ဗြိတိန်နိုင်ငံရဲ့သက်တမ်းအကြာဆုံးဆန်တာကလော့စ်ဖြစ်တဲ့ အမျိုးသားတစ်ဦးဟာ ခရစ္စမတ်ရောက်တိုင်း ကလေးတွေဆီ လက်ဆောင်တွေယူဆောင်လာပေးခဲ့ပါတယ်။ အခုဆို သူ ဆန်တာကလော့စ်ဖြစ်ခဲ့တာ နှစ် (၆၀) ပြည့်မြောက်ခဲ့ပါပြီ။ သူက အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ရေးလ် ဟူလ်ဆဲဆိုသူပါ။
![](https://yoyarlay.com/wp-content/uploads/2022/12/7-12-2022-yyl-03.jpg)
ရေးလ်ဟာ ၁၉၆၂ ခုနှစ် အသက် ၁၈ နှစ်ကတည်းက ခရစ္စမတ်ဘိုးဘိုးဝတ်စုံဝတ်ဆင်ပြီး ကလေးတွေကို လက်ဆောင်တွေ ပေးခဲ့တာပါ။ သူက ရွှင်မြူးနေတဲ့ ချစ်စရာဆန်တာကလော့စ် (ခရစ္စမတ်ဘိုးဘိုး) အဖြစ် ဝတ်ဆင်ပြီး ကလေးတွေဆီ လက်ဆောင်တွေယူဆောင်လာပေးဖို့ တစ်နှစ်မှ မပျက်ကွက်ခဲ့ပါဘူး။ ကိုဗစ်ကပ်ရောဂါအတွင်းမှာတောင် အခြားသူတွေနဲ့ ၆ ပေအကွာမှာ နေတဲ့စည်းမျဉ်းကို လိုက်နာပြီး လက်ဆောင်တွေ ယူဆောင်လာပေးခဲ့တာပါ။
![](https://yoyarlay.com/wp-content/uploads/2022/12/7-12-2022-yyl-04.jpg)
သူက ခရစ္စမတ်အချိန်အခါရောက်ရင် ဆန်တာကလော့စ်အဖြစ် ကျောင်းတွေ၊ စူပါမားကတ်နဲ့ကျေးရွာတွေ သွားရောက်လည်ပတ်လေ့ရှိခဲ့ပြီး ပရဟိတအတွက် ပေါင် ၅၅၀၀၀ ကျော် ရန်ပုံငွေရှာပေးခဲ့ပြီးပါပြီ။ အခု သူက ဆန်တာကလော့စ်ဖြစ်ခဲ့တာ နှစ် (၆၀) ပြည့်မြောက်ခဲ့တာကြောင့် ဗြိတိန်မှာရော တစ်ကမ္ဘာလုံးမှာပါ သက်တမ်းအကြာဆုံးဆန်တာကလော့စ်ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။
![](https://yoyarlay.com/wp-content/uploads/2022/12/7-12-2022-yyl-05.jpg)
နှစ် ၆၀ တိုင်တိုင် ဆန်တာကလော့စ်အဖြစ် ရေးလ်လုပ်ဖြစ်ခဲ့တာက သူဟာ ငယ်ဘဝကို ကောင်းကောင်းဖြတ်သန်းခဲ့ရတာမဟုတ်တဲ့အတွက် သူ့လိုငယ်ဘဝနဲ့မတူအောင် အခြားကလေးတွေကို ခရစ္စမတ်အချိန်အခါ တွေ့ကြုံခံစားစေချင်တာကြောင့်ပါ။ ကလေးတွေဆီ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးနိုင်တာကြောင့်လည်း ဆန်တာကလော့အဖြစ် လုပ်ဖြစ်ခဲ့ပါတယ်။ သူ ရခဲ့တဲ့ဆုလာဘ်ကတော့ ကလေးတွေရဲ့မျက်နှာပေါ်က ပျော်ရွှင်မှုတွေနဲ့ သူတို့ရဲ့မျက်လုံးထဲမှာ တလက်လက်တောက်ပမှုတွေကို မြင်တွေ့ရတာပါပဲ။
![](https://yoyarlay.com/wp-content/uploads/2022/12/7-12-2022-yyl-06.jpg)
![](https://yoyarlay.com/wp-content/uploads/2022/12/7-12-2022-yyl-07.jpg)
ရေးလ်ဟာ Hope House Children’s Hospices အဖွဲ့အစည်းအတွက်လည်း လွန်ခဲ့တဲ့ နှစ် ၃၀ လုံးရန်ပုံငွေရှာပေးနေခဲ့တာပါ။ ဆန်တာကလော့စ်အဖြစ် ကလေးတွေနဲ့တွေ့ဆုံရတာ နှစ်သက်တဲ့အတွက် သူ့ခန္ဓာကိုယ်က ခွင့်ပြုသရွေ့တော့ ဆန်တာကလော့စ်အဖြစ် ဆက်လုပ်သွားမယ်လို့ ရေးလ်က ပြောပါတယ်။
Ref: TheMirror “Britain’s ‘longest-serving Santa’ celebrates 60th year of bringing Christmas magic to kids”
WL(ရိုးရာလေး)