လုံးဝမရှိဘဲ အသက်ရှင်ဖို့ ဖြစ်နိုင်လောက်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း ၇ ခု

19-3-2020-yyl-001.jpg

သွေးလှုဒါန်းတဲ့အခါ သွေးထဲမှာရှိတဲ့ သွေးနီဥဆဲလ် သန်းပေါင်း ၃.၅ သန်းလောက် ဆုံးရှုံးနိုင်ပေမယ့် သင့်ခန္ဓာကိုယ်က မြန်မြန်ဆန်ဆန်ပဲ ပြန်လည် အစားထိုးထားနိုင်ပါတယ်။ အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေ ဆုံးရှုံးခဲ့ရင်တောင် အသက်ရှင်နိုင်ပါတယ်။

ဥပမာအားဖြင့် ဦးနှောက်တစ်ဝက်နဲ့တောင် အသက်ရှင်နေနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေဟာ အသက်ရှင်ခြင်းအပေါ် အလွန်အကျွံ သက်ရောက်မှုမရှိဘဲ တစ်ခုလုံးကို ဖယ်ရှားနိုင်ပါတယ်။

 

သရက်ရွက်

သရက်ရွက်ဟာ ဝမ်းဗိုက်ရဲ့ လက်ဝဲဘက် နံရိုးအောက်မှာ ကျောဘက်ဆီကို ဦးတည်ပြ တည်ရှိနေပါတယ်။ ဝမ်းဗိုက်ရဲ့ အားနည်းချက်ဖြစ်ပြီး အလွယ်တကူ ပျက်စီးတတ်ကာ သွေးယိုစိမ့်မှုတွေ ဖြစ်ပေါ်နိုင်ကာ ကုသမပေးပါက သေစေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

သရက်ရွက်အတွင်းပိုင်းကိုကြည့်လိုက်တဲ့အခါ ထင်ရှားတဲ့ အရောင် ၂ ရောင်ရှိပါတယ်။ အနီရောင်ရင့်ရင့်နဲ့ အဖြူရောင် သေးငယ်တဲ့အိတ်လေးတွေ ပါရှိပါတယ်။ အဖြူရောင်ဆဲလ်များနဲ့ သွေးပန်းကန်ပြားများရဲ့ သိုလှောင်မှုနှင့်ဆက်စပ်ပြီး သွေးနီဆဲလ်တွေ သိုလှောင်ရန်နဲ့ ပြန်ပြီးသုံးဖို့အတွက် ဖြစ်ပါတယ်။

သရက်ရွက်မရှိဘဲ အသက်ရှင် နေထိုင်နိုင်ပြီး အသည်းဟာ သွေးနီဆဲလ်နဲ့ ၎င်းတို့ရဲ့ အစိတ်အပိုင်းများကိုပြန်သုံးနိုင်အောင် လုပ်ဆောင်ပေးနိုင်တာကြောင့်ဖြစ်ကာ အခြား သွေးဖြူဆဲလ်များဟာလည်း အဆိုပါသရက်ရွက်ရဲ့ လုပ်ဆောင်ချက်တွေကို အတူလုပ်ဆောင်ရင်း ခန္ဓာကိုယ်ကို အထောက်အကူ ပြုနိုင်လို့ပဲ ဖြစ်ပါတယ်။

 

အစာအိမ်

အစာအိမ်ဟာ အဓိကအားဖြင့် အစားအစာတွေကို ချေဖျက်ခြင်း၊ အစာအစားတွေ ချေဖျက်ဖို့ အက်ဆစ်တွေ ထုတ်ပေးခြင်း၊ စုပ်ယူခြင်းနဲ့ စိမ့်ထွက်စေခြင်း စတဲ့ လုပ်ဆောင်ချက် ၄ ခုကို လုပ်ဆောင်ပါတယ်။ အစာအိမ်ဟာ တစ်ခါတစ်ရံမှာ ကင်ဆာကြောင့် ခွဲစိတ်ပြီး ဖယ်ရှားရတတ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး အမျိုသမီးတစ်ဦးဟာ နိုက်ထရိုဂျင်အရည်ပါဝင်နေတဲ့ ကော့တေးကို သောက်မိတာကြောင့် အစာအိမ်ကို ဖယ်ရှားခဲ့ရဖူးပါတယ်။

အစာအိမ်ကိုဖယ်ရှားတဲ့အခါ ခွဲစိတ်ဆရာဝန်ဟာ လည်ချောင်းအစာပြွန်ကနေ သေးငယ်တဲ့အူအထိ တိုက်ရိုက် တွဲပေးပြီး ခွဲစိတ်မယ်ဆို လူကောင်းတစ်ဦးလို ပြန်လည်နာလန်ထူနိုင်ကာ ဗီတာမင်ဖြည့်စွက်အစာတွေကို ပုံမှန် စားနိုင်ပါတယ်။

 

မျိုးပွားအင်္ဂါ

အခြေခံအကျဆုံး မျိုးဆက်ပွားအင်္ဂါအစိတ်အပိုင်းတွေကတော့ အမျိုးသားတွေမှာ ဝှေးစေ့ဖြစ်ပြီး အမျိုးသမီးများကတော့ သားဥအိမ်ပဲ ဖြစ်ပါတယ်။ ဒီနှစ်မျိုးလုံးမရှိဘဲ မျိုးဆက်ပွားဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။

အမျိုးသားတွေမှာ ဝှေးစေ့တစ်ဘက် သို့မဟုတ် နှစ်ဘက်စလုံး ဖယ်ရှားခြင်းဟာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးမှာသားအိမ် (အမိဝမ်းထဲ) ကိုလည်းဖယ်ရှားနိုင်ပါတယ်။ ဒီလုပ်ထုံးလုပ်နည်း (hysterectomy) ကြောင့် ကလေးယူခြင်းနဲ့ သွေးမဆုံးမီ အမျိုးသမီးရာသီစက်ဝန်းတွေကို မဖြစ်ပေါ်စေနိုင်တော့ပါဘူး။

 

အူမကြီး

အရှည် ခြောက်ပေလောက်ရှိတဲ့ အူမကြီးဟာ အစိတ်အပိုင်း ၄ ပိုင်း ပါဝင်ပါတဲ့ ပြွန်ဖြစ်ပါတယ်။ အခြေခံအကျဆုံး လုပ်ဆောင်ချက်တွေကတော့ ကျင်ငယ်နဲ့ မစင်ကို အတူတကွ စွန့်ထုတ် ပေးစေခြင်းပဲဖြစ်ပါတယ်။ ကင်ဆာသို့မဟုတ် အခြားရောဂါတွေရှိတဲ့အခါ အူအချို့ သို့မဟုတ် အားလုံးကို ဖယ်ရှားပစ်ရန် လိုအပ်တာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ လူအများစုဟာ ခွဲစိတ်မှုအပြီး သူတို့အူတွေရဲ့ အလေ့အထတွေ အပြောင်းအလဲတစ်ခုကို သတိထားပြီး ပျော့ပျောင်းတဲ့ အစားအစာများကို စားသောက်ကာ အနာကျက်အောင် ဆင်ခြင်သင့်ပါတယ်။

 

သည်းခြေအိတ်

သည်းခြေအိတ်ဟာ နံရိုးအောက် ဝမ်းဗိုက်၏အပေါ်ပိုင်းညာဘက်ခြမ်း အသည်းအောက်မှာ တည်ရှိပါတယ်။ အသည်းကထုတ်လွှတ်တဲ့ သည်းခြေအရည်တွေကို သိုလှောင်ပြီး အဆီတွေကို ဖြိုဖျက်ဖို့ ကူညီလုပ်ဆောင်ပေးပါတယ်။ ဒါပေမယ့် အစာခြေစနစ် အတွက်အဆီတွေကို ခြေဖျက်ဖို့ မလိုအပ်တဲ့အခါ သည်းခြေအရည်ကို သည်းခြေထဲမှာ သိမ်းဆည်းထားပေးပါတယ်။

အူထဲက အဆီတွေကို ခြေဖျက်ပေးဖို့ ဟော်မုန်းဟာ သည်းခြေအရည်တွေကို အူထဲကို ထုတ်လွှတ်စေပါတယ်။ ပိုလျှံတဲ့ သည်းခြေအရည်တွေထဲက ကိုလက်စထရောဓာတ်ဟာ သည်းခြေကျောက်တည်ခြင်းကို ဖြစ်စေပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ သည်းခြေနဲ့ ဆိုင်တဲ့ ခွဲစိတ်ဖယ်ရှားမှုတွေ လိုအပ်နိုင်ပါတယ်။ အဆိုပါခွဲစိတ်ကုသမှုကို cholecystectomy အဖြစ်လူသိများပြီး နှစ်စဉ်နှစ်တိုင်း လူဦးရေ ၇၀၀၀၀ လောက် ပြုလုပ်နေရပါတယ်။

လူအတော်များများမှာ သည်းခြေကျောက်တွေ ရှိကြပါတယ်။ ၂၀၁၅ ခုနှစ်က အိန္ဒိယအမျိုးသမီးတစ်ဦးကတော့ သည်းခြေကျောက် ၁၂၀၀၀ ဖယ်ရှားခဲ့ရပြီး ကမ္ဘာ့စံချိန်တင် အများဆုံး ဖြစ်ခဲ့ပါတယ်။

 

အူအတက်

တီကောင်ကဲ့သို့ဖွဲ့စည်းပုံနှင့် သေးငယ်တဲ့ အူသိမ်အူဖြစ်ပါတယ်။ အကြွင်းအကျန်တွေဟာ အူမကြီး အူလမ်းကြောင်းထဲကို ဝင်သောအခါ ပြန်ထွက်ရန် ခက်ခဲပြီး အူကိုယောင်ယမ်းစေပါတယ်။ ပြင်းပြင်းထန်ထန် ဖြစ်လာပြီဆိုရင်တော့ နောက်ဆက်တွဲအဖြစ် ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်ပါတယ်။

အူအတက်ကို ဖယ်ရှားလိုက်ခြင်းဟာ နောက်တစ်ခါ အူနဲ့ပတ်သတ်ပြီး ထိုကဲ့သို့ ယောင်ယမ်းမှု ထပ်မဖြစ်တော့ဘူးလို့ ဆိုလိုခြင်းတော့ မဟုတ်ပါဘူး။ နောက်ဆက်တွဲ အချို့သော အကြောင်းတွေကြောင့် လူတစ်ချို့ကတော့ အပြီးတိုင် ဖယ်ရှားခြင်းကို မပြုလုပ်ကြပါဘူး။ ဒါပေမဲ့ ဖယ်ရှားလိုက်ခြင်းဟာ သာမန်ဘဝနေထိုင်မှုကို ဘာမှ ထူးခြားပြောင်းလဲစေမှာ မဟုတ်ပါဘူး။

 

ကျောက်ကပ်

လူအများစုဟာကျောက်ကပ်နှစ်ခု (သို့) တစ်ခုတည်းနဲ့လည်း အသက်ရှင်နိုင်သလို တစ်ချို့ကတော့ တစ်ခုမှမရှိဘဲ အသက်ရှင်နေနိုင်တာလည်း ရှိပါတယ်။ ကျောက်ကပ်ဟာ သွေးထဲက ရေဓာတ်ကို ထိန်းညှိပေးခြင်း သာမက Acid နဲ့ Base ကို ညီမျှအောင် ဆောင်ရွက်ပေးပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်နဲ့ အာဟာရတွေရဲ့ ဖြစ်စဉ်တွေကို ပြုလုပ်ပေးသလို မလိုအပ်တာတွေကိုလည်း ဆီးအဖြစ် ပြန်လည် စွန့်ထုတ်စေပါတယ်။

ကျောက်ကပ်နှစ်ခုစလုံး သို့ တစ်ခုရှိနေသင့်ပေမယ့် အရက်၊ မူးယစ်ဆေးဝါးနဲ့ မတော်တဆဖြစ်စဉ်တွေကြောင့် ပျက်စီးခဲ့ရင်တော့ ကျောက်ကပ်အတွင်းက ရေနဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့ ကုသမှု (dialysis) ကိုပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒီလိုဖယ်ရှားနည်းကတော့ haemodialysis နဲ့ peritoneal ဆိုပြီးနှစ်နည်းရှိပါတယ်။ ပထမအမျိုးအစားကတော့ စက်ကိုအသုံးပြုပြီး ဂလူးကို့စ်တစ်မျိုးနဲ့ အညစ်အကြေးသန့်စင်မှုကို ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်တစ်မျိုးကတော့ ခန္ဓာကိုယ်ထဲကို ပြွန်ထည့်ပြီး ဆေးကြောခြင်းဖြစ်ပါတယ်။ နှစ်နည်းစလုံးဟာ ခန္ဓာကိုယ်ကို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

 

Ref: The Independent

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top