အင်းလျားကန်ဘောင်တွင် ပုလင်းပုံစံအမှိုက်ပုံးများ ထားပေးသွားမည်

25-11-2020-yyl-028.jpg

ရန်ကုန် နိုဝင်ဘာ ၂၅

အင်းလျားကန်ဘောင်(ပြည်လမ်းဘက်ခြမ်းနှင့် ကမ္ဘာအေးဘုရားလမ်းဘက်ခြမ်း)နှစ်ဘက်စလုံးတွင် အများ ပြည်သူများစနစ်တကျအမှိုက်စွန့်ပစ်နိုင်ရန်အတွက် ပုလင်းပုံစံအမှိုက်ပုံးများ ထားရှိပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ထားရှိပေးနိုင်ရန်အတွက် Clean Yangon မှ ငွေကျပ် ၈ သိန်းတန်ဖိုးရှိ ပုလင်းပုံစံအမှိုက်ပုံ(၂)ပုံး (တစ်ပုံးလျှင် ၄ သိန်းနှုန်း)ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လှူဒါန်းထားပြီးဖြစ်သည်ဟု Clean Yangon တာဝန်ခံ ကိုဇေယျာထွန်းက ဆိုသည်။

”ဒီအမှိုက်ပုံးတွေကို စည်ပင်သာယာရေးကော်မတီက အင်းလျားကန်ဘောင်မှာ ထားရှိပေးသွားမှာပါ။ ဒါက ပထမဆုံးအကြိမ်လှူဒါန်းတာဖြစ်ပါတယ်။ နောက်လည်း ထပ်လှူဒါန်းသွားဖို့ အစီအစဥ◌်ရှိပါတယ်”ဟု ကိုဇေယျာထွန်းက ပြောသည်။

ပုလင်းပုံစံအမှိုက်ပုံများကဲ့သို့ ဆွဲဆောင်မှုရှိသော အမှိုက်ပုံများသည် စွန့်ပစ်အမှိုက်များကို အမှိုက်ပုံးထဲရောက် စေရန် နည်းလမ်းကောင်းဖြစ်ပြီး ယင်းအမှိုက်ပုံးများကို လူစည်ကားရာနေရာများနှင့် အများပြည်သူ အပန်းဖြေရာ နေရာများတွင် ထားရှိပေးသင့်သည်ဟု ၎င်းက ဆိုသည်။

”ဒီအမှိုက်ပုံးတွေက ပုလင်းခွံ၊ ဘူးခွံတွေစွန့်ပစ်ဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် အမှိုက်အမျိုးအစားလည်း ခွဲခြား ပြီးသားဖြစ်သလို ပုလင်းခွံ၊ ဘူးခွံလိုက်ရှာတဲ့သူတွေလည်း အဆင်ပြေစေတဲ့အတွက် ပရဟိတသဘောလည်း သက်ရောက်ပါတယ်”ဟု ကိုဇေယျာထွန်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအစီအစဥ◌်ဖြင့် မဟာဗန္ဓုလပန်းခြံကဲ့သို့သော အများပြည်သူအပန်းဖြေရာနေရာတချို့တွင် ပုလင်းပုံစံအမှိုက်ပုံများကို ထားရှိပေးထားကြောင်း သိရသည်။

Photo – KST, Clean Yangon

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top