Apple ရဲ့ အဆင့်မြှင့်တင်ထားတဲ့ MacBook တွေကို ဈေးလျော့ရောင်းချပေးတော့မည်

MacBook-Pro-and-MacBook-Air-updated.jpg

Apple ဟာ လွန်ခဲ့တဲ့လအနည်းငယ်လောက်က Premium Macbook pro တွေကို upgrade တွေလုပ်ပေးပြီးတဲ့နောက် အခုလည်း “ back to school” season အတွက် MacBook pro 13” နဲ့ MacBook air တွေကို အဆင့်မြှင့်တင်မှုတွေ ထပ်မံပြုလုပ်ပေးလိုက်ပါတယ်။

အရင်က Touch bar မပါတဲ့ base 13” Macbook pro မှာ touch bar နဲ့ touch ID ပါဝင်လာပြီး dual-core CPU နေရာမှာ 8th gen quad-core Intel Core i5(coffee lake) processor ကို ထည့်သွင်းပေးလိုက်ပါတယ်။ ဒီလိုအဆင့်မြှင့်တင်ထားတဲ့ base model ရဲ့ 128 GB SSD version ကို ဒေါ်လာ (၁၃၀၀) နဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး Core i7 version ကတော့ ဒေါ်လာ (၁၆၀၀) လောက်ကျသင့်ပါလိမ့်မယ်။ RAM တွေ Storage တွေကိုလည်း ကိုယ်လိုအပ်သလောက်ပမာဏထိ ထပ်တိုးလို့ရမှာပါ။

သတိထားရမှာက ဒီ Macbook Pro တွေမှာလည်း Keyboard ပြဿနာရှိနေဆဲဖြစ်တဲ့ butterfly switch တွေကို ဆက်သုံးထားတာဖြစ်ပြီး USB C port ကလဲ (၂) ပေါက်ပဲ ပါပါတယ်။ Apple အနေနဲ့ 2019 MacBook Air နဲ့ 2020 MacBook Pro တွေမှာ butterfly keyboard ကိုစွန့်လွှတ်ပြီး scissor switch keyboard တွေကို ပြန်သုံးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိလို့ နေပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ဒီ Macbook Pro နဲ့ MacBook Air တွေရဲ့ retina display မှာ ပတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီး color temperature ချိန်ညှိပေးတဲ့ True Tone display ပါဝင်လာတာပါပဲ။

Apple MacBook တွေထဲမှာ air ထက် ပိုပါးပြီး ပိုပေါ့တဲ့ 12” Macbook pro ကိုတော့ ထုတ်လုပ်မှုရပ်ဆိုင်းထားပါပြီ။ အဲဒီ model ရဲ့နေရာကို MacBook Air 2018 က နေရာဝင်ယူလိုက်တယ်လို့ ဆိုရပါမှာပါ။ 2012 မှာ ထုတ်လုပ်မှုရပ်ဆိုင်းလိုက်တဲ့ 17 inch MacBook pro တွေကိုလည်း ပြန်တွေ့လာရနိုင်တယ်ဆိုတဲ့သတင်းတွေလည်း ထွက်နေပါသေးတယ်။ ဒါပေမဲ့ ဒီတစ်ခါပြန်ထွက်လာမှာက 17 inches မဟုတ်တော့ဘဲ 16 inches ဖြစ်ဖို့က ပိုများနေပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ MacBook အသစ်တွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး အွန်လိုင်းအရောင်းဆိုင်တွေနဲ့ Apple Store တွေမှာ ဝယ်ယူလို့ရနေပါပြီ။ MacBookတွေကို ဝယ်ယူမယ့်ကျောင်းသားတွေအနေနဲ့ ပုံမှန်ရောင်းဈေး ၃၄၉. ၉၅ ဈေးရှိတဲ့ ကြိုးမဲ့နားကြပ်တစ်စုံကိုပါ အခမဲ့ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

လျော့ချလိုက်တဲ့ဈေးအရ MacBook ကို ဒေါ်လာ ၁၀၉၉ နဲ့ ဝယ်ယူနိုင်မှာဖြစ်သလို ကောလိပ်ကျောင်းသားတွေဆိုရင်တော့ အထူးလျော့ဈေးဖြစ်တဲ့ ဒေါ်လာ ၉၉၉ နဲ့ ဝယ်ယူလို့ရမှာဖြစ်ပါတယ်။

Ref: CNBC “Apple lowers prices on the MacBook Air and MacBook Pro and adds new features”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top