ပထမမျိုးဆက်ကေပေါ့အဖွဲ့ Fin.K.L ဟာ ၂၁ နှစ်အကြာမှာ အဖွဲ့လိုက်လှုပ်ရှားမှုပြန်လုပ်ဆောင်တော့မယ်လို့ သူတို့ရဲ့အေဂျင်စီ Gemstone E&M က ပြောကြားခဲ့ပါတယ်။ အဖွဲ့ဝင် ၄ ဦးဖြစ်တဲ့ လီဟိုရီ၊ အော့ခ်ဂျူးဟွန်း၊ လီဂျင်း၊ ဆွန်ယူရီတို့ဟာ Fin.K.L နာမည်နဲ့ပဲ ပြန်လည်ပေါင်းစည်းပြီး အဖွဲ့ရဲ့ပရောဂျက်အသစ်တွေအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။
၁၉၉၈ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ Fin.K.L က ၂၀၀၅ ခုနှစ်မှာ အဖွဲ့လိုက်လှုပ်ရှားမှုအနေနဲ့ နောက်ဆုံးလုပ်ဆောင်ခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာ Camping Club အစီအစဉ်အတွက် ခဏပြန်လည်စုစည်းခဲ့ကြပါသေးတယ်။
Ref: Fin.K.L to reunite for full-group activities after 21 years
WL (ရိုးရာလေး)

