ဒေါ်နယ်ထရမ့်ရဲ့ တူမဖြစ်သူ ရေးသားထားတဲ့စာအုပ်က စထွက်တဲ့နေ့မှာ အုပ်ရေတစ်သန်းနီးပါး ရောင်းချခဲ့ရ

11-7-2020-yyl-009.jpg

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ပတ်သက်ပြီး သူ့ရဲ့တူမဖြစ်သူ ရေးသားထားတဲ့စာအုပ်သစ်ဟာ အမေရိကန်နိုင်ငံမှာ စတင်ရောင်းချခဲ့တဲ့ ပထမဆုံးနေ့မှာပဲ အုပ်ရေတစ်သန်းနီးပါး ရောင်းချခဲ့ရတယ်လို့ ထုတ်ဝေသူက ပြောပါတယ်။ ရလေလိုလေ အိုတစ္ဆေ၊ ကျွန်မတို့မိသားစုက ကမ္ဘာ့အန္တရာယ်အရှိဆုံးအမျိုးသားကို မွေးထုတ်မိခဲ့တဲ့အကြောင်း (Too Much and Never Enough: How My Family Created the World’s Most Dangerous Man)လို့ အမည်ပေးထားတဲ့ စာအုပ်ဟာ ဒေါ်နယ်ထရမ့်ရဲ့ပုံရိပ်ကို မိသားစုအတွင်းလူတစ်ယောက်က ကွက်ကွက်ကွင်းကွင်း ရေးသားပုံဖော်တဲ့ ပထမဆုံးစာအုပ်ဖြစ်ပါတယ်။ စာအုပ်ရေးသားသူ မေရီထရမ့်က စိတ်ရောဂါပညာရှင်တစ်ယောက်ပါ။ မေရီထရမ့်ရဲ့အဖေက ဒေါ်နယ်ထရမ့်တို့ရဲ့အစ်ကိုအကြီးဆုံး ဖရက်ဒ်ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ မောက်မာထောင်လွှားသူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပီတိဖြစ်နေသူတစ်ယောက်ရဲ့ လက္ခဏာမျိုးရှိတယ်လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က သူ့ရဲ့စာအုပ်ကို စတင်ဖြန့်ချိချိန်မှာ အော်ဒီယို၊ ဒစ်ဂျစ်တယ်ဗားရှင်းတွေနဲ့ အကြိုမှာယူမှုတွေအပါအဝင် အုပ်ရေ ၉၅၀၀၀၀ ရောင်းချခဲ့ရပြီး အဲဒီပမာဏက ဆိုင်မွန်နှင့် ရှူးစတားစာအုပ်တိုက်ရဲ့စံချိန်တင်ရောင်းချရမှုဖြစ်ပါတယ်။ အိမ်ဖြူတော်ကတော့ ဒီစာအုပ်ဟာ အလိမ်အညာတွေကို ရေးသားထားတဲ့စာအုပ်ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ညီဖြစ်သူ ရောဘတ်ထရမ့်က ဒီစာအုပ်မထွက်နိုင်အောင် တရားရုံးမှာ သွားရောက်ရင်ဆိုင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ နောက်ထပ်မှာယူမှုတွေ ရရှိထားလို့ အမေရိကန်ဈေးကွက်တစ်ခုတည်းမှာတင် အုပ်ရေ ၁.၁၅ သန်း ရောင်းချရဖို့ရှိနေပြီး ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေမှာ အမေဇုန်ရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်စာရင်းမှာလည်း နံပါတ်(၁)နေရာ ရပ်တည်နေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top