ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ကောင်မလေးကို မမေးသင့်တဲ့ မေးခွန်းများ

r2.jpg

သင် ကြိုက်နေတဲ့ကောင်မလေးနဲ့ ပထမဆုံး ချိန်းတွေ့ရတော့မယ်ဆိုရင် အဲဒီနေ့ကို နောက်ဆုံးနေ့ ဖြစ်အောင် မလုပ်မိဖို့ အရေးကြီးပါတယ်။ ပထမဆုံးတွေ့တဲ့နေ့က နောက်တစ်ခါ ပြန်တွေ့သင့်၊ မတွေ့သင့်ဆုံးဖြတ်လို့ရပါတယ်။ ချိန်းတွေ့တဲ့အခါ အပြောအဆိုကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ကောင်မလေးကို မျက်နှာပျက်သွားစေမဲ့ ပေါက်ကရမေးခွန်းတွေ မေးမြန်းခြင်းနဲ့ ပထမဆုံးတွေ့ဆုံတဲ့နေ့ကို မပျက်စီးပစ်ပါစေနဲ့။ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ကောင်မလေးကို မမေးသင့်တဲ့ မေးခွန်းတချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

အတိတ်က အကြောင်းတွေ ပြောပြပါလား


အခုမှ သင်နဲ့ ပထမဆုံး စတွေ့တဲ့နေ့မှာ ကောင်မလေးတွေက သူနဲ့ မသိသေးတဲ့သူတစ်ယောက်ရဲ့ရှေ့မှာ သူ့ရဲ့ အတိတ်က အကြောင်းတွေကို ပြောပြမှာမဟုတ်ပါဘူး။ သူ့ကို အဲဒီလို မေးခွန်းမျိုး သွားမမေးမိပါစေနဲ့။ အချိန်ပေးလိုက်ပြီး သူ ကိုယ်တိုင် ပြောလာတဲ့အချိန်ထိ စောင့်ဆိုင်းကြည့်လိုက်ပါ။

ကားမောင်း ကျွမ်းလား


သင်ဟာ တစ်စုံတစ်ယောက်ရဲ့ ကားမောင်းစွမ်းရည်ကို သံသယဖြစ်နေရင် ကောင်မလေးတွေက သူတို့ကို ကျားမ ခွဲခြားဆက်ဆံတယ်လို့် ထင်စေပါတယ်။ အဲဒီလိုမေးခွန်းမျိုးက သူတို့ရဲ့စွမ်းဆောင်ရည်ကို အထင်သေးသလို ဖြစ်စေတာကြောင့် မမေးမိပါစေနဲ့။

ဝင်ငွေ ဘယ်လောက်ရှိလဲ


ဒီလိုမေးခွန်းမျိုးကို သူနဲ့ အရမ်းရင်းနှီးသွားတဲ့အခါမှာသာ မေးဖို့ ကြိုးစားကြည့်ပါ။ ငွေအကြောင်း၊ လစာအကြောင်းကို နောက်ပိုင်းကျရင် ပြောပြပါလိမ့်မယ်။

အကြီးမားဆုံးနောင်တက ဘာလဲ


နောက်ထပ် ကိုယ်ရေးကိုယ်တာဆန်တဲ့ မေးခွန်းက သင်တို့ရဲ့ တွေ့ဆုံပွဲကို အဆိုးရွားဆုံးဖြစ်စေနိုင်ပါတယ်။ ပထမဆုံးတွေ့တဲ့နေ့မှာ ဘယ်သူမှ ကိုယ်ရဲ့ လျှို့ဝှက်ချက်၊ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောချင်ကြမှာမဟုတ်ပါဘူး။ သင်နဲ့အနက်ရှိုင်းဆုံးဆက်ဆံရေးဖြစ်သွားတဲ့အခါမှ သူရဲ့လျှို့ဝှက်ချက်တွေကို မျှဝေကြမှာပါ။

ကျွန်တော် ဘယ်လိုပုံစံရှိလဲ


သင်ဟာ ဒီလိုမေးခွန်းကို မေးလိုက်မယ်ဆိုရင် ကောင်မလေးကို သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့သူ၊ တစ်စုံတစ်ယောက်ရဲ့ အကူအညီကို လိုအပ်တဲ့သူလို့ ထင်စေပါတယ်။

ယောကျာ်းလေးတွေနဲ့တန်းတူ အခွင့်အရေး ရရှိချင်တဲ့သူလား

မိန်းကလေးတိုင်းက ယောကျာ်းလေးနဲ့ တန်းတူ အခွင့်အရေး ရရှိချင်တဲ့သူတွေပါပဲ။ လူတိုင်းက တန်းတူအခွင့်အရေးတွေနဲ့ ထိုက်တန်ကြပြီး ဘယ်သူမှ သူတို့ရဲ့ ရွေးချယ်မှုကို အကဲဖြတ်လို့မရပါဘူး။ အဲဒီလိုမေးခွန်းမျိုးမေးခြင်းက ကျွန်တော်တို့ အသက်ရှုဖို့ ဘာကြောင့် အောက်စီဂျင်လိုတာလဲလို့ စဉ်းစားနေသလိုပါပဲ။

ကဲ…ပထမဆုံးချိန်းတွေ့တဲ့နေ့ကို နောက်ဆုံးနေ့မဖြစ်အောင် ကောင်မလေးတွေကို အဲဒီလိုမေးခွန်းမျိုးတွေ မမေးမိစေနဲ့နော်…။

Ref: “Questions women hate being asked on a date”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top