Vietjet လေကြောင်းလိုင်းက လေယာဉ်လက်မှတ်များကို ၅၀ ရာခိုင်နှုန်း လျှော့စျေးဖြင့်ရောင်းချ

Vietjet-Promotion-3.jpg

Vietjet လေကြောင်းလိုင်းသည် အာရှတစ်ခွင် ပျံသန်းသည့် လေကြောင်းခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များကို ၅၀ ရာခိုင်နှုန်းစျေးလျှော့ပြီး (အခွန် နှင့် အခြားပေးဆောင်မည့်အခများ မပါဝင်ဘဲ) ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်ထိ ရောင်းချပေးသွားမည်ဖြစ်သည်။ ခရီးသွားဧည့်သည်များကို လည်ပတ်စရာနေရာအသစ်များ ခံစားနိုင်ရန်အတွက် ယခုကဲ့သို့ အထူးအစီအစဉ် ဖန်တီးခဲ့ခြင်းဖြစ်သည်။

အထူးလျော့ဈေးနှုန်းဖြင့်ရောင်းချသည့် လက်မှတ်များကို “BOOKNOW50” ကုဒ်နံပါတ်ဖြင့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံအတွင်းရှိ ပြည်တွင်းခရီးစဉ်များအပြင် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယားစသည့် အာရှတစ်ခွင်သို့ ချိတ်ဆက်ပျံသန်းသည့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များအားလုံးအတွက် ၅၀% လျှော့စျေးရရှိရန် လေယာဉ်လက်မှတ်များကြိုတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါ အထူးလျော့ဈေးနှုန်းဖြင့် ရောင်းချသည့် လက်မှတ်များသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၀၂၀ ခုနှစ် ဧပြီလ ၂၇ ရက် အတွင်းပျံသန်းမည့် လေယာဉ်များအတွက် ဖြစ်သည်။

လေယာဉ်လက်မှတ်များကို Vietjet ဝက်ဘ်ဆိုဒ် www.vietjetair.com တွင်လည်းကောင်း၊သို့မဟုတ် စမတ်ဖုန်း/မိုဘိုင်း app ဆိုလျှင် “Vietjet Air” နှင့် Facebook လူမှုကွန်ရက်ပေါ်တွင် https://www.facebook.com/VietjetMyanmar/ စာမျက်နှာတွင် Booking Tab ကို နှိပ်၍သော်လည်းကောင်း ဝယ်ယူနိုင်ပါသည်။ ငွေပေးချေမှုများကို နိုင်ငံတကာ Debit and Credit Cards ငွေပေးချေကဒ်များဖြစ်သော Visa/Master Card/AMEX/JC/KCP/UnionPay ကဒ်များဖြင့် ပေးချေနိုင်ပါသည်။

TEAM (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top