ချစ်သူကို ဓားနဲ့ထိုးခဲ့ပေမယ့် ပညာထူးချွန်လွန်းနေတာကြောင့် ထောင်မကျခဲ့

960.jpg

အောက်စ်ဖို့ဒ် တက္ကသိုလ်ကျောင်းသူ လာဗ်နီယာ ဝုဒ်ဝါ့ဒ် (Lavinia Woodward) ဟာ သူမရဲ့ ချစ်သူကို ဓားနဲ့ ထိုးခဲ့ပေမယ့် ထောင်မကျခဲ့ပါဘူး။ တရားရုံးက  အကျယ်ချူပ်သာ ချခဲ့ခြင်းကြောင့် သူမဟာ ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပါတယ်။ အကျယ်ချူပ်သာ ချခဲ့ခြင်း အကြောင်းရင်းကတော့ သူမရဲ့ အံ့မခန်းလောက်အောင်တော်တဲ့ ပညာသင်မှတ်တမ်းကြောင့်ပဲဖြစ်တယ်။

၂၄နှစ်အရွယ်ရှိတဲ့ လာဗ်နီယာ ဟာ အလွန်ပင် ထက်မြက်တဲ့အတွက် အောက်စ်ဖို့ဒ်ရှိ Christ Church ကောလိပ်ကလည်း ဆက်လက်ပညာသင်ကြားခွင့် ပေးခဲ့ပါတယ်။ ဓားနဲ့ အထိုးခံရတဲ့ သူမချစ်သူဟာ ဒဏ်ရာရရှိခဲ့ပေမယ့် မသေဆုံးခဲ့ပါဘူး။ သူ့ရဲ့ ပြောကြားချက်အရတော့ လာဗ်နီယာဟာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဆေးကြောင်ပြီး ရန်ရှာခဲ့တာ ဖြစ်ပါတယ်။ သူက Lavinia ရဲ့ မိခင်ကို Skype မှ ဖုန်းခေါ် အကြောင်းကြားနေတုန်းမှာပဲ သူမက သူ့မျက်နှာကို လက်သီးနဲ့ ထိုးပြီး ခြေထောက်ကိုလည်း ဓားနဲ့ ထိုးခဲ့တယ်လို့ ပြောပါတယ်။

လာဗ်နီယာဟာ ဆေးကြောင်တတ်သူတစ်ဦးဖြစ်ပြီး အရင်ချစ်သူထံမှလည်း နှိပ်စက်ခံခဲ့ရဖူးတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ သူမဟာ လာမယ့် အောက်တိုဘာလမှာ Christ Church ကောလိပ်မှာ စိတ်သစ်လူသစ်ဖြင့် ဆက်လက်ပညာသင်ယူမှာ ဖြစ်ပါတယ်။

လူတစ်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်တာဟာ တရားဥပဒေကို ချိုးဖောက်တာဖြစ်လို့ ပညာအရည်အချင်း မရွေး၊ ရာထူးအရှိန်အဝါ မရွေး တူညီတဲ့ အပြစ်ပေးမှုကို ခံရသင့်တယ်လို့ ဝေဖန်သံတွေ လူမှုကွန်ရက်ပေါ်မှာ ဆူညံနေခဲ့ပါတယ်။ ရိုးရာလေးမိတ်ဆွေတို့ရော ဒီအရေးယူမှုမျိုးကို မျှတတယ်လို့ မြင်ကြပါသလား။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top