ကပ္ပတိန် အမေရိက (Captain America) ဇာတ်ကောင်အဖြစ်ကနေ အနားယူလိုက်ပြီဖြစ်တဲ့ ခရစ်စ်အီဗန် (Chris Evans)

43360961_1391623067636102_4990862309892030464_n.jpg

MCU (Marvel Cinematic Universe) လို့ လူသိများတဲ့ စူပါဟီးရိုး ရုပ်ရှင်ကားတွေထဲက ကပ္ပတိန် အမေရိက (Captain America) ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်တဲ့ ခရစ်စ်အီဗန် (Chris Evans) ကတော့ နောက်ထပ်ထွက်မယ့် Avenger 4 ရုပ်ရှင်ကို ရိုက်ကူးပြီး ဖြစ်လို့ ဒီဇာတ်ကောင်နေရာကနေ အနားယူတော့မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

” Avenger 4 ကားမှာ တရားဝင် ပြီးသွားပါပြီ။ နောက်ဆုံးတော့ အခုလို ပြောရတာ စိတ်မကောင်းစရာပါပဲ။ ဒီဇာတ်ကောင် နေရာမှာ (၈) နှစ်ကြာ သရုပ်ဆောင်ခဲ့ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ရိုက်ကွင်းပေါ်မှာကော၊ ရိုက်ကွင်းနောက်ကွယ်မှာကော၊ ပရိတ်သတ်တွေ ရှေ့မှာကော ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်း အမှတ်ရနေမှာပါ” လို့ ခရစ်စ်က သူရဲ့ တွစ်တာအကောင့်မှာ ရေးတင်ခဲ့ပါတယ်။

ခရစ်စ်ဟာ MCU မှာ Captain America:The first Avenger ရုပ်ရှင်ကားနဲ့ Captain America ( Steve Rogers) ဇာတ်ကောင်ကို စတင်ခဲ့ပြီး အခုချိန်မှာတော့ MCU အတွက် (၇) ကား ပါဝင် သရုပ်ဆောင်ခဲ့ကာ အခုအခါမှာတော့ စာချုပ်သက်တမ်း ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ။ ဒီရုပ်ရှင်ကားမှာတော့ နာဇီကျောထောက်နောက်ခံ ဟိုက်ဒြာ Hydra အဖွဲ့အစည်းကို တွန်းလှန်ဖို့ အမေရိကန်ရဲ့ လျို့ဝှက် စစ်ဆင်ရေးတစ်ခုမှာ ပါဝင်ခဲ့တာနဲ့ စထားခဲ့ပါတယ်။ စတိဗ် ရော်ဂျာစ် Steve Rogers (Captain America) ဟာ စစ်ထဲဝင်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ သေးကွေး ကြုံလှီလှတဲ့ ကိုယ်ခန္ဓာကြောင့် အကြိမ်ကြိမ် ငြင်းပယ် ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ အများအကျိုးစွန့် အနစ်နာခံတတ်တဲ့စိတ်ကြောင့် စစ်ထဲဝင်ခွင့်ရခဲ့ပြီး Captain America project မှာ ပါဝင်ခဲ့ပါတယ်။ အထူးစစ်သားအဖြစ်ပြောင်းလဲပစ်မှာဖြစ်တဲ့ ဒီဓာတ်ခွဲစမ်းသပ်မှုမှာပါဝင်ခဲ့ရပြီးနောက် တောင့်တင်းသန်မာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခဲ့ပြီး ဟိုက်ဒြာ (Hydra) အဖွဲ့ကို ရင်ဆိုင်နှိမ်နှင်းရာမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်းမှာ ရင်ဆိုင်တိုက်ခိုက်ရင်းနဲ့ ရေခဲပြင်ထဲမှာ နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ပြီး အသက်မသေပဲ ရှိနေခဲ့ရာကနေ ခေတ်သစ် စူပါဟီးရိုးတွေဖြစ်တဲ့ Iron man, Thor, Hulk တို့နဲ့ ပူးပေါင်းပြီး ကမ္ဘာကိုဖျက်ဆီးဖို့ ကြိုးပမ်းလာတဲ့ ရန်သူတွေကို တိုက်ခိုက်ခဲ့ပါတယ်။

Captain America (Steve Rogers) အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားတွေကတော့ (1) Captain America: The First Avenger (2) The Avengers (3) Captain America: The Winter Soldier (4) Avengers: Age of Ultron (5) Captain America: Civil War (6) Avengers: Infinity War (7) Avengers 4 တို့ဖြစ်ပါတယ်။

Avenger 4 ကားမှာ Capital America ဇာတ်ကောင်ကို ဘယ်လို တင်ဆက်လာလိမ့်မလဲဆိုတာ စောင်ကြည့်ရမှာပဲဖြစ်ပါတယ်။ ခရစ်စ်ဟာ စာချုပ်သက်တမ်းပြည့်သွားလို့ လက်ပြနှုတ်ဆက်လိုက်ရတာဖြစ်ပြီး Avenger 4 မှာ ဒီဇာတ်ကောင်ဟာ သေဆုံးသွားပြီး Avenger:Infinity War မှာ အငွေ့ပျံပျောက်ကွယ်သွားတဲ့ (သေဆုံးသွားပြီလို့ ယူဆရ) Winter Soldier (Bucky Barnes) နဲ့ Falcon (Sam wilson) တို့ထဲက တစ်ယောက်ယောက်ကများ ဒီဇာတ်ကောင်နေရာကို ဆက်ခံလိမ့်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Comic Book တွေထဲမှာတော့ Winter Soldier က Captain America နေရာကို ဆက်ခံခဲ့ပါတယ်။ ခရစ်စ်အတွက် ဒီဇာတ်ကောင်ဟာ စူပါဟီးရိုးဇာတ်ကောင်အတွက် ပထမဦးဆုံး မဟုတ်ပါဘူး။ ၂၀၀၅ နဲ့ ၂၀၀၇ တို့မှာထွက်ခဲ့တဲ့ Fantastic Four ရုပ်ရှင်ကားတွေမှာ Human Torch ဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့ဖူးတာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာမှ ကပ္ပတိန် အမေရိက (Captain America) ဇာတ်ကောင်ကို စတင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Refrence: 9 gag, BBC

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top