တရုတ်နိုင်ငံ၊ ချုံချင့်မြို့က ၂ နှစ်ကလေးလေးဟာ လူနေအဆောက်အဦးရဲ့ အထပ် ၂၀ လသာဆောင်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။ ဒီဖြစ်ရပ်က ဇွန်လ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အဘွားဖြစ်သူက သူ့မြေးလေးအိပ်မောကျနေတုန်း တစ်ယောက်တည်းထားပြီး မိနစ်အနည်းငယ်လောက် အပြင်ထွက်သွားခဲ့တာပါ။ အဲ့ဒီကလေးလေးဟာ အထပ် ၂၀ ကနေ ပြုတ်ကျခဲ့ပေမဲ့ ကံသီလို့ အသက်ရှင်ခဲ့ပါတယ်။
ကလေးလေး အသက်ရှင်ခဲ့တာဟာ အံ့ဩဖွယ်ကောင်းလှပါတယ်။ သူ ပြုတ်ကျတဲ့အချိန် သစ်ပင်တစ်ပင်ပေါ်ကျခဲ့ကာ အဲ့ဒီသစ်ပင်ရဲ့သစ်ကိုင်းက ကျိုးသွားပြီးတော့ ချုံပုတ်ပေါ်ကျသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်အပြင် သူ့ကို ကယ်တင်ပေးခဲ့သူတွေရဲ့ဖြတ်ထိုးဉာဏ်ကောင်းမှုကြောင့်ပါကလေးလေးဟာ အသက်ရှင်လွတ်မြောက်ခဲ့ရတာပါ။ ကလေးလေးက အရိုးကျိုးတာနဲ့ အတွင်းဒဏ်ရာတွေရခဲ့ပြီး ဆေးကုသမှုခံယူနေရပါတယ်။

အဲ့ဒီနေ့ မနက် ၈ နာရရီ ၄၇ မိနစ်လောက်မှာ အသက် ၅၀ အရွယ်လုံခြုံရေးသမားဟာ ဝန်းအတွင်း အချက်ပေးသံတစ်ခုကြားခဲ့ရပါတယ်။ သွေးတွေထွက်နေတဲ့ ချန်ချန်ကို ပွေ့ထားတဲ့ အဘွားဖြစ်သူကို လုံခြုံရေးသမားက တွေ့ခဲ့ရပါတယ်။ ကလေးလေးရဲ့အဖေဖြစ်သူကိုလည်း အကြောင်းကြားထားခဲ့ပြီး မကြာခင်မှာ ရောက်လာခဲ့ပါတယ်။ အရေးပေါ်ကားရောက်ဖို့ စောင့်နေမယ့်အစား လုံခြုံရေးသမားက ကလေးလေးကို ပွေ့ချီပြီး မီတာ ၈၀၀ မှာ ရှိတဲ့ အနီးနားဆေးရုံဆီ ပြေးခဲ့ပါတယ်။
မီတာ ၆၀၀ လောက်ရောက်တော့ လုံခြုံရေးသမား ပင်ပန်းသွားခဲ့ပေမဲ့ ဆီဆိုင်မှာ တာဝန်ကျနေတဲ့ ရဲအရာရှိနဲ့ တွေ့ခဲ့ပါတယ်။ အဲ့ရဲအရာရှိက ကလေးလေးကို ပွေ့ချီပြေးပြီး ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ဆေးရုံရောက်တော့ မနက် ၈ နာရီ ၅၇ မိနစ်ရှိပါပြီ။ ကလေးဆေးရုံက ဆရာဝန်နဲ့ သူနာပြုတွေက ကလေးလေးကို ကုသဖို့ အလျင်အမြန်လုပ်ဆောင်ခဲ့ပါတယ်။ ကလေးလေးကို ကုသခဲ့တဲ့ ဆရာဝန်က ကလေးလေး စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ပြောခဲ့တာပါ။ ကလေးလေးက သွေးအတွင်းအောက်ဆီဂျင်လည်း ထိုးကျနေခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ ဆရာဝန်တွေက ကလေးလေးရဲ့အခြေအနေတည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
Ref: Boy, 2, in China falls 20 storeys from building & survives
WL ( ရိုးရာလေး)