“လူ့အဖွဲ့အစည်းဟာ နောက်နှစ် (၃၀) ကစလို့ ပြိုလဲသွားပါတော့မယ်” – Elon Musk

elon-musk-civilization-collapse-1200x630.jpg

လူ့အဖွဲ့အစည်းရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး အီလွန်မာ့စ်မှာ ဆိုးရွားတဲ့ခန့်မှန်းချက်တစ်ခုရှိပါတယ်။

လူဦးရေပေါက်ကွဲခြင်း သို့မဟုတ် “population bomb” လို့ သူက ခေါ်ဝေါ်ခဲ့ပြီး ဒါဟာ နောက်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ပေါက်ကွဲတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ အသက်ကြီးနေတဲ့လူဦးရေအများအပြားဖြစ်နေပြီး မွေးဖွားနှုန်း (birth rate) ကျဆင်းခြင်းနဲ့ သွားရောက် တိုက်ဆိုင်နေမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

လူဦးရေပေါက်ကွဲခြင်း သို့မဟုတ် “population bomb” လို့ သူက ခေါ်ဝေါ်ခဲ့ပြီး ဒါဟာ နောက်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ပေါက်ကွဲတော့မှာဖြစ်တယ်လို့ဆို

ဒါဟာ ကမ္ဘာပျက်ခြင်း သို့မဟုတ် လူ့အဖွဲ့အစည်းအန္တရာယ်ကျရောက်လာခြင်းနဲ့ပတ်သတ်ပြီး အီလွန်မာ့စ်က ပထမဆုံးအကြိမ်ပြောကြားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ လူ့အဖွဲ့အစည်းဟာ ၂၀၅၀ ခုနှစ်ပတ်ဝန်းကျင်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတစ်ခုကိုခံစားရမှာဖြစ်ပြီး ကောင်းတဲ့အရာတော့မဟုတ်ဘူးလို့ သူကပြောဆိုလာခြင်းဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာပျက်ခြင်း သို့မဟုတ် လူ့အဖွဲ့အစည်းအန္တရာယ်ကျရောက်လာခြင်းနဲ့ပတ်သတ်ပြီး အီလွန်မာ့စ်က ပထမဆုံးအကြိမ်ပြောကြားတာတော့ မဟုတ်ပါဘူး

၂၀၁၇ ခုနှစ်တုန်းကလဲ အလားတူ လူဦးရေအဆမတန်တိုးပွားလာခြင်းနဲ့ပတ်သတ်ပြီး အတော်လေးစိုးရိမ်ရကြောင်း New Scientist ကို သူက တွစ်တာမှာပြောကြားခဲ့ဖူးပါတယ်။ ကမ္ဘာ့လူဦးရေဟာ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာဖို့အတွက် အရှိန်အဟုန်နဲ့တိုးမြင့်လာတာဖြစ်ပြီး လူတော်တော်များများက သတိမထားမိကြဘူးလို့ သူကပြောကြားခဲ့ဖူးပါတယ်။

ပြီးတော့ ဒီပြဿနာနဲ့ပဲပတ်သက်ပြီးတော့ အီလွန်မာ့စ်က နောက်တစ်ကြိမ်ပြန်လည်ဆွေးနွေးမှုတစ်ခု ပြုလုပ်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လူဦးရေစစ်တမ်းတစ်ခုနဲ့ ပတ်သတ်ပြီး World of Engineering မှ တွစ်တာမှာတင်ထားတာကို အီလွန်မာ့စ်က အသက်ကြီးသူများပြားလာခြင်းနဲ့ မွေးဖွားနှုန်းထိုးဆင်းလာခြင်းတို့က လူ့အဖွဲ့အစည်းကို ၂၀၅၀ ပြည့်နှစ်မှာ အတော်လေးဆိုးရွားစေမှာဖြစ်တယ်လို့ ပြန်လည် reply လုပ်ထားတာတွေ့ရပါတယ်။

အသက်ကြီးသူများပြားလာခြင်းနဲ့ မွေးဖွားနှုန်းထိုးဆင်းလာခြင်းတို့က လူ့အဖွဲ့အစည်းကို ၂၀၅၀ ပြည့်နှစ်မှာ အတော်လေးဆိုးရွားစေမှာဖြစ်

သူဒီမှာအသေးစိတ်ဆွေးနွေးသွားတာကတော့ ထိုအချိန်မှာ လူ့အဖွဲ့အစည်းဟာ ပြောင်းပြန်ဖြစ်နေတဲ့ပိရမစ်တစ်ခုနဲ့ တူနေမှာဖြစ်ပြီး များပြားတဲ့ အသက်ကြီးသူများနဲ့ နည်းပါးတဲ့လူငယ်လူရွယ်များ (many old people & fewer young) ပြဿနာကို ကြုံတွေ့ရမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top