ဂရမ်မီဆုအများဆုံးအမျိုးသမီးအဆိုတော်အဖြစ် စံချိန်ချိုးခဲ့တဲ့ ဘီယွန်းစေး

ff16832a-b51d-4ac7-b895-44224fb83ae4-GTY_1307117119.jpg

ဂရမ်မီဆုပေးပွဲကို မတ်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး တေလာဆွစ် (Taylor Swift) နဲ့ ဘီလ်လီ အီလစ်ချ် (Billie Eilish) တို့က ထိပ်ဆုံးဆုကြီးတွေကို ဆွတ်ခူးပိုင်ဆိုင်ခဲ့ကြပါတယ်။ အဆိုတော် ဘီယွန်းစေးကတော့ ထိပ်ဆုံးဆုကြီးတွေကို မပိုင်ဆိုင်ခဲ့ရပေမဲ့ ဂရမ်မီဆုပေးပွဲသမိုင်းတစ်လျှောက်မှာ ဂရမ်မီဆုအများဆုံးရရှိထားတဲ့အမျိုးသမီးအဆိုရှင်ဖြစ်လာခဲ့ပါတယ်။

ဘီယွန်းဆေးဟာ သူ့ရဲ့အဆိုတော်သက်တမ်းတစ်လျှောက်မှာ မတ်လ ၁၅ ရက်နေ့က ဂရမ်မီဆုပေးပွဲမှာ ရရှိခဲ့တဲ့ ဆုတွေအပါအဝင် ဂရမ်မီဆုပေါင်း ၂၈ ခု ရရှိပိုင်ဆိုင်ထားပါတယ်။ အဲဒါကြောင့်ပဲ ဂရမ်မီဆုအများဆုံးရရှိထားတဲ့အမျိုးသမီးအဆိုတော်ဖြစ်ခဲ့တာပါပဲ။ အခုနှစ်ဆုပေးပွဲမှာ သူဟာ ဆုစာရင်းအမျိုးအစား (၉) ခုမှာ ဆန်ကာတင်ဝင်ခဲ့ပြီး “Brown Skin Girl” သီချင်းနဲ့ Best Music Video ဆု၊ Megan Thee Stallion နဲ့အတူ သီဆိုထားတဲ့ Savage သီချင်းနဲ့ Best Rap Performance ဆုအပါအဝင် ဂရမ်မီဆု (၄) ခုကိုရရှိခဲ့ပါတယ်။

“အနုပညာရှင်တစ်ယောက်အနေနဲ့ ဒီဆုက အချိန်တွေကို ထင်ဟပ်ပေးနေတဲ့ ကျွန်မရဲ့တာဝန်နဲ့ ကျွန်မတို့အားလုံးရဲ့တာဝန်ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မနဲ့ တစ်ကမ္ဘာလုံးကို ဆက်လက်လှုပ်ဆော်ပေးနေတဲ့ Black King နဲ့ Black Queen တွေအားလုံးကို ကျွန်မ စိတ်ဓာတ်မြှင့်တင်ပေးချင်ခဲ့တယ်။ စိတ်ဓာတ်ခွန်အားဖြစ်ပေးချင်ခဲ့တယ်။ ဂုဏ်ပြုပေးချင်ခဲ့တယ်” လို့ ဆုပေးပွဲမှာ ဘီယွန်းစေးက ပြောကြားခဲ့ပါတယ်။

ဘီယွန်းစေးဟာ ဂရမ်မီဆု (၂၇) ခုပိုင်ဆိုင်ထားတဲ့ အဆိုတော် Alison Krauss ကို ကျော်လွန်ပြီး ဂရမ်မီဆုအများဆုံးရရှိထားတဲ့အမျိုးသမီးအဆိုတော်ဖြစ်လာခဲ့တာပါ။ သူဟာ ဆန်ကာတင် (၇၉) ခုဝင်ခဲ့တဲ့ ဆုဆန်ကာတင်စာရင်းဝင်ဆုံးအမျိုးသမီးအဆိုတော်လည်းဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top