မကြာသေးခင်က BLACKPINK အဖွဲ့ဝင် Lisa ဟာ သူ့နဲ့ ချစ်သူတွေဖြစ်နေတယ်လို့ သတင်းထွက်နေတဲ့ ထိုင်းမင်းသား Blue Pongtiwat နဲ့အတူတွဲတွေ့ရှိခဲ့ရပါတယ်။ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေမှာ လန်ဒန်မြို့လမ်းမထက်မှာ နှစ်ယောက်သား ဘေးချင်းယှဉ်ပြီးတော့ လျှောက်သွားနေတာတွေ့ရပါတယ်။
Lisa က မင်းသား Blue Pongtiwat လို့ ယူဆရတဲ့ အဲ့ဒီအမျိုးသားကို လက်ချင်းချိတ်ထားတာကိုလည်း တွေ့ရပါတယ်။ Lisa က အညိုဖျော့ရောင်ကုတ်အင်္ကျီဝတ်ပြီး ဦးထုပ်ဆောင်းထားကာ ထိုင်းမင်းသားဆိုသူက အနက်ရောင်ဝတ်စုံအပြည့်ဝတ်ဆင်ထားပြီးတော့ နေကာမျက်မှန်တပ်ထားပါတယ်။ သူတို့နှစ်ယောက် ဘယ်လိုမျိုးပတ်သက်လဲဆိုတာကတော့ အသေချာမသိရပါဘူး။ ကောလဟာလအဖြစ် သတင်းတွေပျံ့နှံ့နေတာဖြစ်ပါတယ်။
ထိုင်းမင်းသား Blue Pongtiwat က သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်အပါအဝင် ဖျော်ဖြေရေးနယ်ပယ်တော်တော်များများမှာ လှုပ်ရှားနေသူဖြစ်ပါတယ်။ သူဟာ Netflix စီးရီး Ready,Set,Love မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။
Ref: BLACKPINK’s Lisa Spotted Linking Arms With Thai Actor in London Amid Dating Rumors
WL (ရိုးရာလေး)

