ဝိတ်တက်လာစေနိုင်မယ့် မနက်ခင်းအလေ့အကျင့်ဆိုးများ

30-4-2020-yyl-001.jpg

ကိုယ်အလေးချိန်တက်နေတဲ့ သူတွေကတော့ ဝိတ်ကျဖို့ကို အမြဲတမ်းစိတ်ထဲမှာ တွေးလို့နေကြမှာပါ။ အစားအစာကို သင့်တင့်မျှတစွာ စားသောက်နေထိုင်တာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေက သင်ဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် အကောင်းဆုံးနည်းပါပဲ။ ဒါပေမဲ့ ကိုယ်အလေးချိန်ကျဖို့ အခက်အခဲဖြစ်စေတဲ့ အရာတွေတော်တော်များများရှိပါတယ်။ သင့်ကို ဝိတ်တက်စေမယ့်အရာတွေထဲမှာ မနက်ခင်းအလေ့အထဆိုးတွေလည်း အပါအဝင်ပါပဲ။ သင့်ကို ဝိတ်တက်စေမယ့် မနက်ခင်းအလေ့အထဆိုးတွေက ဘာတွေလဲဆိုရင်

နေမြင့်တဲ့အထိ အရမ်းအိပ်စက်ခြင်း

အအိပ်လွန်တာက သင့်ကို ကိုယ်အလေးချိန်မကျစေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ ဒီအချက်က သင့်ကို ဝိတ်တက်လာစေနိုင်ပါတယ်။ တစ်နေ့ကို အိပ်စက်ချိန် (၉) နာရီထက်များပြီးအိပ်တာကို အအိပ်လွန်တယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို (၇) နာရီထက် နည်းပြီး အိပ်စက်မယ်ဆိုရင်လည်း သင့်ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အိပ်စက်တာများရင် အဝလွန်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ နေ့လည်နေ့ခင်း တစ်မှေးလောက်အိပ်တာကလည်း သင့်ခန္ဓာကိုယ်မှာ ဆိုးကျိုးအနည်းငယ်ရှိတယ်လို့ သိထားကြပါတယ်။

မနက်စာ မစားခြင်း

မနက်ခင်းမှာ မနက်စာမစားတာက သင့်ရဲ့ဇီဝဖြစ်စဉ်ကို ထိခိုက်စေနိုင်ပြီး သင့်ရဲ့ခန္ဓာကိုယ်အချိန်စက်ဝိုင်းကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်တက်လာနိုင်ခြေလည်းများပါတယ်။ မနက်စာ မစားဖြစ်ဘူးဆိုရင် တစ်နေ့လုံး လေးလံထိုင်းမှိုင်းသလို ခံစားရမှာဖြစ်ပါတယ်။ ဝိတ်တက်လာနိုင်မယ့်အခွင့်အရေးတိုးလာနိုင်တဲ့ တစ်နေ့လုံး အစာစားချင်စိတ်တွေဖြစ်နေပါလိမ့်မယ်။

တရားထိုင်တာနည်းခြင်း

မနက်ခင်းစောစော တရားထိုင်တာကလည်း သင့်ခန္ဓာကိုယ်က ကီလိုဂရမ်တွေကို လျော့ချပေးဖို့အတွက် အကူညီပေးနိုင်ပါတယ်။ တရားထိုင်တာက စိတ်ဖိစီးမှုဟော်မုန်း (Cortisol) တွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းမညီမျှခြင်းက အစာစားချင်စိတ်တွေ အရမ်းဖြစ်စေပြီး ကိုယ်အလေးချိန်တက်လာစေနိုင်ပါတယ်။ မနက်ခင်းစောစော သင်အိပ်ရာထတဲ့အချိန်မှာ မိနစ်အနည်းငယ်လောက် တရားထိုင်ပေးသင့်ပါတယ်။ တစ်နေ့လုံး လုပ်ရည်ကိုင်ရည်ကိုလည်း တိုးမြှင့်စေမှာဖြစ်ပါတယ်။

အကြောမလျော့ခြင်း

အကြောလျော့လေ့ကျင့်ခန်းက ခန္ဓာကိုယ်ပူနွေးလာဖို့အတွက် အရေးကြီးပါတယ်။ ဒါက ခန္ဓာကိုယ်နာကျင်မှုတွေကိုလည်း ပြေလျော့ပေးနိုင်ပါတယ်။ အကြောလျော့လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ကျဖို့အတွက်လည်း အရေးကြီးပါတယ်။ မနက်ခင်းမှာ မိနစ်အနည်းငယ်လောက် အကြောလျော့လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်အလေးချိန်ကျခြင်းတဲ့သင့်ရဲ့စိတ်ကူးအိပ်မက်ကို ပြည့်ဝစေဖို့ အကူအညီပေးပါလိမ့်မယ်။ ယောဂကလည်း ပုံမှန်လုပ်ပေးရင် ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းအောင် ကူညီပေးနိုင်ပါတယ်။

ရေလုံလုံလောက်လောက်မသောက်ခြင်း

မနက်ခင်းပိုင်းကို ရေတစ်ခွက်နဲ့ စတင်တာက ကောင်းတဲ့အလေ့အထပါပဲ။ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ မနက်ခင်း အိပ်ရာထတာနဲ့ရေကို လုံလုံလောက်လောက်သောက်ပေးသင့်ပါတယ်။ ရေက ခန္ဓာကိုယ်ကို ထိန်းပေးသလို အစာ အရမ်းစားချင်စိတ်ကို တားမြစ်ပေးပါတယ်။ ရေဓာတ်ပြည့်ဝခြင်းကလည်း ကယ်လိုရီကို လောင်ကျွမ်းအောင်ကူညီပေးသလို ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပြီး အစာခြေစနစ်ကို ထောက်ပံံ့ပေးပါတယ်။ ရေလိုအပ်မှုက အသက်အရွယ်၊ လှုပ်ရှားနိုင်မှုအဆင့်၊ ကျန်းမာရေးအပါအဝင် ကဏ္ဍတွေပေါ်မူတည်နေပါတယ်။

Ref: home remedies for mosquito bites and itches

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top