ဇာတ်လမ်းရိုက်ကူးရင်း မင်းသားကို ချစ်သူရဲ့နာမည်မှားခေါ်မိတယ်ဆိုတဲ့ ထိုင်းမင်းသမီးချော Yaya

26-8-2022-yyl-08.jpg

ဇာတ်လမ်းရိုက်ကူးရင်း မင်းသားကို ချစ်သူရဲ့နာမည်မှားခေါ်မိတယ်ဆိုတဲ့ ထိုင်းမင်းသမီးချော Yaya

မြန်မာပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ထိပ်တန်းထိုင်းမင်းသမီးချော Yaya Urassaya ဟာ လတ်တလောမှာတော့ မင်းသားချော Mark Prin နဲ့အတူ “Love at First Night” ဇာတ်လမ်းတွဲအသစ်ကို ရိုက်ကူးနေပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့က Yaya ဟာ ပွဲတစ်ပွဲတက်ရောက်ခဲ့ပြီး အဲဒီဇာတ်လမ်းတွဲအကြောင်း အင်တာဗျူးဖြေကြားရင်း ရိုက်ကွင်းမှာ နာမည်မှားခေါ်မိတဲ့အဖြစ်ကိုလည်း ပြောပြခဲ့ပါတယ်။

Yaya က ရိုက်ကွင်းမှာ မင်းသား Mark Prin ကို သူ့ချစ်သူကောင်လေးရဲ့နာမည် Nadech Kugimiya လို့ မှားခေါ်မိခဲ့တယ်ဆိုတာကို ထုတ်ပြောပြခဲ့တာပါ။ Mark Prin ကလည်း တစ်ခါတလေ သူ့ကို သူ့ချစ်သူ Kimmy Kimberley ရဲ့နာမည်နဲ့ မှားခေါ်မိတယ်လို့ Yaya က ဆိုပါတယ်။

မင်းသား Mark Prin နဲ့အတူ ရိုက်ကူးနေတဲ့ Love at First Night ဇာတ်လမ်းတွဲပုံရိပ်

Yaya ရဲ့ချစ်သူ မင်းသားချော Nadech ကလည်း သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့၊ Mark Prin ရဲ့ချစ်သူလည်းဖြစ်တဲ့ Kimmy Kimberley နဲ့အတူ Sueb Lub Mor Rabat အမည်ရတဲ့ ဇာတ်လမ်းတွဲအသစ်ကို ရိုက်ကူးနေပါတယ်။ နှစ်ယောက်လုံး ဇာတ်လမ်းတွဲအသစ်ရိုက်ကူးနေရတာနဲ့ မကြာခဏ မတွေ့ဖြစ်ကြတာကြောင့် အချင်းချင်းလွမ်းနေကြတယ်လို့လည်း Yaya က ပြောပါတယ်။

တစ်ခါတလေ သူနဲ့ သူ့ကောင်လေးက တစ်ယောက်နဲ့တစ်ယောက်တွေ့ကြဖို့ ရိုက်ကူးရေးနေရာတွေကို လာကြတယ်။ Yaya က သွားတွေ့တာထက် Nadech Kugimiya က သူ ဇာတ်လမ်းတွဲရိုက်ကူးနေတဲ့ နေရာကို လာတွေ့တာများတယ်လို့‌ ဆိုပါတယ်။

Yaya နဲ့ မင်းသား Mario Maurer တို့ ပါဝင်ရိုက်ကူးထားတဲ့ “Bad Romeo” ဇာတ်လမ်းတွဲသစ်ကလည်း လက်ရှိ ထုတ်လွှင့်ပြသနေပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ Yaya က ဆိုင်ခင်မ်ဆိုတဲ့ သူဌေးသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: ThaiUpdate “Yaya Urassaya talks about working with Mark Prin in the new drama “Love at First Night””

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top