အဘွားဖြစ်သူ၊ အမေဖြစ်သူတို့ရဲ့မွေးရက်တစ်ရက်တည်းမှာ မွေးဖွားလာခဲ့တဲ့ကလေးလေး

15.11.23-yyl-17.jpg

ဗလာရီ ဝီဗာ ဆိုတဲ့ ကလေးမိခင်ဟာ သူ့ရဲ့ ၃၄ နှစ်ပြည့်မွေးနေ့မှာ သူ့ရဲ့ ၄ ယောက်မြောက် ကလေးလေးမွေးဖွားခဲ့လို့ အံ့အားသင့်ခဲ့ရပါတယ်။ သူဟာ တီဂန်ဆိုတဲ့ သမီးလေးကို အောက်တိုဘာ ၂၃ ရက်နေ့မှာ မွေးခဲ့တာပါ။ အဲ့ဒီနေ့က သူ့ရဲ့မွေးနေ့လည်းဖြစ်သလို သူ့မိခင် ဝမ်ဒါ စချာရဲ့မွေးနေ့လည်းဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ မွေးဖွားရက်မတိုင်ခင် သူတို့ရဲ့မွေးနေ့မှာ မမျှော်လင့်ဘဲ တီဂန် မွေးလာခဲ့လို့ ဗလာရီတို့သားအမိ အရမ်းအံ့အားသင့်သွားခဲ့ရတာပါ။ ဗလာရီနဲ့ တီဂန်တို့ကြား တူညီတဲ့အချက်လည်းရှိပါသေးတယ်။ ဗလာရီက မိသားစုမှာ ၄ ယောက်မြောက်သမီးဖြစ်သလို တီဂန်ကလည်း ၄ ယောက်မြောက်သမီးပါပဲ။

အခု အဘွား၊ မိခင်၊ သမီးဖြစ်သူတွေ မွေးရက်တစ်ရက်တည်းမွေးဖွားခဲ့တာက အတော်လေးထူးခြားတယ်ပြောရမှာပါပဲ။ “ကျွန်မကို အောက်တိုဘာ ၂၃ ရက်ညနေမှာ မွေးတယ်၊ ဗလာရီကိုလည်း အောက်တိုဘာ ၂၃ ရက်နေ့ ညနေမှာမွေးတယ်၊ အခု တီဂန်လည်း အတူတူပါပဲ။ ဒါကြောင့် ဒါက အတော်လေးထူးခြားတယ်”လို့ တီဂန်ရဲ့အဘွားဖြစ်သူ ဝမ်ဒါက ဆိုပါတယ်။

တီဂန်ရဲ့ အလယ်နာမည်ကို အဘိုးအဘွားဖြစ်သူတွေရဲ့နာမည်ကို ယူမှာပါ။ ဝမ်ဒါနဲ့ ဗလာရီတို့သားအမိက မွေးနေ့အတူတူကျင်းပလာခဲ့တာ နှစ်တော်တော်ကြာပါပြီ။ အခုဆို နောက်နှစ်တွေမှာ တီဂန်နဲ့ အတူတူဆင်နွှဲရဖို့ မျှော်လင့်နေပါတယ်။

Ref: Three generations of the same family born on the same day

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top