ကမ္ဘာ့ ကြွက်သားအကွဲဆုံး ကာယဗလမောင်

15-12-2022-yyl-38.jpg

သြစတြီးယားကာယဗလမောင် ဟယ်မွတ်စထရာဘယ်ကတော့ ကမ္ဘာပေါ်မှာ ကြွက်သားအကွဲဆုံး အမျိုးသားလို့ သတ်မှတ်ခံထားရသူပါ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး ဖေ့ဘွတ်ခ်နဲ့ Reddit တို့မှာ သူ့ရဲ့ပုံတွေ ပျံ့နှံ့ခဲ့တာပါ။ အခုချိန်မှာ ဟယ်မွတ်စထရာဘယ်က အသက် ၅၄ နှစ်ရှိနေပြီး ခန္ဓာကိုယ်က အကောင်းဆုံးပုံစံ မဟုတ်တော့ချိန်မှာတောင် ကြွက်သားစိုင် တစ်ခုချင်းစီ သိသိသာသာ ကွဲထွက်နေတဲ့ သူ့ရဲ့ခန္ဓာကိုယ်တောင့်တင်းမှုက ပြိုင်စံရှား ဖြစ်နေဆဲပါပဲ။

ဟယ်မွတ်စထရာဘယ်ဟာ အသက် ၁၂ နှစ်အရွယ်က ပိန်ပိန်ပါးပါး လူဖလံလေးဖြစ်နေလို့ အနိုင်ကျင့် လှောင်ပြောင်ခံခဲ့ရပြီး သူ့ကိုယ်သူ ကာကွယ်ဖို့ အလေးမခဲ့တာပါ။ သူဟာ ရေဗူး ၂ ဗူးကို မကာ လေ့ကျင့်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှ Gym မှာ လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ သူဟာ အခုလို ခန္ဓာကိုယ် အချိုးအစားမျိုးရဖို့ ခန္ဓာကိုယ် အဆီဓာတ်ပါဝင်မှုကို ၄ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ရတာပါ။

Ref:Helmut Strebl – The Most Shredded Man in the World

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top