီး ထက်အောက်ဆက်ဆံရေး သတိထားရပါလိမ့်မည်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၄၊ ၉။ ယတြာ – ရဟန်းတစ်ပါးကို ငွေ (၆၀၀) လှူဒါန်းပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ ဖရိုဖရဲမဖြစ်ရန် အထူးသတိထား လုပ်ကိုင်ပါ၊ အထူးသဖြင့် လူအများဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများတွင် ဝန်ထမ်းပြဿနာကြောင့် ဖြေရှင်းခြင်း၊ အနားယူရခြင်းများ ဖြစ်နေတတ်သည်။ ကုန်ထုတ်လုပ်ငန်းများ၊ ဘက်ထရီ၊ ခဲသတ္တုနှင့်ဆိုင်သောလုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းနှင့် ဝါယာကြိုးလုပ်ငန်းများ၊ တယ်လီဖုန်းလုပ်ငန်းများ အထူးကောင်းပါသည်။ ရေလုပ်ငန်း ညံ့သည်။ ကျန်းမာရေးအနေနှင့် လေးဘက်နာ၊ သွေးချို၊ သွေးကင်ဆာ စသည့် သွေးနှင့်ဆိုင်သောရောဂါများ အမျိုးသမီး မီးယပ်နှင့်ဆိုင်သော ရောဂါတို့ကို အထူးသတိထားသင့်သည့်အချိန်ဖြစ်သည်။ အချစ်ရေးအနေနှင့် လူငယ်ချစ်သူချင်းအဆင်ပြေသော်လည်း (၄၀) ကျော်ချစ်သူတို့ စိတ်သောကရောက်နေရတတ်သည်။ အိမ်ထောင်ရေးသမားများ ကံကောင်းနေပြီး ထီထိုးပါ။ ပညာရေးအနေနှင့် တက္ကသိုလ်ဝင်တန်းကျောင်းသူ/သားများ တွက်စာသတိထားပါ။ နိုင်ငံဝန်ထမ်းများ ကံကောင်းနေပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၂ ၊ ၆ ၊ ၇။ ယတြာ– အိမ်ဘုရားတွင် ကံကော်ပန်းများ လှူပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့ ကားလုပ်ငန်း၊ စက်ပစ္စည်း၊အင်ဂျင် စသည့် စက်နှင့်ဆိုင်သော လုပ်ငန်းများ အကျိုးဖြစ်ထွန်းပါလိမ့်မည်။ ခရီးသွားလုပ်ငန်း စက်ယန္တရားနှင့် ပတ်သက်သောလုပ်ငန်းများ သင်္ဘောလုပ်ငန်းများလည်း အဆင်ပြေနိုင်သည်။ ကျန်းမာရေးအနေနဲ့ ကျောက်ကပ်နှင့်ဆိုင်သော ဆီးရောဂါရတတ်သည်။ ဆီးကျောက်တည်တတ်သည်။ သတိထားဖို့လိုသည်။ အချစ်ရေးတွင် ကံညံ့နေတတ်သည်။ ရန်ပေါ်မည်။ ကြားလူကြောင့် စိတ်ဒုက္ခရောက်ရမည်။ အိမ်ထောင်ရေးအနေနဲ့ကတော့ အဆင်ပြေပါလိမ့်မည်။ ပညာရေးအနေနဲ့ နိုင်ငံခြားဘာသာစကားများ ကောင်းပါသည်။ သင်ယူထားသင့်သော အခြေအနေဖြစ်သည်။ ယခုရက်ပိုင်းတွင် အိမ်၊ ခြံ၊ မြေ စာချုပ်ကိစ္စ ဖြစ်ပေါ်တတ်သဖြင့် သတိထားပြီး လက်မှတ်ထိုးပါ။ အစိုးရဝန်ထမ်းအနေဖြင့် မိမိတာဝန်ယူထားသည့်ကိစ္စတွင် ပြည်သူနဲ့ အငြင်းပွားရတတ်သောကြောင့် အထူးသတိထားဆောင်ရွက်သင့်သည်။

အကျိုးပေးဂဏန်း – ၁ ၊ ၃ ၊ ၇။ ယတြာ – ဘုရားမှာ ဇီးယိုလှူပြီး လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးမှာ အညံ့ဘက်ကို အတော်လေးရောက်နေသည်။ မွေးမြူရေးလုပ်ငန်းလုပ်သည့် ဗုဒ္ဓဟူးသားသမီးများ မိမိမွေးမြူထားတဲ့ တိရိစ္ဆာန်များ၏ကျန်းမာရေးကို အထူးသတိပြုရမယ့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သည်၊ ပွဲစား၊ ရှေ့နေလုပ်ငန်း လုပ်ကိုင်သူများကံကောင်းပါသည်။ ကျန်းမာရေးအနေနဲ့ပြောရရင် ဒူးနာ၊ခါးနာ ဖြစ်တတ်ပြီး အရိုးတွေနာနေတတ်သည်။ ချစ်ရေးချစ်ရာကတော့ အလွန်စိတ်ကောက်တတ်သည့်ချစ်သူကြောင့် ချော့နေရလိမ့်မည်။ အိမ်ထောင်ရေးကတော့ မိမိကိုနားလည်ပေးသူဖြစ်သဖြင့်အဆင်ပြေပါသည်။ ဒီရက်ပိုင်းမှာ လက်ဆောင်ပစ္စည်းတွေရတတ်သည်။ ထီလည်းပေါက်တတ်သဖြင့် ထီထိုးသင့်သည်။ ပညာရေးသမားများ ကံကောင်းနေမည်။ ခရီးယာယီသွားရတတ်သည်။ နိုင်ငံဝန်ထမ်းများလည်း ကံကောင်းပါသည်။

ရာဟု – ရာဟုသားသမီးတို့ကတော့ ကျန်းမာရေး ကောင်းပါလိမ့်မယ်။ အချစ်ရေးတွင် ကံကောင်းပါသည်။ စီးပွားရေးတွင် စားသောက်လုပ်ငန်းကို ဦးစားပေးသင့်ပါသည်။ ဝန်ထမ်းဖြစ်ပါက ရာထူးနေရာ ပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း – ၄ ၊ ၉ ၊ ဝ။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် ရေသန့်ဗူးများ ကုသိုလ်ပြုပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေးသားသမီးတို့အတက် စီးပွားရေးအခြေအနေကောင်းမည်။ ဘဏ်နှင့် ဆက်စပ်သည့် လုပ်ငန်းများကောင်းပါမည်။ ချေးငွေရမည်။ လုပ်ငန်းများလည်း တိုးတက်ပါလိမ့်မည်။ ယခင်အချိန်များက မြေနှင့်ပတ်သက်ပြီး လုပ်ကိုင်ထားသောလုပ်ငန်းများမှအကျိုးအမြတ် ပြန်ရမယ့်အချိန်ဖြစ်သည်။ သစ်လုပ်ငန်းလုပ်ကိုင်သူများ ခဏ နားနေသင့်တဲ့အချိန်ဖြစ်သည်။ ကျန်းမာရေးအနေနဲ့ အကြောတက်၊ သွေးချို ၊ အရိုးရောင်တဲ့ရောဂါ ဖြစ်တတ်သည်။ သေချာကုသပါ။ အချစ်ရေးကတော့ ကောင်းနေပါလိမ့်မည်။ လက်ထပ်ရန် ရက်ရွေးခြင်း၊ မိဘကို ဖွင့်ပြောခြင်းများလုပ်သင့်သည်။ အိမ်ထောင်သည်များ ဘာသာရေးနှင့်ဆိုင်တဲ့လုပ်ငန်းများတွင် ကူညီကုသိုလ်ယူရပါလိမ့်မည်။ ပညာရေးသမားများ အပျော်ထက် စာကို ကြိုးစားပါ။ ဝန်ထမ်းများ အောက်လက်ကြောင့် စိတ်သောကရောက်ရတတ်သည်။

အကျိုးပေးဂဏန်း – ၁ ၊ ၅ ၊ ၉။ ယတြာ – တတ်နိုင်သလောက် ငှက်လွှတ်ပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် အလုပ်သစ်၊ စီးပွားသစ် လုပ်ကိုင်သင့်တဲ့အချိန်ပါ။ ဒီအချိန်မှာ ကျောက်မျက်ရတနာတူးဖော်မည်ဆိုလျှင် စတိသဘောဖြစ်စေ တွင်းအတူးပြထားပါက ကျောက်ကောင်းရနိုင်သည့်အချိန်ဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းဆိုင်၊ တယ်လီဖုန်း၊ ကွန်ပျူတာ စတဲ့ဆိုင်တွေလည်း ရောင်းကောင်းပါလိမ့်မယ်။ ဒီလိုအချိန်မှာ ပြိုင်ဘက်တွေလည်း ပေါ်လာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခြေထောက်ကို သတိထားပါ၊ မတော်တဆ ထိခိုက်မိတတ်သည်။ အချစ်ရေးတွင် ကံကောင်းသလိုလိုနနှင့် နောက်ဆုံး အဆင်မပြေညှိနှိုင်းမရ ဖြစ်နေတတ်ပါသည်။ အိမ်ထောင်ရေးမှာလည်း ကိစ္စတစ်ခုအတွင် သေချာညှိနှိုင်းဆောင်ရွက်သင့်ပါသည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းတွေအနေနဲ့ အလုပ်အလွန်းများပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၆ ၊ ၇ ၊ ဝ။ ယတြာ – သောကြာနေ့တွင် ဘုရားသောက်တော်ရေ (၆) ခွက်လှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ အနည်းငယ်အေးစက်လာပြီဖြစ်သည်။ အစုအစပ် လုပ်ငန်းများယ်များမှ ရုံးခွဲ၊ လုပ်ငန်းခွဲရှိသူများအနေဖြင့် အဆိုပါလုပ်ငန်းများတွင် ကိစ္စပေါ်နေတတ်သည်။ ဆုံးရှုံးရတတ်သည်။ အထူးသဖြင့် တောင်သူထွက်သီးနှံများ သတိထားရောင်းဝယ်သင့်တဲ့အချိန်ဖြစ်တယ်။ ဆောက်လုပ်ရေးလုပ်ငန်းကောင်းပါသည်။ ကျန်းမာရေးအနေနဲ့ ရာသီပေါ်ရောဂါများ ဖြစ်တတ်ပါတယ်၊ အအေးမိတာတွေ ဖြစ်မည်။ အချစ်ရေးကတော့ ပူပူလောင်လောင်ဖြစ်နေမည်။ အိမ်ထောင်ရေးတွင် နယ်ဝေးခွဲနေရတဲ့သူများ ပြန်အတူပေါင်းဆုံရမည်။ ပညာရေးသမားများ စိတ်မလေရန်သတိပြုပါ။ အစိုးရဝန်ထမ်းများ ခရီးသွားရတတ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၇ ၊ဝ။ ယတြာ – ဘုရားကျောင်းကန်တစ်ခုခုတွင် တံမြက်စည်းလှည်းပေးပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top