မန်စီးတီးရဲ့ရမှတ်၁၀၀ စံချိန်ကို လီဗာပူး အမီလိုက်နိုင်စွမ်းမရှိတော့

16-7-2020-yyl-007.jpg

လီဗာပူးဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် မန်စီးတီးအသင်းရဲ့ တစ်ရာသီအတွင်း ရမှတ်(၁၀၀)ရယူနိုင်တဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ့် မျှော်လင့်ချက်ပျက်ပြယ်ခဲ့ရပါတယ်။ အာဆင်နယ်နဲ့ပွဲစဉ်မတိုင်ခင် ရမှတ်(၉၃)မှတ် ရရှိထားတဲ့ လီဗာပူးဟာ လက်ကျန်ပွဲစဉ်(၃)ပွဲလုံး အနိုင်ရခဲ့ရင် မန်စီးတီးအသင်းရဲ့ ရမှတ်(၁၀၀)စံချိန်ကို ချိုးဖျက်နိုင်မှာဖြစ်ပြီး လက်ကျန်ပွဲစဉ်(၃)ပွဲမှာ (၇)မှတ် ရခဲ့ရင် မန်စီးတီးရဲ့စံချိန်နဲ့တူညီမှာပါ။

အာဆင်နယ်နဲ့ပွဲမှာ မာနေးက အဖွင့်ဂိုးသွင်းပေးခဲ့ပေမဲ့ ပထမပိုင်းမှာပဲ လာကာဇက်တီက ချေပဂိုးပြန်သွင်းခဲ့ပြီး ရိုင်ယန်နယ်ဆင်က အာဆင်နယ်အတွက် အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးအတွက် တတိယမြောက်ရှုံးပွဲဖြစ်ပါတယ်။ သူတို့ရဲ့အမှားတွေကြောင့် ကိုယ်နဲ့ထိုက်တန်တဲ့ရလဒ်ပဲ ရရှိခဲ့တာလို့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဂျ်က ဝန်ခံခဲ့ပါတယ်။

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top