American Music Awards ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအဆိုရှင်ဆုဆွတ်ခူးခဲ့တဲ့ ဘီလီ အိုင်းလစ်ရှ်

billie.jpg

ပေါ့ပ်အဆိုတော် ဘီလီ အိုင်းလစ်ရှ်က မေလ ၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ American Music Awards ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအဆိုရှင်ဆုကြီးဆွတ်ခူးခဲ့ပါတယ်။ ဘီလီဟာ တေလာဆွစ်၊ ကန်းဒရစ်ခ်လာမာ၊ ဆာဘရင်နာ ကာပင်တာအပါအဝင် အခြားဆန်ကာတင်စာရင်းဝင်တွေကို ကျော်ပြီး ဒီဆုကြီးကို ရရှိခဲ့တာပါ။

ဉရောပမှာ ကမ္ဘာ့လှည့်ဖျော်ဖြေရေးလုပ်နေတဲ့အတွက် ဆုပေးပွဲကို လူကိုယ်တိုင်တက်ရောက်မနိုင်ခဲ့ပေမဲ့ ဗီဒီယိုကနေတဆင့် အခုလို ပြောကြားခဲ့ပါတယ်။ “ဒါက တကယ်ကို မိုက်တာပဲ။ ကျွန်မ ပြောစရာစကားမရှိလောက်အောင်ပါပဲ။ ဒီည ဆုပေးပွဲမှာ ရှိနိုင်ဖို့ ဆုတောင်းခဲ့တာ”လို့ သူက ဆိုပါတယ်။

အခမ်းအနားတင်ဆက်သူ ဂျနီဖာလိုဗက်ဇ် ဟာ ဆန်ကာတင်စာရင်းဝင်အဆိုတော်တွေရဲ့ နာမည်ကြီးသီချင်း ၂၃ ပုဒ်ကို ပေါင်းစပ်ထားတဲ့ ၆ မိနစ်စာသီချင်းနဲ့ သီဆိုကပြဖျော်ဖြေပြီး ဆုပေးပွဲကို ဖွင့်လှစ်သွားခဲ့တာပါ။

Ref: Billie Eilish takes top prize at American Music Awards

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top