ကပ်ရောဂါအတွင်း ပစ္စည်းပို့သမားအလုပ်အပြင်အချိန်ပိုင်းအလုပ်တွေလုပ်နေတဲ့ လေယာဉ်မှူး

25-11-2020-yyl-034.jpg

အလုပ်အကိုင်အခွင့်အလမ်းက ကျွန်တော်တို့အသက်ရှင်နေထိုင်ဖို့အတွက် ဘဝရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အခုလိုကမ္ဘာ့ကပ်ရောဂါကာလအတွင်းမှာ လူတော်တော်များများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးရှားပါးလာတဲ့အပြင် အလုပ်အကိုင်တွေလည်း ပြောင်းလဲသွားရပါတယ်။ ကပ်ရောဂါအတွင်းမှာ ပစ္စည်းပို့သမားအဖြစ် လုပ်ကိုင်နေကြတဲ့သူတွေကတော့ အလုပ်အရမ်းရှုပ်ကြမှာပါ။ ဒီကာလမှာ အွန်လိုင်းပေါ်ကနေ ပစ္စည်းမှာယူတဲ့၊ အစားအစာမှာယူတဲ့နှုန်းက မြင့်တတ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် အလုပ်နားထားရတဲ့သူတွေကတော့ ပစ္စည်းပို့သမားအနေနဲ့ အလုပ်အကိုင်ပြောင်းလုပ်နေရပါတယ်။ အဲဒီလူတွေထဲမှာ လက်ရှိ လစ်သူယေးနီးယားနိုင်ငံမှာ နေထိုင်နေတဲ့ ရုရှားလူမျိုးလေယာဉ်မှူး ရိုမန် ဆာဗင် (Roman Savin) လည်း အပါအဝင်ပါပဲ။

အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ရှရှားလေကြောင်းလိုင်းက ဒီလေယာဉ်မှူးကို လူမှုကွန်ယက်အသုံးပြုသူတွေက စိတ်ဝင်စားလို့နေပါတယ်။ ရိုမန်ဟာ Pikabu လို့ခေါ်တဲ့ရှရှားလူမှုကွန်ယက်မှာ လေယာဉ်မှူးကနေ အစားအစာပို့သမားလေးဖြစ်သွားတယ်ဆိုတဲ့ ပုံ (၂) ပုံကို မျှဝေခဲ့ပြီးတဲ့နောက်မှာ နာမည်ကြီးသွားခဲ့တာပါ။ ပုံ (၂) ပုံထဲမှာ (၁) ပုံက ၂၀၁၉ခုနှစ်က ရိုက်ထားတာဖြစ်ပြီး နောက်ထပ် (၁) ပုံကတော့ အခုနှစ်မှ ရိုက်ထားတာပါ။ ရိုမန်က အဲဒီပုံတွေကနေတဆင့် ကပ်ရောဂါမတိုင်ခင်ကနဲ့ အခု သူ့ဘဝ ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာကို ပြချင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉ခုနှစ်က ရိုက်ထားတဲ့ပုံမှာ ရိုမန်က လေယာဉ်မှူးဝတ်စုံဝတ်ပြီး ဓာတ်လှေကားထဲက မှန်ရှေ့မှာ Pose ပေးနေတာပါ။ အခုနှစ်ထဲရိုက်ထားတဲ့ပုံမှာတော့ ပြီးခဲ့တဲ့ကနှစ်နဲ့မတူဘဲ ပစ္စည်းပို့သွားတဲ့အချိန် ဓာတ်လှေကားမှန်ရှေ့မှာ Pose ပေးနေတာဖြစ်ပါတယ်။ ကပ်ရောဂါကြီးက သူ့ကို လေယာဉ်မှူးအဖြစ် အလုပ်လုပ်လို့မရအောင် လုပ်ခဲ့တာကြောင့် သူ့အလုပ်ကို ယာယီပြောင်းလဲလုပ်ကိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ရိုမန်က သူ့အကြောင်းကိုလည်း ပြောပြထားပါတယ်။ “ကျွန်တော် အသက် (၂၃) နှစ်ကောင်လေးတစ်ယောက်ဖြစ်ပြီး လေယာဉ်မှူးအနေနဲ့ လုပ်ကိုင်နေတာ (၃) နှစ်ရှိပါပြီ။ မင်းတို့သိကြတဲ့အတိုင်းပဲ ကပ်ရောဂါက လေကြောင်းလိုင်းတွေကို ရပ်တန့်စေခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က တစ်လကို နာရီပေါင်း (၉၀၁၀၀) လောက် လေယာဉ်ပျံသန်းမောင်းနှင်ရလေ့ရှိတယ်။

အခုနှစ်ကတော့ တစ်နှစ်လုံးမှ စုစုပေါင်း နာရီပေါင်း ၁၄၀ ပဲရှိပါတယ်။ ကျွန်တော့်ကုမ္ပဏီက တချို့လေကြောင်းလိုင်းတွေ ရှိနေသေးတဲ့အတွက် လေယာဉ်မှူးအဖြစ် ဆက်ပြီးလုပ်နေတုန်းပါပဲ။ တစ်လကို လေယာဉ်တစ်ခေါက်လောက်ပဲ ပျံသန်းရပါတယ်။ ဒါကြောင့် လေယာဉ်အပိုပစ္စည်းအရောင်းဆိုင်မှာ အရောင်းကိုယ်စားလှယ်အနေနဲ့ အိမ်ကနေ စတင်လုပ်ကိုင်ခဲ့ပြီး ပိတ်ရက်တွေမှာ အစားအစာပို့သမားအဖြစ် လုပ်ကိုင်ပါတယ်။ ဒီအလုပ်တွေကို အတော်လေး ကြိုက်ပါတယ်။ ကွန်ပျူတာရှေ့မှာ ရက်သတ္တပတ်လောက် အလုပ်လုပ်ကိုင်ပြီးရင် မြို့အနှံ့သွားရတယ်။ လူတွေကို မြင်တွေ့ရတယ်။ အစားအစာတွေပို့ရင် ကြိုက်နှစ်သက်တဲ့ ဂီတသံစဉ်တွေလည်း နားထောင်ရတယ်” လို့ ရိုမန်က ပြောပါတယ်။

ကပ်ရောဂါကြီးက သူ့ကို အချိန်ပိုင်းအလုပ်တွေ လုပ်ကိုင်စေခဲ့ပေမဲ့ အခုလိုကာလမှာ ဒီလိုအလုပ်အကိုင်တွေလုပ်နေရတာကိုပဲ မဆိုးဘူးလို့ ရိုမန်က လက်ခံထားပါတယ်။

Ref: Boredpanda “Many People Relate To This Russian Pilot Who Had To Switch His Career To Become A Food Delivery Driver”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top