စပိန်နိုင်ငံက ပန်းခြံတစ်ခုမှာ ဝက်ဝံညိုကို နှစ်ပေါင်း (၁၅၀)အကြာမှ ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရ

5-5-2020-yyl-009.jpg

စပိန်နိုင်ငံမြောက်ပိုင်းက အမျိုးသားပန်းခြံတစ်ခုမှာ ဝက်ဝံညိုတစ်ကောင်ကို ပထမဆုံးအကြိမ် ကင်မရာမှာ ရိုက်ကူးထားမိခဲ့ပါတယ်။ အသက် (၃) နှစ်နဲ့ (၅) နှစ်ကြားရှိတဲ့ အညိုရောင်အဆင်းရှိတဲ့ ဝက်ဝံထီးကဟာ နှစ်ပေါင်း (၁၅၀) အကြာမှာ အမျိုးသားပန်းခြံကို ရောက်ရှိလာတဲ့ ပထမဆုံးဝက်ဝံဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဝက်ဝံမျိုးက ပန်းခြံမှာ ဆောင်းရာသီတစ်တွင်းလုံး နေထိုင်ကျက်စားကြပြီး ၁၉၇၃ခုနှစ်ကတည်းက စပိန်နိုင်ငံမှာ ကာကွယ်ထိန်းသိမ်းခံရတဲ့မျိုးစိတ်ဖြစ်ပါတယ်။

စပိန်နိုင်ငံက Invernadeiro National Park က ဝံပုလွေ၊ သမင်နဲ့ တောဝက်တွေအတွက် နေထိုင်ရာဖြစ်ပေမဲ့ ဝက်ဝံတစ်ကောင်က နှစ်ပေါင်း (၁၅၀) အကြာမှာ အဲဒီမှာ နေထိုင်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ အဲဒီဝက်ဝံက ဒီဒေသမှာ ရှိနေရတာက နှစ်စဉ်လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်ကြောင့်ဖြစ်ပါတယ်။ ပန်းခြံရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအေဂျင့်တွေရဲ့အဆိုအရ ဝက်ဝံညိုက Invernadeiro မှာ ဆောင်းရာသီတစ်တွင်းလုံး သေချာပေါက် နေထိုင်ကျက်စားပြီးသွားပြီလို့ဆိုပါတယ်။ ဒီနေရာက အနာဂတ်မှာလည်း အခြားမျိုးစိတ်တွေအတွက် သင့်တော်မှုရှိနိုင်တယ်လို့လည်း ဒေတာတွေက ပြထားပါတယ်။

နှစ်အကြာကြီး လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းစဉ်ပြီးတဲ့နောက်မှာ ဝက်ဝံညိုကို အဆင်ပြေတဲ့နေထိုင်ကျက်စားရာနေရာရှာနိုင်ဖို့အတွက် Invernadeiro ပန်းခြံက ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံနဲ့စပိန်နိုင်ငံကြားမှာ ဝက်ဝံတွေ နေထိုင်ကျက်စားနိုင်ဖို့အတွက် EU ပရောဂျက်ရဲ့ တစ်စိတ်တစ်အပိုင်းအနေနဲ့ ဝက်ဝံညိုတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ် (၂) စုကျော်က ဒီဒေသမှာ ထားရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Goait လို့ အမည်ရတဲ့ အဲဒီလိုဝက်ဝံမျိုးကို၂၀၁၆ခုနှစ်မှာ အဲဒီဒေသကို ယူဆောင်လာပြီးကတည်းက အငြင်းပွားစရာတွေဖြစ်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကျော်က သိုး၊ ဆိတ်တွေ၊ မြင်းတွေအပါအဝင် မွေးမြူရေးတိရစ္ဆာန်တွေကို အဲဒီဝက်ဝံက သတ်ပစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ လကမှ Gistain Valley မှာသိုး (၄) ကောင်ကို စားပစ်ခဲ့ပါတယ်။ သူ့ကို သွေးဆာလောင်နေတဲ့ဝက်ဝံလို့ ခေါ်ကြပါတယ်။ Catalan regional goverment ရဲ့ဒါရိုက်တာ ဖာရန် မီရယ်လက်စ်ကလည်း ၂၀၁၈ခုနှစ်မှာ Goait ကို ပြဿနာရှာတဲ့ဝက်ဝံအဖြစ် သတ်မှတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီဝက်ဝံက အပြုအမူကို အရမ်းခန့်မှန်းရခက်တဲ့ဝက်ဝံပါ။ သူက လူတွေအတွက် ရိုင်းစိုင်းတဲ့၊ အန္တရာယ်ရှိတဲ့ဝက်ဝံမဟုတ်ပါဘူး။ ဒါပေမဲ့ မွေးမြူရေးတိရစ္ဆာန်တွေအတွက်တော့ အဆင်မပြေပါဘူး။ ဝက်ဝံတွေအန္တရာယ်ပြုတဲ့တိရစ္ဆာန်အများစုက သိုးနဲ့ ဆိတ်တွေပါပဲ။ သူတို့တွေက နွားသားပေါက်နဲ့ မြင်းသားပေါက်တွေကို တိုက်ခိုက်တာတော့ အရမ်းရှားပါတယ်” လို့ ပြောပါတယ်။

“ကျွန်တော်တို့ သူဟာ ပြဿနာရှာတဲ့ဝက်ဝံအဖြစ် သတ်မှတ်လို့ရမလား (ဒါမှမဟုတ်) မွေးမြူရေးတိရစ္ဆာန်တွေနဲ့ ဝေးရမှာ ထားနိုင်မယ့် အခြားနည်းလမ်းတွေရှိလာဆိုတာကို ကြည့်နေပါတယ်။ တကယ်လို့ သူက ပြဿနာရှာတတ်တဲ့ဝက်ဝံဆိုရင်တော့ ဖြစ်နိုင်ရင် ဖယ်ရှားရပါလိမ့်မယ်” လို့လည်း ဝက်ဝံညိုအကြောင်းကို ဒါရိုက်တာဖာရန်က ဆိုပါတယ်။

Ref: Brown Bear Spotted In Spanish National Park For First Time In 150 Years

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top