အလှမွေးစပါးအုံးမြွေကြောင့် အမျိုးသားတစ်ဦး သေဆုံး

190625_python_unsplash.jpg

အင်ဒိုးနီးရှားနိုင်ငံ၊ အနောက်ဘက် ဂျာဗားပြည်နယ်က ဂျာနာ (Jana) ဆိုတဲ့ (၄၂) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့အလှမွေးစပါးအုံးမြွေကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က သေဆုံးခဲ့ပါတယ်။ အဲဒီ စပါးအုံးမြွေက အလေးချိန် (၁၇) ကီလိုဂရမ် နဲ့ အရှည် (၃) မီတာ ရှိပြီး ဂျာနာရဲ့ လည်ပင်းကို သေလောက်တဲ့အထိ ရစ်ပတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂျာနာရဲ့ဇနီးဖြစ်သူ အီလာ (Elah) က သူ့ရဲ့ခင်ပွန်းက အဲဒီမြွေကို ရေချိုးပေးနေရင်း လည်ပင်းအညှစ်ခံရပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မြွေကတော့ သူ့သခင်ကို သတ်ပြီးတဲ့နောက်မှာ အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ ဒေသခံတွေက အဲဒီဖြစ်ရပ်ကို သိပြီး မကြာခင်မှာပဲ မြွေကို ဖမ်းပြီး သတ်ပစ်ခဲ့ပါတယ်။ အဲဒီမြွေကို ဂျာနာရဲ့ အုတ်ဂူဘေးမှာပဲ မြှုပ်ခဲ့တယ်လို့ သိရပါတယ်။

Ref: Asia One “Man killed by pet python in West Java”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top