Viu ကို လစဉ်အသုံးပြုသူ ၄၁.၄ သန်းရှိလာ

Momentum-IMG.png

PCCW မီဒီယာအုပ်စု၏ ထိပ်တန်း OTT ဗွီဒီယိုဝန်ဆောင်မှုတစ်ခုဖြစ်သည့် Viu မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် လစဉ်အသုံးပြုသူ ၄၁.၄ သန်းအထိရှိလာပြီး ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ ထို့အပြင် ဗွီဒီယို ကြည့်ရှုသူဦးရေမှာလည်း ၆၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ၅.၇ ကုဋေအထိရှိလာသည်။ အသုံးပြုသူနှင့် ကြည့်ရှုသူများလာခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင် ဝင်ငွေ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

Viu ၏ ကြည့်ရှုသူ ၄၀ ရာခိုင်နှုန်းကျော်သည် Viu Original ဇာတ်ကားများကို ကြည့်ရှုလျက် ရှိကြပြီး အဆိုပါဇာတ်ကားများသည် ၂၀၁၉ ခုနှစ်အတွင်း ထုတ်လွှင့်ပြသခဲ့သော ဇာတ်ကားများအားလုံး၏ ထိပ်ဆုံး ၅ နေရာ၌ ရပ်တည်လျှက်ရှိသည်။ Viu သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အရှေ့တောင်အာရှရှိ ထိပ်တန်း အွန်လိုင်းရုပ်သံဝန်ဆောင်မှု app များထဲတွင် ဝင်ငွေအားဖြင့်လည်းကောင်း၊ လစဉ်ကြည့်ရှုသူအားဖြင့်လည်းကောင်း၊ ဝင်ရောက်ကြည့်ရှုမှု အချိန်အတိုင်းအတာ အားဖြင့်လည်းကောင်း နံပါတ် ၂ နေရာတွင် ရပ်တည်လျှက်ရှိသည်။ Viu App အား App Store နှင့် Google Play တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပြီး www.viu.com တွင်လည်း တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top