တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးလှုပ်ရှားမယ့်အစီအစဉ်ကို မြောက်ကိုရီးယားဆိုင်းငံ့

24-6-2020-yyl-008.jpg

တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးလှုပ်ရှားမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ပြည်ပြေးတွေက မိုးပျံပူဖောင်းတွေမှာ မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ချိတ်ဆွဲဖြန့်ဝေဖို့ စီစဉ်နေလို့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မောက်ကိုရီးယားနိုင်ငံဘက်က ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယားနိုင်ငံက နှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲခဲ့ပြီး စစ်ရေးကင်းမဲ့ဇုန်ကို စစ်သည်တွေ စေလွှတ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဦးဆောင်ခဲ့တဲ့အစည်းအဝေးမှာ စစ်ရေးလှုပ်ရှားမယ့်အစီအစဉ်ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။

ယေဘုယျအခြေအနေကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့တာလို့ မြောက်ကိုရီးယား စစ်တပ်ဗဟိုကော်မရှင်က ပြောပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ စိုက်ထူခဲ့တဲ့ အသံချဲ့စက်တွေကိုလည်း စတင်ဖယ်ရှားနေပြီလို့ တောင်ကိုရီးယားနိုင်ငံအခြေစိုက် ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။ ပုံမှန်အားဖြင့် မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားဆန့်ကျင်ရေးစကားသံတွေ ကြေညာဖို့အတွက် အသံချဲ့စက်တွေ အသုံးပြုလေ့ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top