AI အခြေပြုစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံလုပ်ငန်း လည်ပတ်ခြင်းစနစ်ကို Ericsson ကုမ္ပဏီမိတ်ဆက်

yyl-004-11.jpg

Ericsson ကုမ္ပဏီက AI အခြေပြုစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံလုပ်ငန်း လည်ပတ်ခြင်းစနစ်ကို ယခုလမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ စွမ်းအင်စီမံခန့်ခွဲမှုအတွက် solution အသစ်တစ်ခုဖြစ်တဲ့ အဲဒီစနစ်ဟာ ဆက်သွယ်ရေးဝန်ဆောင်မှု ပံ့ပိုးပေးသူတွေအတွက် ကွန်ရက်အခြေခံအဆောက်အအုံတစ်ခုလုံးမှာ စွမ်းအင်စားသုံးမှု အသက်သာဆုံးဖြစ်စေဖို့ မှတ်ဉာဏ်တုစနစ်နဲ့ အချက်အလက်ပိုင်းဆိုင်ရာ အဆင့်မြင့်ခွဲခြမ်းစိတ်ဖြာမှုကို အဆင့်မြှင့်တင်ထားပါတယ်။

နောက်ဆုံးပေါ်နည်းပညာတွေ အသုံးပြုထားတဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံလုပ်ငန်း လည်ပတ်ခြင်းစနစ်ဟာ ရေဒီယိုလှိုင်းကွန်ရက်အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ထောက်ပံ့ဖန်တီးပေးနိုင်ပြီး ကုန်ကျစရိတ်လည်း ချွေတာရာရောက်မှာပါ။ New solution ဟာ ဝန်ဆောင်မှုပေးတဲ့ဆိုက်နှင့် ဆက်စပ်လုပ်ငန်းတွေအတွက် စွမ်းအင်ချွေတာနိုင်မှာဖြစ်သလို ဆိုက်အတွင်း ဝင်ရောက်မှုနည်းပါးခြင်းကိုလည်း လျော့ချပေးနိုင်ရုံပါတယ်။ ဒါ့အပြင် အလွှာအသီးသီးမှာ ကာဗွန်ထုတ်လုပ်မှုကို လျော့ကျစေမှာပါ။

AI အခြေပြု စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံလုပ်ငန်းလည်ပတ်ခြင်းစနစ်ကို ဖြန့်ကျက်သုံးစွဲမယ်ဆိုရင် စွမ်းအင်ဆိုင်ရာ OPEX ကို ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းစေနိုင်ပြီး passive infrastructure နဲ့ ဆက်စပ်တဲ့ ဆိုက်လည်ပတ်မှုကို ၁၅ ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် စွမ်းအင်ပြတ်တောက်မှုဖြစ်ပွားစေခြင်းကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာပါ။ ဥရောပ၊ အာရှနဲ့ လက်တင်အမေရိက နိုင်ငံတွေမှာ AI အခြေပြုစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံလုပ်ငန်း လည်ပတ်ခြင်းစနစ်ကို စမ်းသပ်သုံးစွဲခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှာလည်း တယ်လီနော(မြန်မာ)ကွန်ရက်က စမ်းသပ်အသုံးပြုနေပါပြီ။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top