Pikachu အရုပ်ကောက်ရင်း စက်ထဲပိတ်မိခဲ့တဲ့ သုံးနှစ်သမီးလေး

250619_clawmachinegirl_weibo_1.jpg

စာဖတ်ပရိသတ်တွေဆိုရင်ကော အရုပ်ကောက်စက်ထဲက အရုပ်တွေ ကောက်မရတဲ့အခါ စက်ထဲဝင်ပြီး ယူချင်စိတ်များဖြစ်မိကြလား။ တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်က သုံးနှစ်အရွယ်ကလေးမလေးကတော့ အရုပ်ကောက်စက်ထဲက အရုပ်တွေကို လက်နဲ့ယူတာ အားမရဖြစ်ပြီး စက်ထဲဝင်ရင်းနဲ့ စက်ထဲမှာ ပိတ်မိခဲ့တယ်လို့ သိရပါတယ်။

ဒုန်ကွမ်မြို့ရဲ့ရှော့ပင်းစင်တာတစ်ခုမှာ အဲဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကလေးမလေး အဲဒီလို အရုပ်ကောက်တဲ့စက်ထဲ ဝင်နေစဉ်မှာ သူ့ရဲ့မိခင်က နောက်ထပ်ကလေးနှစ်ယောက်နဲ့ မနိုင်မနင်းဖြစ်နေခဲ့တာပါ။

အဲဒီကလေးမလေး စက်ထဲပိတ်မိနေခဲ့တာ မိနစ် (၃၀) ကြာခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဆိုင်ပိုင်ရှင်က အရုပ်ကောက်စက်ရဲ့သော့နဲ့ ရောက်လာပြီး ဖွင့်ပေးခဲ့လို့ ကလေးမလေး အပြင်ကို ပြန်ထွက်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

အင်တာနက်အသုံးပြုသူတွေက “သူ ဘယ်လိုခံစားရမလဲဆိုတာ သိပါတယ်။ ကျွန်တော်ဆိုရင်လည်း အရုပ်ကောက်တာမရရင် စက်ထဲကို ဝင်ချင်မိတယ်” လို့ ရေးသားပြောဆိုထားပါတယ်။

၂၀၀၈ခုနှစ် နဲ့ ၂၀၁၅ခုနှစ်တွေတုန်းကလည်း အဲဒီလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပါတယ်။ ဒါတင်မကသေးပါဘူး။ ကလေးက အရုပ်ယူဖို့ စက်ထဲကို ဝင်သွားခဲ့တဲ့အတွက် ဒဏ်ရိုက်ခံရတဲ့ ဆရာတစ်ယောက်ရဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

Ref: AsiaOne “3-year-old girl in China stuck in claw machine after climbing in for Pikachu doll”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top