ကားတာယာ လေကျွတ်တွေကို နှာခေါင်းနဲ့လေမှုတ်သွင်းကာ ဂင်းနစ်စံချိန်တင်သူ

တရုတ်နိုင်ငံသားတစ်ဦးဟာ ကားတာယာကွင်းအတွင်းက လေကျွတ်တွေကို နှာခေါင်းပေါက် တစ်ဘက်တည်းနဲ့ လေမှုတ်သွင်းပြီး ဂင်းနစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာနေထိုင်သူ Tang Fehui ဟာ နန်းကျင့်မြို့မှာကျင်းပတဲ့ပြပွဲတစ်ခုအတွင်း ကားတာယာကွင်းအတွင်းက လေကျွတ် ၁၂ ခုကို နှာခေါင်းတဘက်တည်းနဲ့ တစ်ဆက်တည်း လေမှုတ်သွင်းပြခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တရုတ်နိုင်ငံသားဟာ ပြီးခဲ့တဲ့လက ကားတာယာ ၆ ခုကို နှာခေါင်းတစ်ဘက်တည်းနဲ့ လေမှုသွင်းမှု ပြုလုပ်ခဲ့သေးတာဖြစ်ပြီး အဲဒီစံချိန်ကို အခုအခါမှာ ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားဟာ လေကျွတ်တွေကို နှာခေါင်းပေါက် တစ်ဘက်တည်းနဲ့ လေမှုတ်သွင်းဖို့အတွက် ၂ မိနစ် ကျော်သာ ကြာခဲ့တယ်လို့သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့လတုန်းက ကားတာယာ လေကျွတ်တွေကို နှာခေါင်းနဲ့ လေမှုတ်သွင်းတာအတွက် ဂင်းနစ်မှတ်တမ်းဝင်စေဖို့ တောင်းဆိုထားခဲ့ပါတယ်။ အွန်လိုင်းကတဆင့် နှာခေါင်းနဲ့ ကားတာယာကျွတ်တွေထဲ လေမှုတ်သွင်းတာတွေကိုကြည့်ခဲ့ပြီးတဲ့နောက် သူလည်း နှာခေါင်းကိုအသုံးပြုပြီး ကျွတ်တွေထဲ လေမှုတ်ထည့်ပြဖို့ စတင်ဆုံးဖြတ်ခဲ့ပါတယ်။

Tang Fehui ဟာ ဆင်းရဲမိသားစုကနေ မွေးဖွားလာခဲ့တာဖြစ်ပြီး ကားတာယာ ပြုပြင်တဲ့လုပ်ငန်းကို ပြောင်းလဲလုပ်ခဲ့ပြီးနောက် ကားတာယာလုပ်ငန်းကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ သူဟာ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ အသက်ရှုနည်းစနစ်တွေကို နှစ်နဲ့ချီ လေကျင့်မှုတွေ လုပ်ခဲ့သလို ဘက်စုံသုံး ကိုယ်ခံပညာတွေကိုလည်း လေကျင့်သင်ကြားခဲ့ပါတယ်။ Tang Fehui ဟာ နှာခေါင်းနဲ့ ကားတာယာကျွတ်တွေကို အခုလို လေမှုတ်သွင်းပြတဲ့ ပြကွက်ကို နိုင်ငံတဝှမ်းက ပြပွဲ ၂၀ ကျော်မှာ ပြသခဲ့ပြီး ဖြစ်ပါတယ်။

Ref: Man Inflates 12 Tyre Tubes by Blowing Air Through One Nostril, Sets New World Record

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top