တယ်လီနောရဲ့ဆဋ္ဌမအကြိမ်မြောက် ရေရှည်တည်တံ့သော စီးပွားရေး ဆောင်ရွက်ချက်များ ဆိုင်ရာ ရှင်းလင်းပွဲကျင်းပ

Photo-1_Telenor-6th-Sustainability-Briefing-e1553497409675.jpg

တယ်လီနောမြန်မာရဲ့ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းရေရှည်တည်တံ့စေရေးဆောင်ရွက်ချက်တွေနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ် မတ်လ (၂၂) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တယ်လီနောမြန်မာမှ လက်ရှိဆောင်ရွက်နေတဲ့အစီအစဉ်တွေ၊ အသစ်ထပ်မံ လုပ်ဆောင်နေတဲ့အစီအစဉ်တွေနဲ့ စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့ပါတယ်။ အခမ်းအနားမှာ ဒစ်ဂျစ်တယ်လူမှုအသိုင်းအဝန်းဆီ ရည်မှန်းဦးတည်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအတွင်းက အဓိကကျတဲ့နယ်ပယ်ကဏ္ဍတွေမှာ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို တယ်လီနောမှ တာဝန်သိစွာဆောင်ရွက်သွားမဲ့အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

တယ်လီနောမြန်မာမှ အဓိကလုပ်ဆောင်နေတဲ့ နယ်ပယ်ကဏ္ဍတွေမှာ မိုဘိုင်းကွန်ရက်ချိတ်ဆက်မှု၊ ပြည်တွင်းစီးပွားရေးကဏ္ဍအပေါ်အကျိုးသက်ရောက်မှု၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေကို ထောက်ပံ့တဲ့ လုပ်ငန်းစဉ် (Supply Chain) တစ်လျှောက် မှန်ကန်စွာ ဆောင်ရွက်မှု၊ ဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာအဆင့်မြှင့်တင်မှု၊ တိုင်းရင်းသားဒေသတွေမှာ လုပ်ငန်းလုပ်ဆောင်မှု၊ အမုန်းစကားဖြန့်ဖြူးမှုတိုက်ဖျက်ရေးနဲ့လူ့အသိုင်းအဝန်း ပိုမိုအဆင့်မြင့်မား လာစေရန်လုပ်ဆောင်မှုတွေ အစရှိတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် တယ်လီနောမြန်မာဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားတဲ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၀) ဖြစ်တဲ့မညီမျှမှုတွေကို လျှော့ချရေးဆိုတဲ့ရည်မှန်းချက် ပြည့်မှီရန် အတွက် ရည်သန် လုပ်ဆောင်လျက်ရှိပါတယ်။ ကမ္ဘာတဝန်းမှ ငယ်ရွယ်ထက်မြက်တဲ့လူငယ်တွေကို စုစည်းပြီး ကမ္ဘာတဝန်းမှာ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်နေတဲ့ တယ်လီနောလူငယ်ဖိုရမ်က မညီမျှမှုတွေကို လျှော့ချရေး အတွက် တယ်လီနောရဲ့ ရည်သန်လုပ်ဆောင်မှု သာဓကတစ်ခုဖြစ်ပါတယ်။ အလားတူစွာပဲ တယ်လီနောက မကြာသေးမီကလည်း ကလေးငယ်တွေအကြား အခွင့်အလမ်းမညီမျှမှုတွေ လျှော့ချနိုင်ရန် ရည်ရွယ်ပြီး ယူနီဆက်နဲ့ နောက်ထပ် (၃) နှစ်တာ ဆက်လက် လုပ်ဆောင်သွားရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။

အဲဒီနေ့က ရှင်းလင်းတင်ပြမှုတွေနဲ့သက်ဆိုင်တဲ့ဗီဒီယို၊ ရုပ်သံနဲ့အခြားအချက်အလက်တွေကို တယ်လီနောမြန်မာရဲ့တရားဝင် ဝက်ဘ်ဆိုက်ဒ်တွေမှာ မကြာမီ ရယူကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

ရှင်းလင်းပွဲအတွင်း အဓိကပြောကြားသွားသော အချက်အလက်တစ်ချို့ကတော့

  • ဆက်သွယ်ချိတ်ဆက်မှု
  • ပြည်တွင်းစီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှု
  • ဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု
  • သက်ဆိုင်ရာ အာဏာပိုင်များ၏ အချက်အလက်တောင်းခံချက်
  • တိုင်းရင်းသားဒေသများတွင် လုပ်ငန်းလုပ်ဆောင်မှု
  • အမုန်းစကားဖြန့်ဖြူးမှု တိုက်ဖျက်ရေး
  • လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ပေးခြင်းတို့ပဲဖြစ်ပါတယ်။

တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com သို့ ဝင်ရောက်လေ့လာနိုင်သလို တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm သို့ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top