ဗြိတိန်ရဲ့ အသက်ငယ်ဆုံးဘတ်စ်ကားမောင်းသမားဖြစ်လာတဲ့ ဆယ်ကျော်သက်

8.3.2023-yyl-iamge-8.jpg

ဆယ်ကျော်သက်ကောင်လေး လုခ် ဘရောင်းဟာ အသက် ၁၈ နှစ်မှာ ယာဥ်မောင်းစာမေးပွဲဖြေဆိုပြီးနောက် ဗြိတိန်ရဲ့အသက်ငယ်ဆုံးဘတ်စ်ကားမောင်းသမားဖြစ်လာခဲ့ပါတယ်။ အခုဆို သူဟာကိုဗင်ထရီမြို့မှာ National Express အတွက် အရည်အချင်းပြည့်မီတဲ့ဘတ်စ်ကားမောင်းသမားဖြစ်နေပါပြီ။ ကားမောင်းတာနဲ့ပတ်သက်ပြီး အရာအားလုံးနှစ်သက်သဘောကျတယ်လို့ လုခ်က ဆိုပါတယ်။


လုခ်ကို ဘတ်စ်ကားမောင်းသမားအဖြစ် နှစ် ၂၀ ကျော်အလုပ်လုပ်ခဲ့တဲ့ သူ့အဖေ စတောက့်တ်က လှုပ်ဆော်ပေးခဲ့တာပါ။ သူက ယာဥ်မောင်းသင်တန်းပြီးမြောက်ပြီးနောက် Passenger Carry Vehicle (PCV) လိုင်စင်ကို ပထမဆုံးအကြိမ်အဖြစ် အမှားအယွင်းမရှိဘဲ အောင်မြင်ခဲ့တာပါ။

လူတွေကို တစ်နေရာကနေတစ်နေရာဆီ သွားလာနိုင်အောင် ကူညီပေးရင်းနဲ့ သူ့အဖေနဲ့အလုပ်လုပ်ရတာက အလုပ်သစ်နဲ့ပတ်သက်ပြီး အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ လုခ်က ဆိုပါတယ်။

အမှားအယွင်းမရှိဘဲ ယာဥ်မောင်းစာမေးပွဲအောင်မြင်ခဲ့အတွက် အရမ်းကောင်းတယ်၊ စာမေးပွဲအတွက် အချိန်အများကြီးပေးပြီး လေ့ကျင့်ရတဲ့အတွက် သူ့ရဲ့ ကြိုးစားအားထုတ်မှု အောင်မြင်သွားတာကို သိရတာ အရမ်းကျေနပ်မိတယ်လို့လည်း သူက ပြောပါတယ်။

အသက် ၁၈ နှစ်မှာ အမှားအယွင်းမရှိဘဲ PCV လိုင်စင်ကို အောင်သွားတာက အဓိကအောင်မြင်မှုတစ်ခုဖြစ်တယ်၊ နှစ်တိုင်း ယာဥ်မောင်းသင်တန်းတက်တဲ့သူ ရာချီရှိပြီး အဲ့ဒီထဲက ၂ ယောက် ၃ ယောက်လောက်ပဲ စာမေးပွဲကို အမှားအယွင်းမရှိဘဲ အောင်မြင်ကြတယ်လို့ National Express Coventry က ယာဥ်မောင်းလေကျင့်ရေးအရာရှိက ဆိုပါတယ်။

ကိုဗင်ထရီမှာ အချိန်ပြည့်ယာဥ်မောင်းတစ်ဦးက ပေါင် ၂၈၅၀၀ ရပါတယ်။ အချိန်ပိုလုပ်ရင် ဒီထက်ပိုရကြပါတယ်။

Ref: Britain’s youngest bus driver takes to roads at just 18 after passing test with no minors

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top