သရုပ်ဆောင်ကနေ ရုပ်ရှင်ဒါရိုက်တာအဖြစ်ကူးပြောင်းသွားခဲ့တဲ့ ဟာသသရုပ်ဆောင်မင်းသားကြီး စတီဖင်ချောင်ဟာ ဇာတ်ကားတွေမှာ ပါဝင်သရုပ်မဆောင်တော့တာကြာပါပြီ။ သူ ရိုက်ကူးထားတဲ့ Kung Fu Soccer က လက်ရှိမှာ ရုံတင်ပြသနေပြီး တရုတ် Box Office မှာ ရုံတင်ဝင်ငွေ ယွမ် ၂ ဘီလျံကျော်ရှိနေပါပြီ။
သူဟာ မကြာသေးခင်ကမှ သူ့ရဲ့ဒီရုပ်ရှင်ကားကို ပရိုမိုးရှင်းဆင်းဖို့အတွက် Dong Yuhui ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပါဝင်လာခဲ့ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပရိသတ်တစ်ယောက်က စတီဖင်ချောင်ကို ဘယ်အချိန်မှာ ပြန်သရုပ်ဆောင်ဖို့ စီစဉ်ထားလဲလို့ မေးမြန်းခဲ့ပါတယ်။ ” အခု ကျွန်တော် သရုပ်ဆောင်ချင်စိတ် အရမ်းမရှိဘူး။ ဇာတ်ရုပ်ကောင်းတာကို စောင့်နေတာလဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုသရုပ်ဆောင်ရလဲဆိုတာ ကျွန်တော် တကယ်မသိတော့ဘူး “လို့ ပြန်ဖြေခဲ့ပါတယ်။
စတီဖင်ချောင်က ၂၀၀၈ ခုနှစ်ရဲ့ CJ7 ဇာတ်ကားမှာ ပါဝင်ခဲ့ပြီးနောက် သရုပ်ဆောင်အလုပ်ကို နားပြီး ဇာတ်ကားရိုက်တာနဲ့ ထုတ်လုပ်ရေးဘက်ကို အာရုံစိုက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီကတည်းက Journey to the West: Conquering the Demons (2013), The Mermaid (2016) နဲ့ Kung Fu Soccer (2026) အပါအဝင် ဇာတ်ကားတွေကို ရိုက်ခဲ့ပါတယ်။
Ref: Stephen Chow Reveals Why He No Longer Acts: “I Really Don’t Know How To Act”
WL (ရိုးရာလေး)

