“ဈေးအတန်ဆုံး 50MP ဖုန်း”ဆိုသည့် realme C33 ဈေးနှုန်းကို ထုတ်ပြန်

27-10-2022yyl30.jpg

“ဈေးအတန်ဆုံး 50MP ဖုန်း” ဆိုသည့် realme C33 ကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ realme Myanmar အွန်လိုင်းစာမျက်နှာကနေ စတင်မိတ်ဆက်လိုက်ပါပြီ။ realme C33 ကို ဗားရှင်းနှစ်မျိုးဝယ်ယူနိုင်ပြီး 3GB+32GB အတွက် ၃၆၉,၉၀၀ ကျပ်နှင့် 4GB+64GB အတွက် ၃၉၉,၉၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်ပါသည်။ Aqua Blue နှင့် Night Sea ဆိုပြီး အရောင်နှစ်မျိုးထဲမှ ရွေးချယ်နိုင်မည်ဖြစ်သည်။

ဈေးနှုန်းတန်ပြီး အကောင်းဆုံး 50MP CHDR ကင်မရာ၊ ရင်ခုန်စွဲမက်ဖွယ်ရာ Boundless Sea Design realme C33 ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး မြန်မာတစ်ပြည်လုံးမှ realme အရောင်းကောင်တာရှိသည့် ဖုန်းဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

realme C33 မှာ စွမ်းဆောင်ရည်မြင့် Unisoc T612 processor ပါဝင်ပြီး realme C33 ၏ အားသာချက်မှာ အကောင်းဆုံး 50MP CHDR ကင်မရာ ပါဝင်ခြင်းဖြစ်သည်။ ပုံမှန် HDR အလင်းအမှောင်ချိန်ညှိမှုများထပ် ပိုမိုကောင်းမွန်သည့် CHDR algorithm နည်းပညာပါဝင်သဖြင့် 50MP Mode တွင် HDR စနစ်ဖွင့်ပြီး ပုံရိုက်ကူးရာတွင် ကြည်လင်ပြတ်သားသည့်ပုံရိပ်များကိုရရှိစေနိုင်မှာဖြစ်သည်။

realme C33 ဒီဇိုင်းသည် အကန့်အသတ်မဲ့ ပင်လယ်ပြင်အလှတရားကို စိတ်ကူးပုံဖော်ထားသည့် Boundless Sea Design မျိုးဖြစ်ပြီး နောက်ကျောဘက်ဒီဇိုင်းကို ကြည့်လိုက်လျှင် ပင်လယ်ကမ်းခြေမှ အမှတ်တရများ ပြန်လည်အမှတ်ရစေမည့် ခံစားချက်မျိုးရရှိစေမှာဖြစ်သည်။ မတူညီသည့် ရှုထောင့်အမျိုးမျိုးကကြည့်မည်ဆိုလျှင် realme C33 မှာ ရုပ်ကြွအလင်းသက်ရောက်မှုမျိုးအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။

အလင်းရောင်ပြန်နေသော သဲမှုန်မျက်နှာပြင်နှင့် တစ်ဖျက်ဖျက်တောက်ပနေသော အပေါ်ယံအလွှာတို့ဖြင့်ဖုံးအုပ်ထားခြင်းကြောင့် ပိုမိုကြည်လင် ဖောက်မြင်နိုင်သော ရေစီးဆင်းနေသည့် အသွင်မျိုးအဖြစ်
ပေးစွမ်းစေနိုင်မည်ဖြစ်သည်။ ပရီမီယမ် 2D composite PC နှင့် PMMA ဖြင့်ဖွဲ့စည်းထားသည့် အတွက် ပုံမှန် Polycarbonate ထက်များစွာ မာကြောကျစ်လျစ်ပြီး လက်ထဲတွင် ကိုင်ဆောင်ထားလျှင် ပေါ့ပါးသည့် ခံစားမှုကိုပါ တစ်ပြိုက်နက်ရရှိစေမည် ဖြစ်သည်။

အလွန်ပါးလွှာသည့် ၈.၃မီလီမီတာ အထူရှိပြီး လှပသပ်ရပ်သော ထောင့်မှန်ဘေးဘောင်များကြောင့် သက်သောင့်သက်သာ ကိုင်တွယ်အသုံးပြုနိုင်သည်။ လျင်မြန်သော ဘေးဘက်ခလုပ် လက်ဗွေဖတ်စနစ်နှင့်အတူ ၆.၅ လက်မ မြင်ကွင်းကျယ် မျက်နှာပြင်နှင့် ကြီးမားသော 5000 mAh ဘက်ထရီ ပါဝင်သောကြောင့် တစ်နေ့တာစိတ်တိုင်းကျ အသုံးပြုနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top