(၁၈) လ အထူးဟောစာတမ်းနှင့် ရိုးသားသောဗေဒင်-လက္ခဏာပညာ

sayarkinkathu.jpg

ကျွန်ုပ်၏ ဆရာကြီးဖြစ်သူ ပါမောက္ခဒေါတာရွှေမင်းက မကြခဏ ဆုံးမစကားပြောရာတွင် “ဗေဒင်ဆရာဆိုတာ ရိုးသားရတယ်၊ ချစ်ခြင်း၊မုန်းခြင်းကင်းရတယ်၊ ကိုယ်တတ်တဲ့ပညာကုန်သုံးပြီး အမှန်အတိုင်းဟောပြောရတယ်” လို့ ဆုံးမလေ့ရှိပါတယ်။ ဆရာကြီးရဲ့ သွန်သင်လေ့ကျင့်ပေးခြင်းကြောင့် ယနေ့ လက္ခဏာ ဗေဒင်ဟောပြောရာတွင် ကျွန်ုပ် ရိုးသားစွာ ဗေဒင်ဟောပြော တတ် လာပါတယ်။ အလွန်ချမ်းသာသူ၊ရာထူးကြီးမားသူဖြစ်လို့ မြှောက်ဟောတာမျိုးလုံးဝမရှိသလို ဘယ်လောက်နိမ့်ကျပါစေ၊ဘယ်လောက်ဆင်းရဲပါစေ လျှော့ပေါ့ဟောပြောခြင်း လည်း မရှိပါ ဘူး။ကျွန်ုပ်အနေနှင့် လက္ခဏာ-ဗေဒင် ဟောပြောခြင်းကို အသက်မွေးဝမ်းကြောင်း( Professional) လုပ်ကိုင်သူဖြစ်ရာ၊ ပညာရပ်ဆိုင်ရာကိစ္စရပ်တို့ကိုလည်း (Professional) အဆင့်မှီဖို့ အတွက် အသေးစိတ်လေ့လာပြီး ဆရာကြီးများထံတွင် ယနေ့အချိန်အထိ သင်ယူနေခဲ့ပါတယ်။

သူတပါးက ရိုးသားပင်ပန်းစွာ ရှာဖွေထားတဲ့ ငွေကြေးကို မိမိအနေဖြင့် အလွဲသုံးစားပြုပြီး ထိုက်တန်တဲ့ လုံးလစိုက်ထုတ်ခြင်းမရှိဘဲ ဖြစ်သလို လုပ်ပေးလေ့မရှိပါဘူး။ ဘယ်သူမှမသိဘူး ဆိုပေမယ့် မိမိကိုယ်မိမိသိပါတယ်၊ လိပ်ပြာမလုံပါဘူး။နောင်သံသရာမှာ ပြန်ခံရမယ့်ကိစ္စဖြစ်လို့ ကျွန်ုပ်မရိုးမသားလုပ်ရမှာ ကြောက်ပါတယ်။ ဒါကြောင့် ကျွန်ုပ်ထံသို့ ဟောစာတမ်းအပ်တဲ့ သူတွေကို အချိန် (၇) ရက်မှ (၁၅) ရက်အထိ ယူပါတယ်။ ကျွန်ုပ်တတ်သိသော ပညာအကုန် ၊ညဏ်အကုန် ထွက်ချက်ပေးပါတယ်။ မသေးချာရင် ကျမ်းတွေပြန်ကြည့်ရတယ်၊ ဆရာကြီးများ ထံသို့ မေးမြန်းပြီးမှ စီစစ်ရေးသားရပါတယ်။ ဗေဒင်-လက္ခဏာပညာဆိုတာ လူတစ်ယောက်ရဲ့ အနာဂါတ်ကို ကြိုတင်ဟောပြောရတာဖြစ်လို့ (၁၀၀%) တိတိကျကျမှန်မယ်လို့တော့ အာမမခံ နိုင်ပါဘူး။ ဒါပေမယ့် ဖြစ်မယ့် အဖြစ်မပျက်တွေအတွက် အနီးစပ်ဆုံး (၇၀%) မှန်အောင် အတတ်နိုင်ဆုံး တတ်သည့်ပညာကုန်သုံးပြီး ချစ်ခြင်း၊မုန်းခြင်း ကင်းစွာဖြင့် လက္ခဏာ၊ဇာတာပေါ်မှာ ပေါ်လာတဲ့ အကြောင်းအရာတိုင်းကို ကျမ်းမလွတ်စေဘဲ ရိုးသားစွာ ဟောပြောတာဖြစ်တယ်။

ကျွန်ုပ်ထံ ဟောစာတမ်းမေးခဲ့တဲ့ မိတ်ဆွေတွေအနေနဲ့ (၁၈) လပြည့်တဲ့အခါ ပြန်ပြီးမေးကြပြန်ပါတယ်။ ဒီလိုပြန်ပြီး နောက်တစ်ကြိမ်မေးမြန်းတယ်ဆိုတာက ကျွန်ုပ်ဟောပြောခဲ့တဲ့ အချက် တွေဟာ (၁၈) လအတွင်း အတော်များများ တိုက်ဆိုင်မှန်ကန်ခဲ့လို့ ကျွန်ုပ်ကို လက်ခံတဲ့အတွက် ပြန်မေးမြန်းကြတာဖြစ်တယ်။ သူတို့လည်း ဒီလိုဘဲ ပြောတာဖြစ်လို့ ကျေးဇူး တင်ပါ တယ်၊ တိုက်ဆိုင်မှန်ကန်တယ်ဆိုတဲ့ အသံကြားရလို့ အလွန်လည်း ဝမ်းသာမိပါတယ်။အချိန့် ရက်ပိုင်း လောက်လွဲတာလေးတွေ အဖြစ်အပျက် အကြီးအသေးကွာခြား တာမျိုး တွေတော့ အနည်း အကျင်းရှိပေမယ့် လက်ခံ ပေးကြပါတယ်။ ဗေဒင်-လက္ခဏာပညာရပ်ဟာ မှန်ကန်တယ်၊ရိုးသားတယ်၊အပြစ်ကင်းပါတယ်၊ ဒီပညာကို အသုံးပြုတဲ့သူက သာ ချစ်ခြင်း၊မုန်းခြင်းကင်းပြီး ရိုးသားစွာအရှိအတိုင်းဟောပြောမယ်ဆိုရင် မှားစရာမရှိပါဘူး။ ပညာဝမ်းစာပြည့်ဖို့အတွက် မိမိကိုယ်တိုင် အချိန်ပြည့် လေ့လာမှတ်သားကြိုးစားနေဖို့တော့ အထူးလိုအပ်ပါတယ်။

ကျွန်ုပ်က (၁၈) လဟောစာတမ်းဆိုလို့ အချို့က ဘာလို့ တစ်နှစ်မဟုတ်ဘဲ တစ်နှစ်ခွဲ ဟောတာလည်း လို့ မေးတာရှိပါတယ်။ လက္ခဏာပညာအရ လူတစ်ယောက်ဟာ သူအခု ပြုလုပ်တဲ့ ကုသိုလ်-အကုသိုလ် ကံတရားတို့ကြောင့် လက္ခဏာပေါ်မှာရှိတဲ့ လမ်းကြောင်းငယ်လေးများနဲ့ ထူးခြားတဲ့ အမှတ်အသားတွေဟာ (၁၈) လအတွင်းမှာ ပေါ်လာတာရှိသလို့ ပျောက်ကွယ် သွားတာလည်း ရှိပါတယ်။ ဒါကြောင့် လက္ခဏာပညာအရ လူတစ်ယောက်အတွက် သူ့အနာဂါတ်ကို (၁၈)လ အတွက်ပြောရတာ ပိုပြီး မှန်ကန်သေချာတိကျပါတယ်။ ဇာတာစစ်ဆေးတဲ့အခါ ဒသာတစ်ခုကို အသေးစိတ်ရတဲ့အခါ (၁၈) လအတွက်ဆိုရင် ပိုအဆင်ပြေလို့ပါဘဲ။ ကောဇာဂြိုဟ်တွေကို စစ်ဆေးတဲ့အခါမှာလည်း ဂြိုဟ်တွေရဲ့ အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမယ့့် ကံတရားကို ထည့်ဟောပေးလိုတာကြောင့် (၁၈) လဆိုရင် အတော်လေးစုံအောင်ဟောပေးနိုင်တာဖြစ်ပါတယ်၊ လူတစ်ယောက်ရဲ့ အပြောင်းအလဲကိုလည်း ပြောပြလို့ကောင်းတဲ့ အချိန် ကာလတစ်ခုဖြစ်လို့ (၁၈) လအတွက်အထူးဟောခြင်းကို ကျွန်ုပ်လုပ်ဆောင်ဟောပြောတာဖြစ်ပါတယ်။

ဟောစာတမ်းရေးသားတဲ့အခါ အဓိကကြည့်တဲ့ အခြေခံရမယ့် အကြောင်းအရာတွေ ရှိပါတယ်။ အကြမ်းအားဖြင့်
၁။ သူတပါး၏ အဆိပ်၊လက်နက်တို့ဖြင့် လုပ်ကြံသောကြောင့် အသက်ဆုံးရခြင်း။
၂။ မတော်တဆ ယဉ်တိုက်ခြင်း၊ရေနစ်ခြင်း၊ အမြင့်မှ ပြုတ်ကျခြင်း နာတာရှည်ရောဂါဖြစ်ခြင်း၊ စသည့် ရောဂါဆိုးများ ကျရောက်ရန်လက္ခဏာတွင်ပါရှိခြင်း။
၃။ရာထူးဆိုင်ရာကိစ္စရပ်များ၊ ချမ်းသားခြင်း၊ ထီပေါက်ကံနှင့် ဘဝအောင်မြင်ခြင်းများ၊ သင်တော်သော လုပ်ငန်းနှင့် စိတ်ချမ်းသားခြင်း။
၄။သူတပါးလုပ်ကြံသဖြင့် စီးပွားကျခြင်း၊ ရာထူးကျခြင်း အပါအဝင် လက္ခဏာရှင်အနေဖြင့် ရာဇဝတ်သား ဘဝဖြင့်အချုပ်၊ထောင်တို့တွင်အကျဉ်းသားဖြစ်နေရခြင်း။
၅။သူတပါးထက် ထူးခြားသော အချက်များ ပါရှိပြီး အလွန်မြင့်မားထူးချွန်မည့်သူဖြစ်ခြင်း။
၆။အိမ်ထောင်ရေး၊မိသားစုအရေး၊သားသမီးများ၏ အခြေအနေ။
၇။ အိုဇာတာ ကောင်းပြီး ဘဝကိုငြိမ်းချမ်းစွာနှင့် ဖြတ်သန်းရမလား ဒါမှမဟုတ် ဘဝကိုဘယ်လိုအဆုံးသတ်မလည်း။
စတဲ့အချက်ကို အသေးစိတ်ကြည့်ရပါတယ်၊ အဲဒီနောက် ဘဝတစ်သက်တာ ဆောင်ရမယ့်အရာတွေ ၊ရှောင်ရမယ့်အရာတွေကိုပါ သေချာတွက်ချက်ပြီး အကြံပြုချက်တွေနဲ့ ဟောစာတမ်းကို ရေးရတာပါ။ ပြန်လည်စစ်ဆေးခြင်းတွေ လုပ်ဆောင်ပြီးမှ လက္ခဏာရှင်၊ ဇာတာရှင်လက်ကို ထည့်ရပါတယ်။ ဒီနေရာမှာ မိမိကိုယုံကြည့်လို့ မေးမြန်းသူရဲ့ လျှို့ဝှက်ချက်ကို ဗေဒင်ဆရာဟာ အသက်နဲ့ထပ်တူ လျှို့ဝှက်ပေးထားရပါတယ်၊သစ္စာရှိရပါတယ်၊ ဒါကတော့ အသက်ပါဘဲ။ ကျွန်ုပ်အနေနဲ့ ဆရာကြီးများရဲ့ သြဝါဒအတိုင်း၊ ကျမ်းများအတိုင်း အမှန်ဆုံးဟောချက်တွေအတွက် ကျွန်ုပ်အနေနှင့် ချစ်ခြင်း၊မုန်းခြင်း ကင်းစွာဖြင့် လက္ခဏာနှင့် ဇာတာတို့တွင် ပါရှိသည့်အတိုင်း ကိုယ်တွေ့ သုတေသနများဖြင့် ချိန်ထိုးပြီး ဟောစာတမ်းကို ရေးသားပါကြောင်း တင်ပြလိုက်ရပါတယ်။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top