“စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” အမည်ဖြင့်  ကျန်းမာရေးနှင့် ညီညွတ်မှုရှိသော ပေါင်မုန့်၊ ကိတ်မုန့်နှင့် အစာသွပ်မုန့်မျိုးစုံကို BreadTalk မှ မိတ်ဆက်

Mochi-Macha-Roll_Credit-to-BreadTalk.jpg

BreadTalk Myanmar မှ မကြာမီ ရောက်ရှိလာတော့မည့် မြန်မာ့နှစ်သစ်ကို စားသုံးသူများနှင့်အတူ ကြိုဆိုဂုဏ်ပြုသောအားဖြင့်

အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ရောင်းချသွားမည့် အရောင်အသွေးစုံလင်ပြီး လန်းဆန်းတက်ကြွစေသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်မှုရှိသော ပေါင်မုန့်နှင့် ကိတ်မုန့်မျိုးစုံကို ယနေ့ စတင် မိတ်ဆက်လိုက်ပါသည်။ “စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” အမည်ဖြင့် အရေအတွက် ကန့်သတ်ထားသည့် မုန့်မျိုးစုံကို BreadTalk Myanmar ၏ ရန်ကုန်ဆိုင်ခွဲများ ဖြစ်သော Junction City နှင့် Junction Square ဘေးရှိ Crystal Tower ဆိုင်ခွဲများတွင် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ရောင်းချပေးသွားမည် ဖြစ်ပါသည်။

“စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” ဆိုသည်မှာ မျှော်လင့်ချက်၊ ဘဝနှင့် ကောင်းသော အပြောင်းအလဲများ စတင်ပေါက်ဖွားလာသည့် သင်္ကေတ တစ်ခုဖြစ်သောကြောင့် မြန်မာတို့၏ နှစ်သစ်ကို ကျန်းမာရွှင်လန်းစွာ စတင်နိုင်ရန် ရည်ရွယ်ပြီး စားသုံးသူများအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်သွားမည့် မုန့် ၁၄ မျိုးပါဝင်သော အထူးထုတ်ကုန်သစ် ဖြစ်ပါသည်။ အဆိုပါ မုန့်မျိုးစုံကို BreadTalk ကိုယ်ပိုင် ထိပ်တန်းစားဖိုမှူးများက လှပသော အပင်နှင့် ပန်းပွင့်များ၏ တောက်ပသည့် အရောင်မျိုးစုံကို ခံစားပုံဖော်ကာ BradTalk အမှတ်တံဆိပ်မှ အလေးထားသည့် တီထွင်ဆန်းသစ်မှုများဖြင့် ပေါင်းစပ် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ထို့အပြင် “စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” မုန့်များတွင် ကျန်းမာသော လူနေမှုဘဝနှင့် စားသောက်မှုပုံစံတို့ကို တိုက်တွန်းအားပေးနိုင်ရန်အတွက် ကျန်းမာရေး အထောက်အကူပြု ပါဝင်ပစ္စည်းများကို အဓိက အသုံးပြုထားပါသည်။

“မြန်မာ့နှစ်သစ်ကို ကျွန်မတို့ရဲ့ “စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” မုန့်တွေနဲ့အတူ ကြိုဆိုဂုဏ်ပြုနိုင်လို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ စားသုံးသူတွေ ကျွန်မတို့ရဲ့ BreadTalk ဆိုင်ခွဲတွေထဲကို ဝင်လာလိုက်တာနဲ့ ပေါင်မုန့်နဲ့ ကိတ်မုန့်တွေရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေက အမြင်အာရုံကို ဖမ်းစားထားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် ဒီတစ်ခေါက် မုန့်အသစ်တွေကို သံလွင်ဆီစစ်စစ်၊ လီမွန်၊ စပျစ်သီးခြောက်၊ pistachio အစေ့၊ ဘယ်ရီသီးခြောက်၊ ခရမ်းချဉ်သီး၊ ဖရုံသီး နဲ့ ဖရုံစေ့ စတာတွေလိုမျိုး အရည်အသွေးကောင်းပြီး အရသာရှိတဲ့အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမယ့် ပါဝင်ပစ္စည်းတွေ အသုံးပြုထားပါတယ်။ ဒီ မုန့်လေးတွေဟာ တစ်ကယ့်ကို အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့အတိုင်းပါပဲ။ ကျွန်မတို့ရဲ့ စားသုံးသူတွေကို BreadTalk ရဲ့ အရသာသစ်၊ ဖန်တီးမှုအသစ်၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ မုန့်အသစ်တွေကို လာရောက် မြည်းစမ်းကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်” ဟု BreadTalk Myanmar မှ Marketing Manager ဖြစ်သူ ဒေါ်ဆုမြတ်နိုးက ပြောသည်။

“စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” မုန့်မျိုးစုံ

“စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” ပေါင်မုန့်နှင့် အစာသွပ်မုန့်များကို ၁,၂၀၀ ကျပ်မှ ၁,၄၀၀ ကျပ်အထိ ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ပြီး ကိတ်မုန့်လိပ်၊ ပေါင်မုန့်လုံးနှင့် ကိတ်မုန့်များကို ၃,၂၀၀ ကျပ်မှ ၂၉,၈၀၀ ကျပ်အတွင်း ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

လန်းဆန်းမှုနှင့် ချိုမြိန်သည့် အရသာ နှစ်သက်သည့် စားသုံးသူများအတွက် သခွားမွှေး အရသာ အုပ်ထားပြီး ကိုက်လိုက်တိုင်း ချောကလက်ခရင်မ်များ ဖြည်းဖြည်းချင်းစိမ့်ထွက်လာမည့် Lazy Bug ပေါင်မုန့် (၁,၂၀၀ ကျပ်) သို့မဟုတ် သကြားမှုန့် ဖြူးထားပြီး ကြွပ်ရွသည့် မုန့်သားတွင် လန်းဆန်းသွားစေမည့် လီမွန် ချိုချဉ်အရသာ ဖြည့်တင်းထားသော Lemon Leaf (၁,၃၀၀ ကျပ်) တို့ကို ရွေးချယ်စားသုံးနိုင်ပါသည်။

ကျန်းမာရေးနှင့် ညီညွတ်သော အဆာပြေမုန့် ရွေးချယ်လိုသည့် စားသုံးသူများအတွက် အကောင်းဆုံး သံလွင်ဆီစစ်စစ်၊ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီး အချပ်လေးများနှင့် မှိုဖူးများ ရောစပ်ထားသော ကျန်းမာရေး ပီဇာမုန့် Foccacia Tomato & Mushroom (၁,၂၀၀ ကျပ်) သို့မဟုတ် အမျှင်ဓာတ် ကြွယ်ဝသော ရွှေဖရုံသီး အပြည့်နှင့် ပြုလုပ်ထားပြီး ကြွပ်ရွသော ရွှေဖရုံသီး အစေ့များ ဖြူးထားသည့် Golden Pumpkin bun (၁,၃၀၀ ကျပ်) ကို ရွေးချယ်သုံးဆောင်နိုင်ပါသည်။

မုန့်အသစ်မျိုးစုံတွင် ကျန်းမာရေး အထောက်အကူပြု ပေါင်မုန့်လုံးများလည်း ပါဝင်ပြီး အင်တီအောက်ဆီးဒန့် ကြွယ်ဝသော ဂျပန်နိုင်ငံမှ လက်ဖက်စိမ်းမှုန့်နှင့် ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်သော အမျှင်ဓာတ် ပြည့်ဝသည့် adzuki ပဲလုံးများ ပေါင်းစပ်ထားသည့် Mountain Green Tea Toast (၃၉၀၀ ကျပ်) ကို ရရှိနိုင်ပါသည်။ ထပ်မံပြီး အင်တီအောက်ဆီးဒန့် ပါဝင်မှု မြင့်မားသည့် ဖရုံစေ့နှင့် အမျှင်ဓာတ်များစွာ ရရှိနိုင်သည့် ဖရုံသီးအနှစ်ဖြင့် ပြုလုပ်ထားသည့် Pumpkin Toast (၃၅၀၀ ကျပ်) ကိုလည်း ရွေးချယ်စားသုံးနိုင်ပါသည်။

‘Edible Spring Garden’ series တွင် ကိတ်မုန့်ချစ်သူများအတွက် Crater Cheese Honey Cake (၃၂၀၀ ကျပ်) သည် ပျားရည်အနည်းငယ်ပါသော ကိတ်သားပေါ်တွင် ချိစ်ခရင်မ် အပြည့်ဖြည့်ထားပြီး အချိုနဲ့အချဉ် အရသာကိုလှလှပပ ပေါင်းစပ်သွားစေတဲ့ ကိတ်မုန့်ဖြစ်ပါသည်။

ကိတ်မုန့်လိပ်နှင့် ကိတ်မုန့် ချစ်သူများအတွက် ပျားလိမ္မော် စစ်စစ်ဖြင့် ဖန်တီးထားသည့် ဗီတာမင်စီ များစွာပါဝင်သော Honey Orange Roll (၅,၃၀၀ ကျပ်) နှင့် ဂျပန် လက်ဖက်စိမ်းမှုန့်၊ ပဲနီ၊ နူးညံ့သော ဆန်မုန့်နှင့် နယူးဇီလန် ခရမ်ချိစ်များဖြင့် ပြုလုပ်ထားသော Mochi Matcha Roll (၅,၃၀၀ ကျပ်) ကိတ်မုန့်လိပ်များကို ယခု မုန့်အသစ် မျိုးစုံတွင် ထည့်သွင်းရောင်းချပေးမည် ဖြစ်ပါသည်။ စတော်ဘယ်ရီ နှစ်သက်သော စားသုံးသူများအနေဖြင့် ချိစ်နှင့် စတော်ဘယ်ရီ mousse ခရင်မ်များကို ဗီနီလာအနံ့သင်းသင်းလေးပါသည့် ချီဖွန်ကိတ်သားနှင့်အတူ တမူထူးခြားစွာ ပေါင်းစပ်ထားသော Strawberry Bliss ကိတ်ကို (ပုံမှန်အရွယ်အစား ၁၉၈၀၀ ကျပ်၊ အထူးအရွယ်အစား ၂၉၈၀၀ ကျပ်) ဖြင့် ဝယ်ယူစားသုံးနိုင်ပါသည်။

“စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” အထူး ပရိုမိုးရှင်းအစီအစဉ်များ

“စားသုံးနိုင်တဲ့ နွေပန်းဥယာဉ်” မုန့်မျိုးစုံကို ဝယ်ယူအားပေးသော စားသုံးသူများအတွက် BreadTalk မှ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ အောက်ပါ ပရိုမိုးရှင်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။- Lazy Bug, Foccacia Tomato သို့မဟုတ် Coconut Promise မုန့်သုံးမျိုးကို မည်သည့် အမျိုးအစားဖြစ်စေ သုံးခုဝယ်ပါက ၃၂၀၀ ကျပ် (၄၀၀ ကျပ်လျော့ဈေး)- Golden Pumpkin, Lemon Leaf သို့မဟုတ် Abundance ပေါင်မုန့်မျိုးစုံတို့အတွင်း မည်သည့် အမျိုးအစားဖြစ်စေ သုံးခုဝယ်ပါက ၃၅၀၀ ကျပ် (၄၀၀ ကျပ်လျော့ဈေး)- Mochi Matcha Roll သို့မဟုတ် Honey Ornage Roll တို့တွင် မည်သည့် အမျိုးအစားဖြစ်စေ နှစ်ခုဝယ်ယူပါက ၉၅၀၀ ကျပ် (၁၁၀၀ ကျပ်လျော့ဈေး)

BreadTalk သည် အလတ်ဆတ်ဆုံး၊ အရည်သွေး အမြင့်ဆုံးဖြစ်သော အစားအသောက်များကို ရောင်းချနိုင်ရန်အတွက် အစဉ်အမြဲ အလေးထားလျက်ရှိပါသည်။ မုန့်လုပ်သည့်နေရာတွင် အသုံးပြုသော ပစ္စည်းများသည် ဂျပန်နိုင်ငံမှ ဂျုံမှုန့်နှင့် နယူးဇီလန်နိုင်ငံမှ သန့်စင်သော ထောပတ် အစရှိသော အရည်အသွေးမြင့်သည့် သဘာဝကုန်ကြမ်းများကိုသာ တင်သွင်းထားခြင်း ဖြစ်သည်။ မုန့်ဖုတ်သည့် လုပ်ငန်းအဆင့်ဆင့်တွင်လည်း ဓာတုဗေဒ ဖြည့်စွက်ပစ္စည်းများ၊ တာရှည်ခံဆေးများကို အသုံးမပြုပဲ ထုတ်လုပ်ထားပါသည်။

ဝယ်ယူစားသုံးသူများ နေ့စဉ်နှင့်အမျှ အရသာ အသစ်အသစ်များကို မြည်းစမ်းနိုင်ရန်အတွက် BreadTalk က ရာသီအလိုက် ဖန်တီးမှုများ ပြုလုပ်ခြင်းဖြင့် ကြိုးပမ်းလျက်ရှိပါသည်။ စတင်တည်ထောင်ချိန်မှစ၍ ရရှိနိုင်သော မုန့်အမျိုးအစား စာရင်းကို ပိုမိုကျယ်ပြန့်အောင် ချဲ့ထွင်နိုင်ခဲ့ပြီး အမျိုးအစားအသစ်ပေါင်း ၁,၀၀၀ ကျော်ကို ဖန်တီးနိုင်ခဲ့သည်။ ယခုကဲ့သို့သော အားရကျေနပ်ဖွယ်ကောင်းသည့် အောင်မြင်မှုကို ပူးပေါင်း လက်တွဲမှုများ ဖန်တီးခြင်း၊ နည်းပညာအသစ်များ၊ လှုံ့ဆော်မှုအသစ်များ၊ အရသာအသစ်များကို အစဉ်မပြတ် ရှာဖွေခြင်းအားဖြင့် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော BreadTalk နှင့် ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက BreadTalk Myanmar ၏ Facebook စာမျက်နှာဖြစ်သောhttps://www.facebook.com/breadtalkmyanmar တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top