ဝူဟန်ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်သွားရင် ဆုလာဘ်အနေနဲ့ ချစ်သူကောင်လေးရှာပေးဖို့ အစိုးရကို တောင်းဆိုခဲ့တဲ့ သူနာပြုမလေး

5-3-2020-yyl-027.jpg

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ ဝူဟန်ကို ကူညီပေးနေတဲ့ အသက် (၃၀) အရွယ် သူနာပြုမလေးဟာ ဆုလာဘ်အနေနဲ့ ချစ်သူကောင်လေးလိုချင်တယ်လို့ တရုတ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ အဲဒီသူနာပြုမလေးက “ဆေးရုံမှာ နေ့မအားညမအားအလုပ်အကြာကြီးလုပ်ပြီးနောက် ရောဂါဖြစ်ပွားမှု ပြီးဆုံးသွားတဲ့အခါ တရုတ်နိုင်ငံက ကျွန်မအတွက် ချစ်သူကောင်လေးတစ်ယောက်လောက် ရှာပေးမယ်လို့ ကျွန်မမျှော်လင့်ပါတယ်” လို့ရေးသားခဲ့ပါတယ်။ အစိုးရကို တောင်းဆိုထားတဲ့စာ အပိုင်းအစလေးကိုင်ပြီး ရိုက်ထားတဲ့ပုံဟာ လူအများကြားမှာ ပျံ့နှံ့သွားခဲ့ပြီး လူစိတ်ဝင်စားမှု များလာခဲ့တာဖြစ်ပါတယ်။

ထန်ဖန်ဖန် ဆိုတဲ့ တစ်ကိုယ်တည်းသမား သူနာပြုမလေးက အခုဆိုရင် သူ လက်တွဲဖော်ရှာနေတယ်ဆိုတာကို တစ်နိုင်ငံလုံးသိသွားတဲ့အတွက် အံ့သြမိကြောင်း ဖွင့်ဟထားပါတယ်။ ဝတ်စုံမှာ “ချစ်သူကောင်လေးလိုချင်တယ်” လို့ ရေးထားတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်ကြောင့် သူ အခုလိုရေးခဲ့တာဖြစ်တယ်လို့ ဖန်ဖန်က ပြောပါတယ်။ သူက အရပ် ၅ ပေ ၆လက်မရှိတဲ့အတွက် သူထက်အရပ်ရှည်တဲ့ ကောင်လေးကို မျှော်လင့်နေကြောင့် တရုတ်မီဒီယာကို ပြောခဲ့ပါတယ်။ သူက ဒီအရာကြီးပြီးဆုံးသွားတဲ့အခါ ကောင်းမွန်တဲ့အနာဂတ်ကို ရောက်လာမှာပါလို့ ပြောပြီး ပြည်သူတွေကို အားပေးစကားဆိုခဲ့ပါသေးတယ်။

ထန်ဖန်ဖန်အတွက် အရေးကြီးဆုံးအလုပ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့လူနာတွေကို ကုသပေးဖို့ပါတဲ့။ သူက ဝူဟန်က လူနာတွေကို ကုသပေးဖို့အတွက် ဟူနန်ပြည်နယ်က စေလွှတ်လိုက်တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူက Hospital Affiliated to Hunan Traditional Chinese Medicine Research Institute မှာ တာဝန်ထမ်းဆောင်ဖို့အတွက် သူမကိုယ်တိုင် စာရင်းပေးခဲ့တဲ့ ပထမဆုံးဝန်ထမ်း ဖြစ်တယ်လို့လည်းသိရပါတယ်။ သူ့မိဘတွေကလည်း သူ့ရဲ့ရွေးချယ်မှုကို ထောက်ခံပေးကြပါတယ်။ သူ့အဖေကလည်း ၂၀၀၃ခုနှစ်က SARS ဗိုင်းရပ်စ်ဖြစ်ပွားမှုမှာ ကုသပေးခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ယောက်ပါပဲ။

ထန်ဖန်ဖန် နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ဝူဟန်မြို့က Dahuashan Fang Cang Hospital ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရောက်ရှိခဲ့ပြီး အဲဒီကတည်းက တာဝန်ထမ်း ဆောင်နေခဲ့တာဖြစ်ပါတယ်။ သူက လူနာတွေကို ဆေးကုသပေးတာအပြင် သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေ ပြေလျော့စေဖို့ သူက ဦးဆောင်ပြီး သီချင်းဆိုပြသလို အဖွဲ့လိုက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလည်း လုပ်ပေးရပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်သူတွေလည်း သေဆုံးရသလို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း သေဆုံးနေရပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်က နိုင်ငံ (၈၃) နိုင်ငံအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

Ref: Single nurse, 30, asks China to ‘assign’ her a boyfriend as a reward for helping Wuhan fight killer coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top