ကမ္ဘာပေါ်မှာ လူဦးရေ ၈.၂ ဘီလျံရှိတဲ့အနက် တစ်ဝက်ကျော်ကတော့ အချင်းဝက် မိုင် ၂၅၀၀ ပဲရှိတဲ့ ယူရှီစက်ဝန်းထဲမှာ နေထိုင်ကြတာပါ။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ယူရှီမြို့ကို ဗဟိုပြုထားတာကြောင့် ယူရှီစက်ဝန်းလို့ ခေါ်ဆိုတာဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော် ပါဝင်ပါတယ်။
ကမ္ဘာမြေရဲ့ ကုန်းမြေအရွယ်အစားနဲ့ အချိုးချရင် ၁၀ ရာခိုင်နှုန်းတောင် မပြည့်တဲ့ ယူရှီစက်ဝန်းထဲမှာ နေထိုင်သူ ၄.၃၂ ဘီလျံကျော် ရှိနေတာ ဖြစ်ပါတယ်။
Ref: Yuxi Circle
NZ ( ရိုးရာလေး)