ပါကစ္စတန် ကေဘယ်ကားထဲက လူ ၇ ယောက်ကို ကယ်တင်ခဲ့တဲ့ ညီအစ်ကို နှစ်ဦး

28.8.23-yyl-9.jpg

ချောက်ကမ်းပါးပေါ် ဖြတ်ကျော်သွယ်တန်းထားတဲ့ ပါကစ္စတန်ကေဘယ်ကား ရှေ့တိုးနောက်ဆုတ်မရ ဖြစ်ပြီး လူ ၈ ယောက် ပိတ်မိနေချိန်မှာ ညီအစ်ကိုနှစ်ဦးက ရဲဝံ့စွန့်စားစွာ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ကေဘယ်ကား ပြေးဆွဲဖို့ သွယ်တန်းထားတဲ့ ကြိုး ၃ ချောင်းအနက် ကြိုး ၂ ချောင်း ညှပ်သွားလို့ ချောက်ကမ်းပါးပေါ်မှာ ကေဘယ်ကား ရပ်တန့်သွားခဲ့တာပါ။

အစပိုင်းမှာ စစ်ဘက်ရဟတ်ယာဉ်နဲ့ ကယ်ထုတ်ဖို့ စီစဉ်ခဲ့ပေမဲ့ ညဘက်ရောက်သွားလို့ အလင်းရောင် ကောင်းကောင်း မရသလို လေတိုက်နှုန်း ပြင်းထန်တာကြောင့် ကျောင်းသားတစ်ယောက်ကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ကေဘယ်ကားထဲ ပိတ်မိနေသူ ၇ ယောက်ကို ညီအစ်ကိုနှစ်ယောက်က ကြိုးတန်းတစ်လျှောက် တွဲခေါ်ပြီး ကယ်တင်ပေးခဲ့တာပါ။

ဆာဟစ်ခန်းနဲ့ နာဆာခန်းလို့ အမည်ရတဲ့ ညီအစ်ကိုနှစ်ဦးဟာ သူတို့ကိုယ်တိုင်လည်း ကေဘယ်ကားလုပ်ငန်း လုပ်ခဲ့ဖူးလို့ ဒီလိုအဖြစ်အပျက်မျိုးမှာ အတွေ့အကြုံရှိသူတွေပါ။ သူတို့ဟာ လက်ကိုင်ကွင်းလျှော ကိရိယာကို အသုံးပြုပြီး ကေဘယ်ကားထဲ ပိတ်မိနေတဲ့ ကျောင်းသား ၅ ယောက်နဲ့ အရွယ်ရောက်ပြီးသူနှစ်ဦးကို ကယ်တင်ခဲ့ကြတာပါ။

A view shows cable car carrying students stranded mid-air in Battagram, Pakistan, August 22, 2023, in this screen grab obtained from social media video. Umeed Sahar/via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY MANDATORY CREDIT. NO RESALES. NO ARCHIVES.

” လက်ကိုင်ကွင်းလျှောကိရိယာက သေးတယ်။ ဒါပေမဲ့ ကေဘယ်ကြိုးပေါ်က ဝန်ပိမှာလည်း စိုးရိမ်ရသေးတယ်လေ။ လေကတိုက်၊ မှောင်ကလည်း မှောင်ဆိုတော့ တော်တော်ခက်ခဲပါတယ်”လို့ ဆာဟစ်က ဆိုပါတယ်။ ဆာဟစ်နဲ့ နာဆာတို့ ညီအစ်ကိုနှစ်ဦး ကယ်တင်မှု ပြီးမြောက်ချိန်မှာ လူအုပ်ကြီးက သောင်းသောင်းဖျဖျ အားပေးခဲ့ကြပြီး ပါကစ္စတန် တစ်နိုင်ငံလုံး ဂုဏ်ယူရသူတွေအဖြစ်လည်း ချီးကျူးခံခဲ့ရပါတယ်။

Ref: Pakistani Man is True Hero in Dramatic Cable Car Rescue After Youth Were Stranded 15 Hours–WATCH

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top