ဘိုလစ်ဗီးယားနိုင်ငံရဲ့ ပြည့်တန်ဆာတွေက ပိုးသတ်မိုးကာတွေဝတ်ပြီး လုပ်ငန်းခွင် ပြန်ဝင်မယ်လို့ ဆို

11-7-2020-yyl-008.jpg

ဘိုလစ်ဗီးယားနိုင်ငံရဲ့ ပြည့်တန်ဆာ တော်တော်များများက လက်အိတ်တွေ၊ ပိုးသတ်ထားတဲ့ မိုးကာအင်္ကျီအကြည်တွေဝတ်ပြီး လုပ်ငန်းခွင် ပြန်ဝင်ဖို့ ပြင်ဆင်နေကြပါပြီ။ ဘိုလစ်ဗီးယားနိုင်ငံ ညဉ့်လုပ်သားများအဖွဲ့အစည်း(Organisation of Night Workers of Bolivia)က လမ်းညွှန်ထားတဲ့ သတ်မှတ်ချက်တွေဟာ အားလုံးအတွက် လုံခြုံစိတ်ချစေလိမ့်မယ်လို့ ဆိုပါတယ်။

ဘိုလစ်ဗီးယားနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားပြီး လိုင်စင်ရ ပြည့်တန်ဆာအိမ်တွေမှာ စည်းမျဉ်းကန့်သတ်ချက်တွေရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေရှိနေလို့ ပြီးခဲ့တဲ့မတ်လက ဘိုလစ်ဗီးယားနိုင်ငံမှာ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကန့်သတ်ချက်တွေကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးခဲ့ပါတယ်။ ဘိုလစ်ဗီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၀၀၀ လောက် ရှိနေပြီး လူ ၁၈၉၈ ယောက် သေဆုံးခဲ့ပါတယ်။ ဘိုလစ်ဗီးယားနိုင်ငံရဲ့ ယာယီသမ္မတ အေနက်ဇ်ချာဗက်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top