TikTok က အွန်လိုင်းအသုံးပြုသူများ ဘေးကင်းလုံခြုံရေးနှင့် ပိုမိုကောင်းမွန်သော အသုံးပြုမှုဆိုင်ရာ အတွေ့အကြုံဖန်တီးပေးနိုင်ရန် #BeSafeWithSoe အစီအစဉ်ဖြင့် အသိပညာပေးမြှင့်တင်ခဲ့

21.8.23-yyl-20.jpg

TikTok က အသုံးပြုသူများအနေဖြင့် တီထွင်ဖန်တီးနိုင်စွမ်းကို လွတ်လပ်စွာ ဖော်ပြနိုင်ပြီး စစ်မှန်ကာ စွဲမက်ဖွယ်ကောင်းသော ဗီဒီယို အကြောင်းအရာများကို တင်ဆက်နိုင်သည့် နေရာတစ်ခုကို ဖန်တီးပေးမည့် ကတိကဝတ်ကို အလေးပေးဖော်ဆောင်လျက် ရှိသည်။ TikTok ၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များသည် မတူကွဲပြားသော ဖော်ပြမှုပုံစံအမျိုးမျိုးကို တန်ဖိုးထား ကြိုဆိုပြီး အားလုံးပါဝင်နိုင်သည့် လူမှုအသိုင်းအဝိုင်းတစ်ခုကို ဖန်တီးပေးရန် အခြေခံပြီး ရေးဆွဲထားပါသည်။

TikTok အပေါ် ယုံကြည်စိတ်ချရမှုနှင့် ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြည့်ရှုသူ အထင်အမြင် လွဲမှားစေတတ်သော ဗီဒီယိုအကြောင်းအရာများကို အစဉ်တစိုက် ကိုင်တွယ်ဖော်ထုတ်ခြင်းအားဖြင့် အသုံးပြုသူများအားလုံးအတွက် ဘေးကင်းလုံခြုံသည့် အသိုင်းအဝိုင်းကို ဖန်တီးလျက်ရှိပါသည်။

TikTok သည် မြန်မာနိုင်ငံရှိ အသုံးပြုသူများ၏ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအစဥ်များကို အစဥ်တစိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ TikTok ကို အသုံးပြုမှုဆိုင်ရာနှင့် ပတ်သက်သော အချက်အလက်များကို အစဥ်မျှဝေလျက်ရှိသည့်အပြင် ကျန်းမာရေး ပံ့ပိုးမှုဆိုင်ရာ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်များ ပါဝင်သည့် Digital Literacy Website ကိုလည်း ထားရှိပေးထားပါသည်။ ထပ်မံကြိုးပမ်းမှုတစ်ရပ်အနေဖြင့် မကြာသေးမီကပင် TikTok အသုံးပြုမှုဆိုင်ရာ အသိပညာပေးဗီဒီယို ၁၀ ခု ပါဝင်သော “Be Safe with Soe” အမည်ရှိ ဗီဒီယိုအပိုင်းဆက်များကို ဖန်တီးမိတ်ဆက်ခဲ့သည်။

ဗီဒီယိုတွင် ပါဝင်သော ဇာတ်ကောင်များသည် မြန်မာနိုင်ငံရှိ TikTok သုံးစွဲသူများအပြင် ၎င်းတို့၏ လူမှုအသိုင်းအဝိုင်း အသီးသီးကို ကိုယ်စားပြုထားပြီး ပြည်တွင်းရှိ အသံသရုပ်ဆောင်များမှ ပါဝင်သရုပ်ဖော်ထားကြပါသည်။ မြန်မာနိုင်ငံရှိ TikTok အသုံးပြုသူများကို အသိပညာပေးမြှင့်တင်ရန်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပဏာမခြေလှမ်းများကို အရှိန်မြှင့်တင်ရန်အတွက် အဆိုပါ ဗီဒီယိုများကို Tik Tok ၏ Digital Literacy Website တွင် ထားရှိထားပြီဖြစ်ပါသည်။
TikTok အနေဖြင့် အသုံးပြုသူများ၏ ဘေးကင်းလုံခြုံရေးကို ပထမ ဦးစားပေးအဖြစ် ခံယူထားသည့်အပြင် မြန်မာနိုင်ငံတစ်ဦးချင်းစီအတွက် ဘေးကင်းလုံခြုံပြီး အပြုသဘောဆောင်သော အွန်လိုင်းအသိုင်းအဝိုင်းတစ်ခုကို ဖန်တီးပေးရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ TikTok အနေဖြင့် ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်၍ လုပ်ဆောင်စရာများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး TikTok က မိတ်ဆက်ပေးသည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ရှာဖွေ အသုံးပြုတတ်ရန် နည်းလမ်းအသစ်များကိုလည်း အမြဲတစေ ရှာဖွေ မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

TikTok အသုံးပြုသူများအတွက် လိုအပ်သော လုပ်ဆောင်ချက်များနှင့် သတင်းအချက်အလက်များကို အသိပေးမျှဝေပေးခြင်းဖြင့် မျှတကောင်းမွန်မှု၊ မည်သူမဆိုပါဝင်နိုင်မှုနှင့် အွန်လိုင်းတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပါဝင်ပတ်သက်မှုကို အားပေးသည့် ဒစ်ဂျစ်တယ်အဝန်းအဝိုင်းကို ဖန်တီးတည်ဆောက်သွားနိုင်မည်ဟု TikTok က ယုံကြည်ပါသည်။

TikTok ၏ လူမှုအသိုင်းအဝိုင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ ကတိကဝတ်ကို ပုံဖော်သည့်အနေဖြင့် TikTok ပလက်ဖောင်းပေါ်၌ ပိုမိုပျော်ရွှင်ဖွယ်ကောင်းပြီး ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံကို ဖန်တီးရန် ရည်ရွယ်ချက်နှင့် အတူ ယခုမိတ်ဆက်ခဲ့သည့် ဗီဒီယိုအပိုင်းဆက်တွဲများတွင် နောက်ဆုံးပေါ် TikTok ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် အသိပညာပေး မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်းထားပါသည်။ ၎င်းကြိုးပမ်းမှုမှ တစ်ဆင့် အသုံးပြုသူများအနေဖြင့် မိမိတို့ ကြည့်ရှုရန် ရွေးချယ်သော အွန်လိုင်းအကြောင်းအရာ အမျိုးအစားများအကြောင်းကို ပိုမိုပိုင်းခြားသိမြင်လာစေရန်အပြင် ကြည့်ရှုရန် မသင့်လျော်သော အကြောင်းအရာများကို သတိပြုမိရန်နှင့် တစ်ခါတည်း တိုင်ကြားနိုင်ရန် အသိပညာပေးထားသည်။
မကြာသေးမီက မိတ်ဆက်ထားသော “Be Safe with Soe” အစီအစဉ်တွင် ပါဝင်သည့် ဗီဒီယိုစီးရီး အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

အကြောင်းအရာ ဦးစားပေးမှုများ – အသုံးပြုသူများအနေဖြင့် မိမိ စိတ်ဝင်စားသည့် အကြောင်းအရာပေါ်မူတည်၍ ကြည့်ရှုရမည့် Feed ကို စိတ်ကြိုက်ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။ “For You Page” တွင် မိမိ ကြိုက်နှစ်သက်သည့် အကြောင်းအရာအပေါ် အခြေခံ၍ ရွေးချယ်ထားသော Keyword များနှင့် သက်ဆိုင်သည့် ဗီဒီယိုများသာ ပေါ်လာမည်ဖြစ်သည့်အတွက် ပိုမိုကောင်းမွန်သော သုံးစွဲမှု အတွေ့အကြုံရရှိမည်ဖြစ်ပါသည်။

သတင်းမှားမျှဝေခြင်း – ဗီဒီယိုအကြောင်းအရာ မမျှဝေမီ မှားယွင်းသော၊ အထင်လွဲမှားစေနိုင်သော အချက်အလက်များမျှဝေခြင်းမှ ကာကွယ်ရန် အသုံးပြုသူများက သတင်းအချက်အလက်များကို သေချာပြန်လည် စစ်ဆေးရန် တိုက်တွန်းထားပါသည်။

Online Challenge များတွင် ပါဝင်ခြင်း – အသုံးပြုသူများအနေဖြင့် ကျန်းမာရေးနှင့် မညီညွတ်သော၊ အန္တရာယ်ရှိသော Challenge များကို ရှောင်ရှားရန် မည်သို့ဆန်းစစ်ရမည်ကို အသိပညာပေးထားပါသည်။

တိုက်ရိုက်စာတိုပေးပို့ခြင်း – အသုံးပြုသူများအနေဖြင့် Unknown User များ သို့မဟုတ် မိမိ၏ TikTok အသိမိတ်ဆွေအသိုင်းအဝိုင်းတွင် မရှိသော User များထံမှ မလိုလားအပ်သော စာတိုပေးပို့ခြင်းကို ရှောင်ရှားရန် DM စာပို့ခြင်းလုပ်ဆောင်ချက်ကို ဖွင့်၊ ပိတ် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
ကြည့်ရှုချိန် စီမံခန့်ခွဲခြင်း- အသုံးပြုသူများမှ ကြည့်ရှုချိန်ကို မိနစ် ၄၀၊ ၆၀၊ ၉၀ သို့မဟုတ် ၁၂၀ မိနစ် (၂ နာရီခန့်) ကိုရွေးချယ်သတ်မှတ်ကာ နေ့စဥ် TikTok ကြည့်ရှုချိန်ကို လိုတိုး ပိုလျှော့ သတ်မှတ်နိုင်မည်ဖြစ်ပါသည်။

(Family Pairing) – မိဘများအနေဖြင့် ၎င်းတို့၏ ဆယ်ကျော်သက် လူငယ်များ ကြည့်ရှုရန်အတွက် မသင့်လျော်ဟု ယူဆသည့် ဗီဒီယိုအကြောင်းအရာများကို ကန့်သတ်နိုင်မည်ဖြစ်ပါသည်။
TikTok ၏ လုပ်ဆောင်ချက်အသစ်များဖြင့် မိဘများ သို့မဟုတ် အုပ်ထိန်းသူများသည် ၎င်းတို့၏ ဆယ်ကျော်သက် လူငယ်များ အွန်လိုင်း အသုံးပြုသည့်အချိန်ကို လိုအပ်သလို ကန့်သတ်နိုင်ပြီဖြစ်ပါသည်။ ဥပမာအားဖြင့်၊ TikTok သည် ၁၃ -၁၅ နှစ်အရွယ်များအတွက် ည ၉ နာရီတွင် စာပေးပို့မှု လုပ်ဆောင်ချက်ကို ချက်ချင်းပိတ်ခြင်းဖြင့် အသက်မပြည့်သေးသော အသုံးပြုသူများကို ပိုမို ဘေးကင်းလုံခြုံသောအတွေ့အကြုံရရှိစေရန် အကာအကွယ်ပေးထားလျက်ရှိပါသည်။

မိဘများသည် TikTok ၏ Family Pairing လုပ်ဆောင်ချက်မှ တစ်ဆင့် ၎င်းတို့၏ ဆယ်ကျော်သက် လူငယ်များ၏ အကောင့်များတွင် ဗီဒီယိုအကြောင်းအရာ ကန့်သတ်သည့် လုပ်ဆောင်ချက်ကို ဖွင့်နိုင်ပြီဖြစ်ပြီး ၎င်းတို့၏ အသက်အရွယ်နှင့် မသင့်လျော်သော ဗီဒီယိုများကို ရှာဖွေခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။

Digital Literacy Hub သည် TikTok အသုံးပြုသူများအတွက် အသိပညာပေးဆိုင်ရာ အကြောင်းအရာများ မျှဝေရာတွင် TikTok နှင့် ပြည်တွင်း အကြောင်းအရာဖန်တီးသူများကြား ပူးပေါင်းဆောင်ရွက်ခြင်းကို မီးမောင်းထိုးပြခြင်းတစ်ခုလည်းဖြစ်ပါသည်။ TikTok ၏ Digital Literacy Hub တွင် အသုံးပြုသူများသည် စိတ်ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် လုပ်ဆောင်ချက်များအကြောင်း အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် အခြား အကြောင်းအရာ ဖန်တီးသူများထံမှ မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ စိတ်အားတက်ဖွယ်ရာ ဗီဒီယိုအကြောင်းအရာများကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

TikTok မှ အသုံးပြုသူများ၏ ဘေးကင်းလုံခြုံရေးကို အဓိက ဦးစားပေးသည့် ကတိကဝတ်ကို မပြောင်းမလဲ လုပ်ဆောင်လျက်ရှိပါသည်။ ထို့ပြင် TikTok ပလက်ဖောင်းပေါ်တွင် အသုံးပြုသူများ၏ အတွေ့အကြုံကို မြှင့်တင်ရန်အတွက် ဆန်းသစ်သော ချဉ်းကပ်မှုများနှင့် အဖြေများကို ရှာဖွေခြင်းဖြင့် အစဉ်မပြတ် ကြိုးစားလျက်ရှိပါသည်။

Digital Literacy Website မှ တစ်ဆင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များအကြောင်း ပိုမိုသိရှိရန် ဤ Link ကို နှိပ်ပါပြီး ကြည့်ရှုနိုင်ပါသည် : https://rb.gy/2dgnx

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top