COVID 19 ကြောင့် အိမ်တွင်းအောင်းရင်း တီဗီပဲ ကြည့်နေရပါသလား

27-3-2020-yyl-016.jpg

COVID 19 အန္တရာယ်ကြောင့် အိမ်ထဲမှာပဲ တစ်နေ့လုံးနေရတဲ့အခါ ပျင်းတဲ့အတွက် ကျွန်တော်တို့ လုပ်လို့ရတဲ့အရာတွေကို လုပ်ဖြစ်ကြမှာပါ။ အဲဒီအရာတွေထဲမှာ ဖေ့စ်ဘွတ်ခ်သုံးတာ၊ ဇာတ်ကားကြည့်တာတွေပါဝင်ပါတယ်။ ဇာတ်ကားတွေပဲ အမြဲတမ်းကြည့်တာက ကျွန်တော်တို့ရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာကို ခေါင်းထဲထည့်ထားသင့်ပါတယ်။ အပြင်မထွက်ရဘဲ အိမ်မှာအမြဲတမ်းနေနေရတာ ပျင်းရိဖို့ကောင်းတယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ မိမိကျန်းမာရေးအတွက် ဖေ့စ်ဘွတ်ခ်သုံးတာ၊ တီဗီကြည့်တာတွေကို ကန့်သတ်ချက်တွေလုပ်ထားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲအပန်းဖြေနေထိုင်မှုပုံစံ ဖြစ်ဖို့ နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

ဇာတ်ကားကြည့်တဲ့အခါ ဖေ့စ်ဘွတ်ခ်သုံးတဲ့အခါ မိနစ် (၂၀) တစ်ခါနားပေးပါ

ဇာတ်ကားကြည့်တာနဲ့ အလုပ်ရှုပ်နေတဲ့အခါ မိနစ် (၂၀) တိုင်း မကြည့်ဘဲ နားပေးရတဲ့စည်းမျဉ်းကို အမြဲတမ်းလိုက်နာဖို့ သတိရသင့်ပါတယ်။ အချိန်အကြာကြီးဇာတ်ကားကြည့်တာ၊ဖေ့စ်ဘွတ်ခ်သုံးတာက သင့်မျက်လုံးကို ထိခိုက်စေနိုင်တာကြောင့် မျက်စိကျန်းမာရေးအတွက် အချိန်သတ်မှတ်ပြီး ဇာတ်ကားကြည့်တာ၊ ဖေ့စ်ဘွတ်ခ်သုံးတာလုပ်သင့်ပါတယ်။

ကောင်းတဲ့အကြောင်းအရာတွေ ရွေးချယ်ကြည့်ပါ

တီဗီကြည့်တဲ့အခါ ကောင်းတဲ့အကြောင်းအရာတွေကို ကြည့်တာက သင့်မျက်လုံးကို ကုသပေးနည်းဖြစ်တယ်လို့ လေ့လာချက်တော်တော်များများက ဆိုပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကြည့်မယ့်အစား စိတ်အပန်းဖြေစေတဲ့ အကြောင်းအရာပါတဲ့ ဇာတ်ကားတွေကို ကြည့်ပေးသင့်ပါတယ်။ သင့်ကျန်းမာရေးရဲ့အကျိုးကို လိုလားတဲ့အနေနဲ့ သဘာဝတရားတွေကို ရိုက်ပြထားတဲ့ဇာတ်ကားတွေ၊ ရှိုးတွေကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။

ဇာတ်ကားကြည့်ရင်နဲ့ သွားရည်စာမုန့်တွေကို မစားပါနဲ့

ဇာတ်ကားကြည့်တဲ့အခါမျိုးမှာ သွားရည်စာမုန့်တွေက မပါမဖြစ်ပါပဲ။ ဇာတ်ကားကြည့်ရင်နဲ့ မုန့်စားတာက မုန့်ကိုအာရုံမရောက်ဘဲ ဇာတ်ကားကိုပဲ အာရုံရောက်နေမယ်ဆိုရင် အဝလွန်တာတွေဖြစ်လာနိုင်ခြေရှိသလို အခြားနေထိုင်မှုပုံစံတွေလည်း လျော့ကျသွားနိုင်ပါတယ်။ ဒါကြောင့် အစားအစာကို ကျန်းမာရေးနဲ့ ညီညွှတ်စွာစားဖို့က အရေးကြီးပါတယ်။ ဖြစ်နိုင်ရင် အစား စားရင်းနဲ့ တီဗီကြည့်တာ၊ ဖုန်းသုံးတာတွေကို ရှောင်ရှားသင့်ပါတယ်။

လှုပ်လှုပ်ရှားရှားနေပြီး အိမ်မှုကိစ္စလုပ်ပါ

ဇာတ်ကားကြည့်တာ၊ ဖေ့စ်ဘွတ်ခ်သုံးတာက အပန်းပြေစေပေမဲ့ အချိန်အကြာကြီး ခုံပေါ်မှာ ကော်နဲ့ကပ်ထားသလို နေတာက မကောင်းပါဘူး။ အပြင်မထွက်ရဘဲ အိမ်ထဲမှာပဲ နေရတဲ့အခါမှာလည်း ဒီလိုအလေ့အထက သေချာပေါက်ဖြစ်လာမှာပါ။ တီဗီကြည့်တာနဲ့ အချိန်ကုန်တဲ့အခါ ခန္ဓာကိုယ်က အကြောတွေလျော့ပေးဖို့နဲ့ လှုပ်လှုပ်ရှားရှားနေဖို့ အရေးကြီးပါတယ်။ ဇာတ်ကားနည်းနည်းကြည့်ပြီးရင် ခဏထပြီး လှုပ်လှုပ်ရှားရှားနေပေးပါ။ သင့်ရဲ့ခန္ဓာကိုယ်အနေအထားကို ဂရုစိုက်သင့်ပါတယ်။ တီဗီကြည့်တဲ့အခါ၊ ဖေ့စ်ဘွတ်ခ်သုံးတဲ့အခါ ခန္ဓာကိုယ်အနေအထားမမှန်ရင် ခါးနာတာတွေဖြစ်လာနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှားဖြစ်ဖို့ဆိုရင် အိမ်မှုကိစ္စတွေလည်း လုပ်လို့ရပါတယ်။

Ref: Binge-watching during the lockdown? Here are 4 ways to make screentime healthier

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top